SA°33°

2.1K 126 2
                                    

"သတို့သား ဝမ်ကျန့်သည် သတို့သား ဝမ်ရိပေါ်အပေါ် ချမ်းသာသည်ဖြစ်​စေ၊ဆင်းရဲသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊န​ာမကျန်းသည်ဖြစ်စေ ဘဝတစ်သက်လုံး ပေါင်းဖက်မည်ဟု ကတိသစ္စာပြုပါသလော "

သူ၏ မျိုးရိုးအမည်ကို ခံယူခဲ့သော ဉီး။ သူ့အပေါ်တွင် အချစ်များပုံအပ်ခဲ့သော ဉီး။ အကြွင်းမဲ့ ယုံကြည်​ေပးခ့ဲသော ဉီး။ သူ့ဘဝကို အပိုင်စိုးမိုးထားတဲ့ အရှင်သခင်ဟာ ဉီးတစ်ယောက်ထဲသာ..

"Yes I do"

ဖာသာစီသို့ပြန်ဖြေလာတဲ့ ကတိစကားနှင့်အတူ သူ့၏လက်ကိုဆုပ်ကိုင်လျက်..

"ကိုယ်ဘဝတစ်သက်လုံး မင်းကို ဘယ်တော့မှလက်လွှတ်မှာ မဟုတ်ဘူး bae။ ကိုယ်အသက်ရှင်နေသ၍ ကိုယ့်အချစ်တွေ၊ ကိုယ်အသက်သေဆုံးသွားချိန်မှာ ကိုယ့်ရဲ့ဝိဉာဉ်...ကိုယ်ဘဝအသစ် တစ်ဖန်မွေးဖွားခဲ့ရင်တောင် ကိုယ်ဟာ မင်းတစ်ယောက်အတွက်ပဲ..."

ကိုယ့်ရဲ့ ငယ်ရွယ်စဉ်မှာ မင်းကိုမတွေ့ခဲ့တာ ကိုယ်ရဲ့ကံဆိုးချင်း​ေတွပဲ။ ဒါပေမဲ့ကိုယ့်ရဲ့ အနာဂတ်မှာတော့ မင်းနဲ့ဘယ်တော့မှ လက်တွဲမဖြုတ်ပဲ အတူတူဖြတ်သန်းကြရအောင်။

"သတို့သား ဝမ်ရိပေါ်သည် သတို့သား ဝမ်ကျန့်အပေါ်ချမ်းသာသည်ဖြစ်စေ​၊ဆင်းရဲသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊န​ာမကျန်းသည်ဖြစ်စေ ဘဝတစ်သက်လုံး ပေါင်းဖက်မည့်ဟု ကတိသစ္စာပြုပါသလော "

"Yes I do"

"ဉီးထပ် မပိုရင်တောင် ဉီးထပ် မလျော့တဲ့ ချစ်ခြင်းတွေနဲ့ ချစ်ပေးပါ့မယ်။ ကျွန်တော် ဝမ်ရိပေါ်ရဲ့ဖူးစာဖက်ဟာ ဘဝစက်တိုင်းမှာ ဉီးတစ်ယောက်ထဲအတွက်ပါပဲ။ ကျွန်တော်ဟာ ဉီးရဲ့အပိုင်ကလေးငယ်ပါ.."

ကျွန်တော် ရွေးချယ်လိုက်တဲ့ ဉီးသည် ကျွန်တော့်ဘဝအတွက် အချစ်ဉီးဖြစ်သလို အချစ်ဆုံးလည်းဖြစ်ပြန်သည် ။ကျွန်တော့်ဘဝကို ဉီးနဲ့စလို့ ဉီးနဲ့ပဲ အဆုံးသတ်ခွင့်ရတာ ဘုရား​ေပးတဲ့ ကံကောင်းချင်းပါပဲ။

ကျမ်းကျိန်ခြင်းသည် အများသူငှာ သိစေဖို့အတွက်ဆိုပေမဲ့ သူတို့ရဲ့ချစ်ခြင်းမေတ္တာကို သူတို့နှစ်ဉီးသားသိနိုင်သည်။ အထင်လွဲမှုတွေရှိလာရင်တောင် သူတို့နှစ်ဉီးတွင် နားလည်ခြင်းအပြည့် ရှိနေမှာအမှန်ပင်...တခြားသူများထက် သူသည် ဉီးကို နားလည်သလို ဉီးသည်လည်း သူရဲ့စိတ်ကိုနားလည်မှာ အမှန်ပင်။

Sean's Adorer (Complete) Where stories live. Discover now