SA°8°

3.1K 220 29
                                    


ထိုနေ့တွင် တရုတ်ပြည်ရှိ weiboတစ်ခွင်တွင် #Sean၏ ပွေ့ချီ​ြခင်းကိုခံရတဲ့ကောင်လေး #Singapore Date? #Sean's Bobyfriend? စသော hot search များအသီးသီးတက်လာလေ၏။Sean၏ အတွင်းရေးမှူးသည်လည်း သတင်းစာတိုက်များ၏ မေးမြန်းမှုများကို ဖုန်းမှတစ်ဆင့် ခေါင်းမီးတောက်အောင်ဖြေရှင်းရပေမဲ့ နှစ်ယောက်သောသူတို့သည် အေးချမ်းနေလေ၏။

🎼That all my...🎼

"Boss...ချက်ချင်း...ငြင်းစာထုတ်...ဗျာ!..ဟုတ်ကဲ့...ဟုတ်ကဲ့"

ဟင်း...ပိုင်ရိစန်းတစ်ယောက် အတွင်းရေးမှူးအလုပ်ကနေ နှုတ်ထွက်ချင်စိတ်ပေါက်လာ၏။ ပုံမှန်ဆိုတွဲသမျှလူတိုင်းနှင့် သတင်းထွက်လျှင် ငြင်းစာထုတ်လေ့ရှိတဲ့ bossက အခုတော့ မငြင်းတဲ့အပြင်... ကိုယ့် official pageကနေ ပုံလေးတွေ ပြန်တင်ပေးလိုက်တဲ့...

အဲ့ ငါ့ဖုန်းကို စက်ပိတ်ထားရင်ကောင်းမလား??နေ့လယ်ထဲက ဆက်လိုက်တဲ့ သတင်းစာတိုက်တွေ သူ့ဖုန်းလေးသာစကားပြောတတ်ရင် တော်ပါတော့လို့ ပြောရသည်အထိ အော်ဟစ်နေမှာအမှန်ပင်။ သူ့မှာ သူများတွေ နားရက်ရချိန်မှာလည်း အလုပ်လုပ်ရသည်။ထို့အပြင် အလုပ်တင်မဟုတ် အခုကြည့်အတွဲတွေရဲ့ကျီစယ်မှုကြားရောက်ရသေးတယ် သူ့ဘဝသနားစရာကောင်းလိုက်တာ ။အနာဂတ်က ကိုယ့်ဇနီး​ေလးရေ မင်းကိုယ့်ကိုကျေးဇူးတင်သင့်တယ်။ကိုယ်ဟာ အလုပ်ကြိုးစားတဲ့ ယောကျာ်းကောင်းပဲ။

>>>

သူ့ရင်ခွင်ထဲက ချာတိတ်​ေလးဟာ သူ့ကိုပွေ့ချီလာတာတောင် မနိုးတဲ့အထိ အအိပ်မက်ရလား??ဟင်း...ကိုယ်နေရာမှာ တခြားသူသာဆို မတွေးရဲစရာဘဲ...bae မင်းကို ကာကွယ်ဖို့ ကိုယ်ရှိနေမှဖြစ်မှာ...

ဖုန်းသံကြောင့် တအဲအဲဖြစ်လာသောချာတိတ်။ကျစ်...ချာတိတ်နိုးသွားအုန်းမယ်။

"ကျွတ်..ကျွတ်...ကိုယ်ရှိတယ်...ပြန်အိပ်အုန်းနော်.."

တအင့်အင့်ဖြင့် သူရင်ခွင်ထဲ ပြန်တိုးဝင်လာသော ချာတိတ်လေး...ဘာလေးလဲကွာ...ချစ်စရာလေး။ ထပ်ခါထပ်ခါ မြည်လာတဲ့ဖုန်းသံ...တစ်ခါမကိုင်ရင် မခေါ်နဲ့ပေါ့။ အလိုက်မသိလိုက်တာ...

"ပြော!"

"Sean အဲ့ကောင်လေးက ဘယ်သူလဲ။ မင်းက gayလား!!..."

Sean's Adorer (Complete) Where stories live. Discover now