SA°1°

7.9K 280 8
                                    

"Sean!!ရှင်ဘာတွေ လုပ်နေတာလဲ!!"

သူမကသာ အခန်းထဲသို့ ဒေါသတကြီးဝင်လာခဲ့ပေမဲ့...ထိုအမျိုးသားကတော့ သွေးအေးစွာနဲ့ပင်...

"အို...မာရီရာ ကိုယ်က ဘာတွေလုပ်ထားလို့လဲ"

ပြုံးစစမျက်နှာဘေးနဲ့ ထိုအမျိုးသားဟာ ဘာအပြစ်မှမလုပ်ထားသလိုပင် တည်ငြိမ်နေလေ၏။

သူမဟာ Lavender gemရဲ့ CEOတစ်ယောက်။ Seanနှင့် မိဘချင်းသဘောတူထားတဲ့သူ။ အချင်းရောအချင်းပါ ပြည့်စုံတဲ့သူမကို Seanက ဘာကြောင့်လက်မခံရတာလဲ?? သူမစေ့စပ်ထားတဲ့အမျိုးသားဟာ Hotel ပိုင်ရှင်တစ်ယောက်။Hotelပိုင်ရှင် တစ်ယောက်ကို သူမကဘာလို့ ကပ်တွယ်နေရတာလဲလို့ ထင်ကြမှာပေါ့။ ထိုလူဟာ တရုတ်ပြည်မှာတင်မက အမေရိကအထိပါ စီးပွားရေးစျေးကွက် တည်ထောင်နိုင်သူပင်။ သူဟာ စီးပွားရေးလောကရဲ့ Top-1နေရာမှ အမြဲရပ်တည်နေတဲ့ Godတစ်ပါးပင်။

အနောက်တိုင်းဝတ်စုံသည် အသက်31အရွယ် ထိုအမျိုးသားနှင့် ပိုလိုက်ဖက်နေဟန်။ စူးရဲသောမျက်ဝန်း၊ တောင့်တင်းသော ခန္ဓာကိုယ်ထက်တွင် မြင်တွေ့နေရာသော စမ်းလဲ့လဲ့သွေးကြောများ...နီရဲသောနှုတ်ခမ်းသားတို့အောက်က မှဲ့နက်လေးသည် မိန်းကလေးများ အရှုံးပေးရန် လက်နက်ပင်။

ရည်းစားထည်လဲတွဲတက်ပေမဲ့ ဘယ်သူ့ကိုမှ seanဟာ အိပ်ရာပေါ်ခေါ်မတင်ပေ။ခပ်ရိုင်းရိုင်းပြောရလျှင် သူ့အိပ်ရာနှင့်တန်သူမရှိဟု ထင်မှတ်ထားသူပင်။

"ဟေ့..မာရီရာ.."

ထိုအမျိုးသားကို ငေးမောနေတာ ဘယ်လောက်ထိကြာခဲ့ပြီလဲသူမ မသိ။ ထိုသူဟာ သူမရှိရာ sofaတစ်ဖက်တွင် ခြေချိတ်ထိုင်လျက်...

"အပူလား?အအေးလား?.."

သူမဟာ ပူလောင်နေသလောက် ထိုသူဟာ တည်တည်ငြိမ်ငြိမ်နှင့် ဧည့်ဝတ်ကျေပွန်လာ၏။

"Sean!! Webioက သတင်းတွေကို ငြင်းစာထုတ်ပေး..!"

လက်ညိုးမှာ လက်စွပ်အာ အလှည့်မပြတ်သော ထိုအမျိုးသားသည် ယခုကိစ္စသည် သူ့အတွက် အရေးမပါနေသလိုပင်။

"ကိုယ် ငြင်းစာထုတ်စရာအကြောင်းမရှိဘူး"

သူသည် ပတ်ဝန်းကျင်အမြင်တွေကို ဂရုမစိုက်ပေ။ သူနဲ့ပတ်သတ်သော ကောင်းသတင်း၊ဆိုးသတင်းအားလုံးကို dont careပဲ။ သူတို့ကို attention ပေးရလောက်အောင် သူ့အချိန်​ေတွပေါများ မနေဘူး။ထို့အပြင် Seanသည် အကြောင်းပြချက် ပေးရသည်ကို မုန်းသည်။

Sean's Adorer (Complete) Unde poveștirile trăiesc. Descoperă acum