SA°5°

3.4K 231 30
                                    

​ေဘကျင်းက လူချမ်းသာတွေဟာ စီးပွားရေးမှမဟုတ်ရင် သားသမီးရဲ့ဆန္ဒကို အလေးမပေးကြဘူး။ လမ်းအသစ်ရွေးတဲ့သူကို မအောင်မြင်ဘူး။ ကျရှုံးမှာလို့ ပြောနေမှတော့...ကလေးတွေဟာ
စိတ်ဓာတ်ကျတာမဆန်းပေ။လှမ်းတောင်မလှမ်းရ သေးတဲ့ခြေလှမ်းရှေ့မှာ ကျောက်တုံးတွေ ကာစီးထားသလိုပဲပေါ့..

"Jackတင်မဟုတ်ဘူး မင်းတို့ရောပဲ။ ဘယ်လမ်းမဆို စလျှောက်လှမ်းတဲ့အခါ အနည်းနဲ့အများ အခက်အခဲ​ေတွရှိတာပဲ။ လဲကျရင် ပြန်ထ...ငါမလုပ်နိုင်ဘူး။ ငါမဖြစ်မြောက်ဖူးဆိုတဲ့ အတွေးမျိုး ခေါင်းထဲဝင်မလာစေနဲ့။ ကျရှုံးခြင်းတိုင်းဟာ အောင်မြင်မှုရဲ့အစပဲ။ပြီးတော့ကိုယ်လျှောက်မဲ့လမ်းကို သူများတွေဘယ်လိုဟန့်တားပါစေ မရပ်တန့်လိုက်နဲ့ ..."

သူဟာစိုက်ပျိုးရေးဆိုတဲ့ သာမန်ဘွဲ့လေးတစ်ခုကိုသာ ရထားတဲ့သူပါ။ ဒါပေမဲ့ သူဟာ ထိုဘွဲ့ငယ်လေးကို မြတ်နိုးသည်။ သစ်ပင်ပန်းပင်များကို ပြုစုယုယရတာကိုနှစ်သက်သည်။ သူရွေးချယ်တဲ့ လမ်းကိုဆက်လှမ်းဖို့ ကိုယ့်ကိုယ်ကို အမြဲအားပေးတယ်။

ဒီကလေးတွေ သူ့တို့မိဘ ဘယ်လောက်ဆိုးဆိုး မိဘတွေကိုချစ်စိတ်ရှိတာပဲလေ။ မိဘတိုင်းကလည်း သားသမီးကို ချစ်ကြတာပဲလေ...ဒါ​ေပမဲ့...ညနေကမြင်ကွင်းကတော့...ဟင်း...ကိုယ့်အကြောင်းမဟုတ်ဘဲ သူများကို မကောင်းမဝေဖန်သင့်ဘူး Leo။

"Jack အနုပညာသင်ချင်ရင် အပြင်မှာ သင်တန်းတက်လို့ရတာပဲ။ မင်းအဖေက စီးပွားရေးသမားဆိုတော့ မင်းကိုသူ့နေရာကို ဆက်ခံစေချင်လို့ဖြစ်မှာပေါ့။ ဒီအရွယ်ရောက်သည်အထိ အပူအပင် ကင်းကင်းနဲ့ ကျောင်းတက်နိုင်တာ သူ့ကြောင့်ပဲ​ေလ။ ဘယ်အလုပ်ဆို ပင်ပန်းတာပဲ...မင်းကသူ့သား တစ်ဖက်တစ်လှမ်း နိုင်တဲ့တာဝန် ကူထမ်းသင့်တယ်။ မင်းအဖေကို သေချာပြောပြပြီး ညှိနှိုင်းကြည့်ပေါ့"

သူ့မှာ မိဘမရှိဘူး...ဒါပေမဲ့ မိဘတိုင်းကတော့ သားသမီးကိုချစ်ကြတာပဲ။အများသောအားဖြင့် ဖခင်တွေက မဖော်ပြတတ်ကြတာများတယ်လေ။ တကယ်ဆို မိဘနဲ့သားသမီးက နားလည်မှုရှိသင့်တယ်။ဆယ်ကျော်သက်အရွယ်မှာ မိဘဖြစ်စေချင်တာနဲ့ကိုယ်ဖြစ်ချင်တာ မကိုက်ညီကြဘူး။ ဒါကြောင့်တစ်ဖက်အမြင်ကို နားလည်မှုရှိပေးသင့်တယ်လို့ သူထင်တယ်။

Sean's Adorer (Complete) Where stories live. Discover now