SA°31°

2K 139 14
                                    

ဉီးသည်ကလေးတစ်ယောက်ထပ် ပိုဆိုးပါသည်။ အခုလည်းကြည့် အာဘွား အများကြီးပေးပြီးမှ စားရသောမနက်စာကိုတောင် သူ့မှာဖြောင့်အောင်မစားရ။ ဒီနေ့မှပဲ ကလေးသုံးယောက်နှင့် ရိစန်းကောတို့ကပါ အိမ်လာလည်တော့...ရှက်လိုက်တာ။

"အင်း...ညှပ်အောင်ဝါး..အသားများများစား။ လူကပိန်ပိန်လေးနဲ့ ဘယ်လိုလုပ်အားရှိမှာလဲ.."

"အဟွတ်!...အဟွတ်!"

ကြင်စဉီးအတွဲတွေထက်တောင် ကောတို့အတွဲက ပိုကဲသဲ​ေနလိုက်တာ။ ဆွယ်တာ အဖြူလည်ပိတ်ကို ဝတ်ထားတာတောင် အမှတ်အသားတို့ကထင်းကနဲ။ ထို့အပြင် ဝမ်ကောကို ပေါင်ပေါ်တင်လို့ ထမင်းခွံနေသော ဉီးကျန့်။ ဘဲရှိတာတောင် ခွေးစာစားနေရတဲ့ ခံစားချက်ကြီးက...မသက်သာလိုက်တာ။

"ဝေ့..ရိစန်း မင်းဖြေးဖြေးချောင်းဆိုးလေ။ ငါ့ကလေး လန့်သွားရင်..ဘယ်လိုလုပ်မလဲ"

"ကျွန်မ ဝပြီအရင်ထနှင့်မယ်"

သူမ၏ နှုတ်ဆက်မှုကိုဘယ်သူမှနားမဝင်။ ေမာင်ကိုသာ အလေးထား
​ကျတဲ့ သူတွေကို သူမသိပ်မုန်းတာပဲ..

"အင်း..ထပ်စားအုန်း။ အားရှိနေမှ.."

ဉီးရဲ့အားရှိမှဆိုတဲ့ အသံကြားရင် ခေါင်းကိုက်လာတယ်...

>>>

"ဉီး ငြိမ်ငြိမ်နေလေ..."

ဧည့်ခန်းထဲတွင် သရဲကားစုကြည့်နေစဉ်.. ဉီးသည် သူ့အနားကို အတင်းကပ်ထိုင်လျက် လက်တို့ကလည်းအငြိမ်မနေ...

"ဇာတ်ကားသေချာ ကြည့်လေ"

အရှေ့ဘက်တွေ ရိစန်းကောတို့ထိုင်နေကြသည်။ ကြမ်းခင်းပေါ်တွင်ထိုင်နေလျက် sofaနားရှိ သူတို့က နောက်ဆုံးဖြစ်သည်။

"Bae...ဟင်း..."

နားဖျားတို့ကို ကိုက်လိုက်...ဖွဖွလေး ပြန်ငုံလိုက်၊ လျှာဖျားလေးနဲ့ထိလိုက်နဲ့..နားလေးနီရဲလာသည်အထိမရပ်တန့်မိ။ သူတို့ကို အကဲခတ်နေသော ထိုမိန်းမသည်လည်း ဒေါသအမြတ်တထောင်းထောင်းနဲ့။

"ကျွန်တော်...အသီး...ယူလာခဲ့မည်"

အကျီထဲထိ တိုးဝင်လာသော လက်ကြောင့် အလျင်အမြန်ထလို့ မီးဖိုချောင်းထဲ ဝင်လာလိုက်သည်။ လိုက်မလာလို့ တော်ပါသေးရဲ့..ဟူး...လူဆိုးကြီး..နားတောင်ပူထူနေပြီ။

Sean's Adorer (Complete) Where stories live. Discover now