SA°10°

3.1K 230 16
                                    


"Bossက မိုက်တယ်ကွာ!!"

ဟုတ်ပါရဲ့ ထိုသူဟာ လူ"ချင်းယှဉ်ရင်တောင် အများထပ်သာလွန်တဲ့လူမျိုးပင်။ ပင်လယ်ထဲ၌ ကျွမ်းကျင်စွာ လှိုင်းစီးနေသော ထိုသူ။ ကမ်းခြေရှိ အမျိုးသမီးများ၏ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ထိုသူ။ စီးပွားရေးလောကတွင် နတ်ဘုရားဖြစ်တဲ့အပြင် အသိုင်းအဝိုင်းတောင့်တင်းသော ထိုသူ။ ထိုသူသည် ကောင်းကင်ထက်ရှိ လဖြစ်၍ သူသည်လ၏အရိပ်လိုလူမျိုးပင်...မမှီနိုင်တဲ့ ပန်းကိုမလှမ်းတာ ပိုကောင်းပါသည်။

"ဒါဆို ကောတို့လည်း စီးကြရအောင်"

ရေတိမ်ပိုင်းကို ကျော်လွန်ကာ လှိုင်းလုံးများအာ စောင့်ဆိုင်းနေလိုက်သည်။ ကမ်းခြေသို့ တက်လာသော လှိုင်းလုံးကြီးသည် အတော်ကြီး၏။ လျှောစီးမည့် သူများသည်အဝေးကအရှိန်နှင့် လှိုင်းလုံးစီသို့ တက်ကြရသည်။ ရေလွှာလျှောစီးရာတွင် လှိုင်းလုံးနှင့် နီးလေလေအန္တရာယ်ပိုများလေလေ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လှိုင်းလုံးစီသို့အဝေးမှ ကူးခတ်ရာတွင် အရှိန်ပါ၏...ထိုနည်းသည် လှိုင်းလုံးအထက်တွင်ပေါ်သို့ တက်နိုင်ရန်လမ်းစဖြစ်၏။

နီးကပ်ခြင်းသည် နစ်မြုပ်ခြင်း၏လမ်းစပင်။ လှိုင်းလုံးကြီးသည် သူနှင့်ပိုနီးကပ်လာပေမဲ့ သူကတော့အတွေးထဲ နစ်နေဆဲပင်။ သူ့မှာ နောက်ခံကောင်းကောင်းမရှိဘဲ ထိုသူ၏လက်ကိုမတွဲရဲပေ။ထို့အပြင် သူက ယောကျာ်းလေး ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝကိုမပေးနိုင်ပေ။ တစ်ချိန်ချိန်တွင် သူ့ကို ငြီးငွေ့ခဲ့လျှင်...ဒါပေမဲ့ သူ နီးကပ်ကြည့်ချင်သည် ကြိုးစားကြည့်ချင်သည်...ထိုကြောင့်~~

"Leo!!!"

Lucusကော၏ အော်သံအဆုံး သူ့မြင်ကွင်းနဲ့ အနီးဆုံးရှိနေသော လှိုင်းလုံးကြီး...ရေတိုက်စားမှုနှင့်အတူ သူဟာ ပင်လယ်ထဲသို့နစ်ဝင်သွား၏...ခြေထောက်တို့အာ သုံး၍အစွမ်းကုန်ကူးခတ်ပါသော်လည်း မရပေ...သူ သေရတော့မှာလား...ဉီး လေး ကြီး။ဘာကြောင့် ကျွန်တော် နစ်မြုပ်ရဲရတာလဲ...?
.
.
.
.
.
"bae!....ဖူး....bae!...ဖူး"

ကမ်းနားစပ်တွင် ချာတိတ်၏ကိုယ်လေးကို ချကာ အရေးပေါ်နည်းဖြင့်
ခရမ်းရောင်သန်းနေသော နှုတ်ခမ်းလုံးလုံးလေးကို လေသွင်းနေမိသည်။ ပါးလေးကို အသာပုတ်နိုးထပါသော်လည်း ထိုချာတိတ်လေးကနိုးမလာ...1 2 3 ရင်ဘက်ထဲရှိ နှလုံးအာ အရေးပေါ် CPRလုပ်ပေးမိတော့...

Sean's Adorer (Complete) Where stories live. Discover now