SA°24°

2K 157 33
                                    


ကျဲနဲ့ လူးဝစ်သည် အရင်ထပြန်သွားသည်။သူတို့ထွက်သွားတော့ စောစောက ငိုနေတဲ့သူဟာ သူမဟုတ်သလိုပင် ဘန်သည်ပျော်ရွှင်လာဟန်။ မွေးနေ့ပွဲသာဆိုတယ် စားစရာဘာမှမရှိ။

"ကောကော သောက်မလား..."

"ဆေးလိပ်လား? ကောမသောက်တတ်ဘူး..."

"ဘယ်ကသာ ဒါက နိဗ္ဗာန်ဘုံလေ...တစ်ချက်ဖွာလိုက်တာနဲ့ ြဖစ်ချင်တာြဖစ်လို့ရတယ်"

ဘန်အပြောကြောင့် ထိုအရာသည် သာမန်ဆေးလိပ်မဟုတ်...
မူးယစ်ဆေးဝါးရောထားသော ဆေးလိပ်သာဖြစ်နိုင်သည်။

"ဒါက မကောင်းဘူး ဘန်...မင်းမသုံးသင့်ဘူး"

"ဒါကကောင်းတယ်!!..."

သူ့အာ ထအော်သော ဘန်သည် မူမမှန်ပေ...

"ဒါဆို ကောပြန်တော့မယ်..."

တံခါးပေါက်စီ လှည့်မိတော့ နှာခေါင်းထဲဝင်လာတဲ့ အနံ့တစ်ခုနဲ့အတူ သူ့ခန္ဓာကိုယ်ကလည်း ခွေကနဲပင်...

"ခေါ်သွားလိုက်..."

ဟူး...မှုတ်ထုတ်လိုက်တဲ့ အငွေ့တွေကြားမှာ မြင်ယောင်မိတဲ့ပုံရိပ်တွေ ဆေးလိပ်က သိပ်ကောင်းတာကောကောရ...ကောကအနုနည်း မကြိုက်မှတော့ အကြမ်းနည်းကစားကျတာပေါ့...

"တူ..တူ..."

ကိုကိုက မခေါ်စဖူး ဖုန်းခေါ်လို့ပါလား...ဟက်...ဟက်...ကိုကိုကောင်လေးက မကြာခင် ပျောက်ကွယ်သွားတော့မှာ..
.
.
.
သူ သတိရလာသော မှောင်မဲနေတဲ့ ဂိုဒေါင်ပျက်တစ်ခုထဲမှာ...တံခါးအဝတွင် လူထွားကြီး သုံးလေးယောက်က စောင့်ကြည့်နေတယ်။ မေ့ဆေးအရှိန်ကြောင့် ခေါင်းကမူးနောက်နောက်...

"နိုးပြီလား ကောကော"

"ဘန်..."

"အို...ဟုတ်ကဲ့ပါဗျာ.."

အပြုံးတို့သည် ကြောက်ဖို့ကောင်းသည်...မျက်ဝန်းတို့သည် နီရဲနေသည်။ အကြည့်တို့သည်မူမမှန်ပေ။

"မသိချင်ဘူးလား? ဘာလို့ အခုလို လုပ်ရတာလဲဆိုတာကိုလေ..."

သူက နှုတ်ဆိတ်နေပေမဲ့...ပြောချင်နေရှာတဲ့ဘန်သည် သူ့ဇာတ်ကြောင်းကိုပြောလာခဲ့သည်ယာ

Sean's Adorer (Complete) Where stories live. Discover now