9

839 17 0
                                    


အခန်းတွင်းမှအလောတကြီးဖြင့်
ဆင်းလာလေတော့လှေကားရင်းတွင်နေလကောမခင်မူပါရှိလေသည်။

"မခင်မူ!  ဒီခဝါပန်း လက်ကဘာဖြစ်တာလဲ"

ညနက်အချိန်ဖြစ်သလိုတိတ်ဆိတ်နေသညိ့အိမ်ကြီးအတွင်းမှာဟိန်းထွက်နေသည့်ဆရာ့၏ခပ်သြသြ
အသံသည်မခင်မူအားစိုးရိမ်စိတ်ဝင်စေသလိုဖြစ်နေလှသည်။

"ရေနွေး
အပူလောင်တာပါဆရာ"

"ဘာ.....!
ဘယ်တုန်းကလဲ...ဘယ်လိုဖြစ်ပြီး အပူလောင်ရတာလဲ"

"နေ့လည်ကပါဆရာ
အခုနပြောမို့ဆရာအပေါ်ကိုတတ်သွားလိုက်လို့ပါ
ညနေက
ဆရာဖုန်းဆက်တုန်းကမပြောမိတာတောင်းပန်ပါတယ်ဆရာ"

မခင်မူ တောင်းပန်ပေမဲ့
နိုင်းမဟာစည်မှာပိုပို၍စိတ်တိုမိရပါသည်။

"တောက်စ် !ငါကွာ.....ပြော
ဘာကြောင့်လဲ ဘာကြောင့်အပူလောင်တာလဲ"

"နေ့လည်က အိမ်ကိုမခက်သွယ်ရောက်လာပါတယ်ဆရာ
သူရောက်လာတော့ သူပေးတဲ့လက်ဆောင်တွေကိူဆရာ့အခန်းရှေ့မှာသွားထားခိုင်းလို့ထားပေးနေတဲ့ချိန်ဖြစ်သွားတာပါ
သမီးခဝါ ကထမင်းစားနေချိန်မှာ
မခက်သွယ် ကရေနွေးသောက်မယ်ပြောလို့အေးသက်ကိုယူခိုင်းလိုက်တဲ့ချိန်မှသမီးခဝါလက်ပေါ်မတော်တဆဖြစ်သွားပါတယ်ဆရာ"

မခင်မူ စကားဆုံးသည်နှင့်မဟာအံကြိတ်မိလိုက်သည်
ခက်သွယ်ကိုအိမ်ထဲဝင်ခွင့်ပေးလိုက်သည်ကဘယ်သူလဲ...။

"တောက်...!
ေနလ..အေးသက်ဆိုတဲ့ကောင်မကိုခေါ်လာခဲ့စမ်း!
နောက်ပြီး...ဒီနေ့စောင့်တဲ့
ခြံစောင့်ကိုပါ....."

"ဆရာ...."

ကိုယ် စကားပြောနေချိန်ဖြတ်ပြောလိုက်သည့်နေလကြောင့်
ဒေါသများနေလဆီသို့ကျရောက်လာလေတော့သည်။

"ငါပြောနေတယ်!
ဖြတ်မပြောနဲ့ နေလ"

"မဟုတ်ဘူး.. ဆရာ!
အပေါ်မှာ"

နေလ၏အမူယာရယ် စကားရယ်
ကြောင့်ကိုယ် အပေါ်ကိုလှည့်
ကြည့်မိလေတော့
အပေါ်ထပ်မှ ကိုယ်တို့အားငုံ့ကြည့်နေလေသည့်ကလေးမ... ။

ကုိယ်စိတ်တိုစွာဖြင့်အော်လိုက်သည်ကြောင့်နိုးသွားတယ်လားပဲ။
ဒေါသအားအရှိန်ကိုသက်၍နေလနားအားတိုးလာလေကာ....။

ရုန်းတော်မူ Where stories live. Discover now