SA°7°

3.2K 261 26
                                    

အိမ်မှလူတွေအာ သူ Singaporeကို သွားမည့်အကြောင်းပြောပြမိတော့...အဝတ်အစားပူဆာတဲ့သူနဲ့ ဓာတ်ပုံများများရိုက်ဖို့မှာတဲ့သူနဲ့
ဟုတ်နေရောပဲ။သူကမိဘမဲ့ပေမဲ့ ဒီမိသားစုအသိုက်အမြုံလေးကို​ေတာ့ တကယ်သဘောကျမိသည်။

"ကောရာ မိုက်တာပေါ့...ကျွန်တော်ဆို Dragon trail(နဂါးခြေရာ) ကိုရောက်ဖူးချင်တာ.."

"Jackမင်းဟာကြီးက မမိုက်ပါဘူးကွာ။ ကျွန်တော်က Merlionကို ကြည့်ချင်တာ..."

"စားမရဝတ်မရတာတွေ...Dreamအတွက်က အဝတ်နော်...မမေ့နဲ့နော် ကော"

"ဟုတ်ပါပြီဗျာ..မင်းတို့မှာသမျှ အပါယူခဲ့ပါ့မယ်"

"ဟုတ်×3..."

"ကောအပင်တွေကို ရေသေချာလောင်းနော်..တစ်နေ့နှစ်ကြိမ် နေ့ခင်းဘက်မလောင်းနဲ့နော်..."

အပင်တွေကို သေချာစောင့်ရှောက်ဖို့မှာချိန်သာ ခေါင်းတညိတ်ညိတ် ခဏအကြာတော့ တစ်ယောက်တစ်ပေါက်နဲ့ ဟိုနေရာ၊ ဒီနေရာ ပြောနေသော ကလေးသုံးယောက်တကယ့်မျောက်လောင်းလေးတွေ။ ပြောရရင် Singapore က အပန်းဖြေလို့ ကောင်းတဲ့နေရာတစ်ခုဖြစ်သည်။

လည်ပတ်စရာ အများကြီးရှိတဲ့အပြင်...အစားအသောက်ကောင်းတွေလည်း များများရှိတယ်လေ။သူကတော့ Orchid gardensနဲ့ Butterfly partကို အရောက်သွားရမယ်လို့တေးထားတာ...အချိန်ရှိရင်တော့ Jurong Bird Parkကိုသွားရမယ်။

>>>

"Leo မင်းခုံက ရှေ့တန်းမှာ.."

Mr. Deepရဲ့ အ​ေ​ြပာအရဆို သူက vip roomမှာထိုင်ရမှာလား။ ပြီးတော့ ဒီလေယာဉ်ထဲမှာ သူတို့လူတွေကလဲွဲပြီး တခြားသူမရှိပေ။ ဒီလေယာဉ်ဟာ Bossရဲ့ ကိုယ်ပိုင်လေယာဉ်လား?သူတို့Bossမှာ ကိုယ်ပိုင်လေယာဉ်ကွင်းတောင်ရှိတာလား?? Bossက ဒီခရီးစဉ်ကို လိုက်အုန်းမှာလား??အမေးတို့သည် အဖြေမရှိခဲ့...ဟူး...ထားပါတော့လေ။

Vip roomထဲတွင် ဘယ်သူမှမရှိပေ။ သူသည် ဒုတိယတန်းခုံကိုရွေးချယ်ခဲ့သည်။ လေယာဉ်ပြတင်းပေါက်ဘက်​ြခမ်းခုံတွင် ဝယ်ယူလာသော snackမုန့်ထုတ်များကို ချထားလိုက်၍ ဘေးဘက်ခုံတွင် နေရာဝင်ယူလိုက်သည်။ မကြာမီတွင် လေယာဉ်ထွက်မည့်အကြောင်း ကြော်ငြာသံထွက်လာသည်..လုံခြုံရေးခါးပတ်ကို သေချာပတ်ရင်း လေယာဉ်အထွက်ကို စောင့်ဆိုင်းနေစဉ် တတိုင်းမွှေးပန်းရနံ့သည် လေထုထဲတွင်ပျံနှံ့လာသည်။

Sean's Adorer (Complete) Where stories live. Discover now