SA°32°

2.1K 135 10
                                    

လွန်ခဲ့တဲ့ရက်က ဝန်ကြီးရှောင်ထံ ထောင်ဝန်စာသွားတွေ့ချိန်တွင် ပြောခဲ့သော စကားတစ်ချို့တွင်...ငါ့ဟာ မင်းရဲ့အဖေအရင်း မဟုတ်ဘူး။ မင်းအဖေက ငါ့အကို...ငါ့ကရှောင်အိမ်ရဲ့မွေးစားသား...မင်းလည်း မကြာခင် သူ့ကိုဆုံးရှုံးရမှာ။ မင်းရဲ့သနားစရာကြင်သူက မြွေပွေးပွေ့ပိုက်ထားတာတဲ့...

"ဘာလို့ မုန်းရတာလဲ?"

"ဘာလို့ ကိုကိုရဲ့ ချစ်သူလည်း...ကိုကိုက ကျွန်တော့်အပိုင်။ မလှလို့လားဟင်...ဒီပုံစံက မတူဘူးလား? ကောကောကြည့်ကြည့်စမ်းပါအုန်း..ဘန်က ကောကောနဲ့မတူဘူးလား။ ကိုကို ဘန်ကိုမချစ်ဘူးမှတ်လား...မချစ်တာ ခင်ဗျားကြောင့်လေ။ ငယ်ငယ်ထဲက ကိုကိုကဘန်ကိုချစ်ခဲ့တာ"

"ဘန်...မင်းကြောင့် dadလည်း အသေစောခဲ့ရပြီ။ မင်းကို သမီးအရင်းဖြစ်တဲ့တို့ထက် ချစ်​ေပးခဲ့တာတောင် ဘာလို့သူ့ကိုလိမ်ညာရတာလဲ.."

"မမက ဘာသိလို့လဲ...ဟင်...ချစ်တယ်တဲ့လား...လိမ်နေတာ!! dadက ဘန်ကိုတကယ်မချစ်ခဲ့ဘူး။ မမကိုပဲချစ်တာ!!!မမကို စွန့်ပစ်သင့်တာ​။ မမက အမှားတွေအများကြီး လုပ်ထား​ခဲ့တာလေ။ အဲ့နေရာမှာ ဘန်သာဆိုရင် dadကစွန့်ပစ်မှာ။ မမသာ အိမ်ကမထွက်သွားခဲ့ရင် ဘန်က နစ်နာမဲ့သူဖြစ်လာရမှာ"

တကယ်ဆို သူ့ကိုလူတိုင်းချစ်တာလိုချင်တယ်။ သူကချစ်ဖို့ကောင်းပြီး ဖြူစင်တယ်လေ။ ဘာလို့ သူ့ကိုမရွေးချယ်ဘဲ ကိုကိုက ကောကောကိုရွေးရတာလဲ??သူကအရင်စတွေ့ခဲ့သူဖြစ်ပြီး ကောကောကဘာလို့ပိုင်သွားရမှာလဲ? ကိုကို မချစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကလည်း ဝမ်ရိပေါ်ကြောင့်ပဲ...

"ကိုကို ဘန်ကိုချစ်တယ်မှတ်လား.."

"မုန်းတယ်!!မင်းကြောင့် baeထိခိုက်ရတာ။ မင်းရဲ့ စောက်သုံးမကျတဲ့ စောက်ရှုးလိုအတွေးတွေက ငါတို့ကို ဝေးကွာစေခဲ့တာ။ ငါငယ်ငယ်တုန်းကတော့ မင်းကိုညီလေးတစ်ယောက်လို သဘောထားခဲ့ပေမဲ့...အခုတော့ ရွှံ့တယ်..မုန်းတယ်"

မဟုတ်ဘူး...ကောကောကြောင့် သူကျိန်ခဲ့လို့ အခုလိုဖြစ်တာ ကိုကိုကမမုန်းဘူး...ကော​ေကာကြောင့် ကော​ေကာကြောင့်ကြီးပဲ...

Sean's Adorer (Complete) Where stories live. Discover now