SA°15°

2.5K 182 18
                                    

အိပ်ခန်းကျယ်အတွင်းတွင် ပစ္စည်းများဟာ ပြန့်ကျဲလျက်ရှိနေသည်~~

"အား!!!sean....ရှင် ဒီအတွက် ပြန်ပေးဆပ်ရမယ်"

စေ့စပ်ပွဲကို ဖျက်သည်တဲ့လား?Sean ရှင်ကျွန်မကို လျော့တွက်လွန်းတာပဲ။ ရှင်ဟာ ကျွန်မအပိုင်မဟုတ်ရင် ဘယ်သူ့အပိုင်မှလည်းမဖြစ်စေရဘူး။ ကျွန်မအသိုင်းအဝိုင်းမှာ ကျွန်မမျက်နှာပျက်ခဲ့ရတဲ့ အရှက်သိက္ခာအတွက် ရှင့်အစား သူက ရှင့်ကိုပြန်ပေးဆပ်ခိုင်းလိမ့်မယ်။

"Dad...Bamကိုဖုန်းပေးပေ!"

မစားရဲတဲ့ အမဲသဲနဲ့ပတ်တယ်လို့ပဲ ပြောခံရပါစေ ကျွန်မ မပိုင်တဲ့လူအတွက် အတ္တကြီးပါရစေ။

"Bam အင်း...သိပြီးပြီမှတ်လား။ သူက တို့ကိုမချစ်ဘူး...ဟက်! မင်းကြိုက်သလို လုပ်နိုင်ပြီ"

Seanနဲ့ Bamတွဲတယ်လို့သတင်းထွက်တုန်းက bamသည် ဆေးစွဲနေခဲ့သည်။ အမှန်တရားကတော့ သူနဲ့ကျွန်မပဲ နှစ်ယောက်ပဲသိခဲ့ပေမဲ့... အခုတော့ ဆေးဖြတ်ဋ္ဌာနမှာပေမဲ့ မကြာခင်ပြန်လာတော့မှာ။ ခဲတစ်လုံးနဲ့ငှက်နှစ်ကောင် ပစ်ဆိုတဲ့အတိုင်း...Bamသာ အဲ့ကောင်လေးကို ရှင်းပစ်နိုင်ရင် seanက သူမအပိုင်ပဲလေ။

>>>

"သား...ဘန်လေး..."

သားဟာ တံခါးပေါက်မှတစ်ဆင့် အဝေးတစ်နေရာကို ငေးလျက်တွေတွေလေးပြုံးနေလေရဲ့။ မာရီရာရဲ့ အမေနဲ့ညှိစွန်းလို့ရတဲ့ ကလေးထက် သူ့အချစ်ဉီးရဲ့သား ဘန်လေးကိုသာ အချစ်ပိုမိတယ်။ ငယ်ငယ်ထဲက ဘန်အာ သူမသိအောင်တစ်မျိုး သိအောင်တစ်မျိုး နှိပ်စပ်ခဲ့သောကြောင့် ဘန်ဟာ သူမကိုဆိုသိပ်ကြောက်ရှာတာ...မြွေပွေးထက်အဆိပ်ပြင်းတာ မာရီရာဆိုတဲ့ မိန်းမပဲရှိတယ်။

"Dad ကိုကိုမှာချစ်ရတဲ့သူ ရှိနေပြီတဲ့။ မမကလေ သားကို...သားကို...ဟင့်...ခွဲခိုင်းတယ်"

"ဘန်လေးက seanကို ခင်တယ်မှတ်လား? မင်း မမစကားနားမယောင်နဲ့နော်။ သားကို dadက ကာကွယ်ပေးမှာ မကြောက်နဲ့နော်.."

"ဟုတ်...dadသားက...ကိုကို ထိခိုက်အောင်မလုပ်ပါဘူး.."

Bamလေးဟာ တဖြည်းဖြည်းအရွယ်ရောက်လာပေမဲ့ ဖြူဖြူအုအုနဲ့ပုပုသေးသေးလေးပင်။ ဆံနွယ်တွေအာ အရှည်ထားရတာကြိုက်တဲ့ bamဟာ အခုဆို ဆံပင်တို့သည် ဂုတ်တောင်ထောက်လုနီးပါးရှိနေပြီ။ သူ့သားလေးက ဖြူစင်လွန်း၍ မာရီရာလက်က ကာကွယ်နေရတာ သိပ်မောလှ​ြပီ။ တစ်ချိန်ချိန်မှာ သားကိုကာကွယ်ပေးနိုင်မဲ့ လက်တွဲဖော်ကောင်းကောင်းတွေ့စေချင်ပါသည်။

Sean's Adorer (Complete) Where stories live. Discover now