SA°3°

3.2K 232 15
                                    

"ဒါဆို မင်းကို lunchအစား dinner chef ခန့်မယ်။ မင်းအဆင်ပြေရဲ့လား? အလုပ်ချိန်ကတော့ 6:00/9:00pmထိ။ လစာက U.S dollar 2000"

ဘုရားရေ ဒေါ်လာနှစ်ထောင်သည် တရုတ်ယွမ် 15000 နီးပါးပင်။ လစာက အရမ်းများလွန်းတယ်။(မြန်မာငွေ 41သိန်းကျော်)

"dinner chef ကတော့ အချို့အရေးကြီး ညစာစားပွဲရှိချိန်ဆိုရင် အချိန်ပိုဆင်းရမယ်။ အိမ်ပြန်ဖို့အဆင်မပြေရင် hotel မှာအိပ်ခန်းစီစဉ်ပေးမယ်"

"ဒါဆို ကျွန်တော်အလုပ်စဆင်းရင် ဒီညကစရမှာလား?"

"နေ့ခင်းပိုင်းမှာတော့ ဟင်းချက်ပစ္စည်းထားတဲ့နေရာရယ်...တချို့ ပစ္စည်းအသုံးပြုပုံတွေကို သင်ယူထားပေါ့...ပြီးတော့ ငါ့နာမည်က deep"

နေ့လည်စာချိန်ပြီးသွားသဖြင့် Mr. Deepသည် သူ့အာ တခြားchefတွေနှင့်မိတ်ဆက်ပေးသည်။ တချို့သည်အချိန်ပိုင်းဖြစ်သလို တချို့သည်လည်း တစ်နေကုန် chefများဖြစ်သည်။

သူလည်း တချို့သော အဆင့်မြင့်မီးဖိုချောင် ကိရိယာတချို့ကို မသုံးတတ်ပေ။စီနီယာများအား မေးရင်းစမ်းရင်းဖြင့် သင်ယူတတ်မြောက်ခဲ့သည်။ အားလုံးသည် သူ့အားနွေးနွေးထွေးထွေး ဆက်ဆံပေးသဖြင့် အဆင်ပြေခဲ့သည်။နောက်မှ သိရတာက သူက ဒီမှာအငယ်ဆုံးဖြစ်သည်ကိုပင်။ ပြောရရင် Kitchen-roomတွင်သူကလွဲ၍ အသက်အငယ်ဆုံးသည် 25နှစ်ကစသည်ကိုပင်။

>>>

"Leo...Mr.deepက မင်းကို ဝန်ကြီးတို့ရဲ့ညစာစားဝိုင်းထဲ လိုက်ရမယ်တဲ့.."

"ဒါနဲ့ ကော ဝန်ကြီးကဘယ်သူလဲဟင်?"

"နိုင်ငံခြားရေးဝန်ကြီး ရှောင်ကျီဖန်း.."

အခုမှအလုပ်စဝင်တဲ့ သူ့ကိုအခုလို အရေးကြီးတဲ့dinnerထဲ ထည့်မယ်ပေါ့။ ဝန်ကြီးချုပ်ရှောင်သည် နိုင်ငံရေးတွင် နာမည်အတော်ကြီးသော လူတစ်ယောက်ပင်။ သူ့အာ အနာဂတ်၏ သမ္မတဟုခေါ်ဆိုရလောက်သည် အထိ အာဏာကြီး၏။

သူသည် mediaတွေ သိပ်မသုံးပေမဲ့ ထိုလူ၏ကောင်းသတင်းကတော့ နေရာအနှံ့ပြန့်နေသောကြောင့် ထိုသူ့ကို သိ​ေနရခြင်းဖြစ်သည်။
>>>>

Mr. Deepသည် အဝတ်အစားအပြင်အဆင်များအာ သေချာဂရုတစိုက်ကြည့်ရှုသည်။ အမျိုးသမီး chef ဆံပင်ရှည်သူများသည် ဆံပင်ကို သေချာဂရုစိုက်၍ ြဖီးသိမ်းကျရသည်။ သူ့အာ Mrသည်ဟင်းတစ်ပွဲချက်ခိုင်းသည်။သူကတော့ လွယ်ကူရိုးရှင်းသည့် ဝက်ချိုချဉ်ကြော်တစ်ပွဲကိုသာ ပြင်ဆင်ပေးလိုက်သည်။ ကျန်သည့်လက်ရာများသည် Mr. Deep၏ လက်ရာများသာဖြစ်သည်။

Sean's Adorer (Complete) Where stories live. Discover now