SA°12°

2.6K 205 19
                                    


"ဝန်ကြီးရှောင် နောက်အပတ်မှာ Seanက နှစ်ချုပ်စာရင်းတင်ခိုင်းထားတယ်။ ဝန်ကြီးယူထားတဲ့ငွေတွေအချိန်မှီ ပြန်ထည့်ဖို့မျှော်လင့်ပါတယ်..."

သူ မနှစ်က လှုပ်ရှားရေးတစ်ခုအတွက် Sean companyတစ်ခုက ငွေတွေကို ထုတ်ယူထားတာ။ Company ငယ်တစ်ခုမို့ Seanကအရေးမစိုက်လောက်ဘူးထင်ခဲ့ပေမဲ့...ဘယ်ကအနံ့ရသွားရတာလဲ...
ေဒါ်လာ 1သောင်းက သိပ်မနည်းသောငွေမို့ သူချက်ချင်းပြန်ထည့်ဖို့မဖြစ်နိုင်။

"Linကိုခိုင်းလိုက်...ငါ့ကို Seanရဲ့ လှုပ်ရှားမှုအကုန်လုံးကို အသေးစိတ်တင်ပြပေး။ သူ့ဘေးမှာရှိတဲ့လူပါ မချန်နဲ့...အထူးသဖြင့် Seanရဲ့အားနည်းချက်ကို သိချင်တယ်..."

>>>>

အပြင်ကပြန်ရောက်ရောက်ချင်း သူ့မှာအမောမပြေရ။ချာတိတ်လေးက အခန်းပြောင်းမလို့တဲ့...သူကဘာကြောင့်လည်း မေးတော့လည်း ပြန်မဖြေ...အကြောင်းပြချက် ရေရေရာရာလည်းမရှိ။

"Baeကို အခန်းပြောင်းခွင့် မပြုနိုင်ဘူး"

"မင်း.."

အသံတိုးတိုးလေးနဲ့ပြောလာတဲ့ စကားသံကို သူမနည်း နားထောင်လိုက်ရ...

"ဟင်..."

"အင့်...ဉီးလေးကြီးက..ဟင့်..မင်းဆို..အင့်..အော်လည်းအော်တယ်...တခြားသူနဲ့လည်း အင့်...တွဲတုန်းကို...ကျွန်တော်ကို..လာကစား..နေတာ.."

အခုသူက မင်းလို့ခေါ်မိလို့ စိတ်ဆိုးတာလား။ နေပါအုန်း သူအော်လည်းမအော်မိသလို...ဘယ်သူနဲ့မှလဲ မတွဲနေပါဘူး။ သူလေသံနည်းနည်း ပြင်းသွားတာကိုတော့ ဝန်ခံပါတယ်။

🎼Dancing in the...🎼

"အင်း...ပြော...ကျစ်...ဖြုတ်ချလိုက်...ချက်ချင်း ငြင်းစာထုတ်!!"

တအီအီနဲ့ အသံတိတ်ငိုနေတဲ့ bae။ သူက နေမကောင်းတဲ့ ကလေးကို စိတ်ညစ်စေမိတာပဲ...ဖုန်းထဲက ရိစန်းပို့လာတဲ့ ပုံကိုကြည့်မိတော့ photo editလုပ်ကာ သူက ဟိုမိန်းမကိုဖက်ထားဟန်။ အလုပ်ကိစ္စနဲ့ သွားပေမဲ့...Mr.Minတို့နဲ့ ​အရင်​ေတွ့ဆုံသူရဲ့ photoပါမလာဘဲ...သူနဲ့ထိုအမျိုးသမီးရဲ့ datingတဲ့လား...

"Bae...ဘာလို့ငိုနေတာလဲကွာ။ ကိုယ်မနက်က စိတ်ဆိုးလို့လေကွာ...မနေ့က baeက အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်ခဲ့တာလေ။ ကိုယ်မင်းကို ဆုံးရှုံးလိုက်ရပြီထင်နေတာ...ကိုယ်ဘယ်လောက်ထိ ပူပန်သွားလဲ baeမသိပါဘူးကွာ..."

Sean's Adorer (Complete) Where stories live. Discover now