SA°30°

2.1K 140 9
                                    


ဘယ်လိုလုပ်ရမလဲ သူမနဲ့ကရည်စားဆိုပေမဲ့ ဉပဒေအရ ဆွဲထားနိုင်တာ ဘာမှမရှိပေ။ကိုကိုနဲ့လက်မထပ်နိုင်ဖို့ စဉ်းစားစမ်း...ဟုတ်ပြီ...​ေမာင်က သနားတတ်တယ်။ ဟက်...မောင် အဲလစ်လာပြီ...
.
.
.
"ရှာတွေ့ပြီလား??"

"မတွေ့သေးပါဘူး"

ဘန်ကို ဝန်ကြီးရှောင် ခေါ်ထားပေမဲ့ လူကဘယ်မှာလဲ။ အစအနပင်မရှိ ပျောက်နေရအောင်သေလူလည်းမဟုတ်။ ပြီးတော့ ဘန်လိုလူမျိုးက သူသာbaeနဲ့လက်ထပ်မယ်ဆိုတာ သိလျှင်ငြိမ်နေမည် မဟုတ်ဘူး။ ဘာက လွဲမှားနေရတာလဲ??

"မောင် ပြန်လိုက်ခဲ့!!"

အောက်ထပ်က ဆူညံသံတွေကြောင့် သူ အောက်ထပ်ကိုဆင်းလိုက်စဉ်တွင်...မိန်းမတစ်ယောက်ကိုတောင် မတားနိုင်ဘူးလား။ လုံခြုံရေးက ဒီလောက်ညံဖျင်းရလား...ဘေးက ဂုိဏ်းသားအာ အကြည့်ပို့မိတော့..။

"သခင်လေးဝမ်က ဝင်ခွင့်ပေးလိုက်တာ..."

"Bae..."

"မောင်..."

မျက်ရည်တို့တသွင်သွင် စီးကျရင်း နာကျင်နေသော ထိုမိန်းကလေးသည် bae၏ဘယ်လက်ကိုဆွဲထားသလို သူကလည်း bae၏ညာလိုက်ကို ကိုင်ဆွဲထားလျက်...

"ဉီး..."

Bae၏ မျက်ဝန်းများသည် တောင်းပန်နေဟန်...မရဘူး...ကိုယ့်ကိုထားပြီ သူမနဲ့လိုက်သွားလို့ မရဘူး...

"တောင်း..ပန်...ပါတယ်...မသွားပါနဲ့"

Devilသည် သခင်လေးဝမ်ရှေ့ ဒူးထောက်လို့ မျက်ရည်တွေက မိုးသည်း​ေတွအလား...သခင်လေးဝမ်သည် devil၏ မာနတို့ခစားရ ကောင်းကင်ကျယ်ပင်။

"မောင်...သူ့ကို မောင်လိုဖြစ်စေချင်တာလား...ဟင့်..."

ကိုယ်ဝန်တဲ့လား?? အဖမဲ့သားတဲ့လား?? ဒါတွေဟာ သူနဲ့မဆိုင်ပေမဲ့ သူမဟာ မိန်းကလေးတစ်ယောက် နွားဖားကြိုးထိုးခံရမဲ့ အဖြစ်ပေမဲ့။ မိဘမဲ့ဆိုတဲ့ ဝေါဟာရကို သူကောင်းကောင်းနားလည်ပါတယ်။ ဒါ့အပြင် ဖျက်စီးခံလိုက်ရတာကြောင့် သူမရဲ့အရှက်တရားကလည်း ရှိသေးတယ်လေ~~

"အဲလစ်မှာ....ကျွန်တော်နဲ့ရတဲ့ ကိုယ်ဝန်ရှိနေတယ် ဉီး..."

လိမ်ခဲ့မိလို့ တောင်းပန်ပါတယ်။ ကျွန်တော် ကလေးငယ်တစ်ယောက်ကို မျက်ကွယ်မပြုနိုင်ခဲ့ဘူး။

Sean's Adorer (Complete) Where stories live. Discover now