SA°29°

1.9K 137 15
                                    

"ဉီး...!"

"Bae သတိရပြီလား...ကိုယ်ဘယ်လောက်တောင် လန့်သွားလဲ မင်းသိရဲ့လား?Baeသတိ​ေမ့နေတာ သုံးရက်တောင်ရှိနေပြီ။အတိတ်ကို မမှတ်မိလည်းရတယ်...မစဉ်းစားနဲ့တော့။​ကိုယ့်ကလေးမမှတ်မိရင်တောင် ကိုယ်တို့အစက ပြန်စကြမယ်"

ညတိုင်း အိပ်မက်ဆိုးတွေမှာ baeက သူ့စီပြန်မလာခဲ့ဘူးတဲ့။ မမှတ်မိလည်းရတယ်။ အတိတ်ကအမှတ်တရတွေကို မေ့ပစ်လိုက်လည်း သူမြတ်နိုးမိတဲ့...ချာတိတ်ဖြစ်နေသ၍ ဘာအကြောင်းနဲ့မှ သူလက်လွှတ်မှာ မဟုတ်ဘူး။

"ကျွန်တော်...ဉီးကို ဝမ်ကျန့်ဖြစ်ခွင့်ပေးမယ်"

ဝမ်ကျန့်တဲ့လား...bae!!...

"အားလုံးကို မှတ်မိ​ပါပြီ။ အကြာကြီးစောင့်ခိုင်းမိလို့ တောင်းပန်ပါတယ် ဉီး..."

"အင့်...ပြန်လာပြီပေါ့...ကိုယ်...ကိုယ်...တကယ်"

"စကားလုံးတွေမလိုအပ်ပါဘူး...ကျွန်တော် နားလည်ပါတယ်။ ချစ်တယ် ဉီး...ကျွန်တော်က ဉီးအပိုင်..."

ဒါပေါ့သူတို့ကြားမှာ စကားခွန်းတွေ မလိုအပ်ပါဘူး။သူက baeရဲ့အရာရာတိုင်းကို ယုံကြည်မိသလို baeကလည်းသူရဲ့အရာရာတိုင်းကို နားလည်တယ်။

"ကျွန်တော်ကို ထွေးပွေ့ပေးပါ။ယုယပေးပါ။ကြင်နာပေးပါ။ကျွန်တော့်ရဲ့အရာရာတိုင်းကို ဉီးထံကို အပ်နှင်းပါရစေ"

ပေးအပ်ပါရစေ ကျွန်တော့်ရဲ့အချစ် ကျွန်တော့်ရဲ့ခန္ဓာ ကျွန်တော့်ရဲ့အသက်တွေကို...အလုံးစုံဟာ ဤလူသားအပိုင်ပါ။

"Let's go to heaven together...will you?"

ကောင်းကင်းဘုံကို အတူတူသွားကြမလား bae??သာယာမှုတွေစီ ခေါ်သွားပေးမယ်။ လိုက်ရဲလား...?

"I dare to go with you even to hell"

ကောင်းကင်ဘုံတင်မဟုတ်ဘူး ငရဲပြည်ဆိုရင်တောင် ဉီးရှိနေသ၍ ကျွန်တော်မှာလိုက်ရဲတဲ့ သတ္တိရှိတယ်။

အဖြူရောင်မုတန်းပန်းလေးဟာ ဒီနေ့မှာ စွန်းထင်းစေခဲ့ပြီ ဒါဟာ မြတ်နိုးလွန်းလို့ အဆုံးအရှုံးမခံချင်လွန်းလို့ပါ။ နူးညံ့တဲ့အသားဆိုင်ထပ်မှာ အမှတ်အသားချန်ခွင့်ပြုပါ။နှုတ်ခမ်း​ေတာ်နီစွေ့စွေ့ကို အနမ်းခြွေခွင့်ပြုပါ။ ဒီခြေဖဝါး​ေတာ်နုနုမှာ ဉီးရဲ့မာနတွေကို ပုံအပ်ပါရစေ...မြတ်နိုးလွန်းလို့ စွန်းထင်းစေမိပြီ။

Sean's Adorer (Complete) Where stories live. Discover now