SA°16°

2.3K 166 6
                                    


သူ၏ခန္ဓာကိုယ်လေးသည် ဉီး၏ ရင်ခွင်ထဲ၌ နစ်မြုပ်နေလေ၏။ဉီးသည်သူ့အား ကလေးငယ်သဖွယ်ပွေ့ဖက်ထားသည်။ ခြေဖဝါးတို့အာ အဝတ်နှင့် သေချာသုတ်ပေးကာ...နမ်းရှိုက်လိုက်သည့် ဉီးကြောင့်...သူမှာ အထိတ်တလန့်နဲ့ပြန်ဆွဲယူခဲ့ပေမဲ့...

ဉီးကတော့ baeခြေချောင်း နီရဲရဲလေးတွေက ကိုယ့်နှုတ်ခမ်းထက်တောင်နူးညံ့သေးတယ်တဲ့။ ခြေဖမိုးလေးကိုနမ်းရှိုက်ပြီး မြတ်နိုးမိလိုက်တာတဲ့...အဲ့မှာ သူ့နှလုံးသားလေးဟာ ဟောဟဲဟောဟဲနဲ့...ကြွေကျပါလေရော...အရင်ထဲက ကြွေနေပေမဲ့ အခုက ပိုပြီးတော့ပေါ့...

"ကိုယ်အစကတော့မားက သူ့ကိုချစ်လို့အဘိုးတို့ကို လွန်ဆန်ခဲ့တာလို့ထင်ခဲ့တာ နောက်ကျမှ သိရတာက သူကို မချစ်ဘဲလက်ထက်ခဲ့တာ။ အဘိုးကလည်း အဟန့်...ဝန်ကြီး သတ်လို့သေခဲ့တာ။ ပြီးတော့ ကိုယ့်အမေရောပဲ...ပြောရရင် ကိုယ်က သူ့သားဆိုတာ အမည်ခံသက်သက်ပဲလေ။ ဝန်ကြီးနေရာမရခင် သူက လောင်းကစားလုပ်တယ်။ အကြွေးတွေက များတော့ ကိုယ့်အဘိုးရဲ့အိမ်ကို ပေါင်နှံခဲ့တာပေါ့..."

သူသည်ထိုလူအာ..အဖေလို့မခေါ်ချင်လောက်သည်အထိမုန်းမိပါတယ်...

"ကိုယ့်ကို တစိမ်းအိမ်မှာ သုံးလလောက်ထားခဲ့တာ...အဲ့တုန်းက ကိုယ်က ဆယ့်ခြောက်နှစ်သားပဲရှိသေးတာလေ။ သူများအိမ်မှာဆိုတော့ အပြောအဆို အကြိမ်းအမောင်းလည်းခံရတဲ့အပြင်...အဲ့အိမ်ကလူက ကိုယ့်ကို မထိတထိနဲ့..."

ဘုရားရေ ဉီးရဲ့ငယ်ဘဝက မိဘရှိတာတောင် ဒီလောက်တောင်ဆိုးဝါးရတာလား...

"အင်း...နောက်မှ ကိုယ်သိတာပါ...ဝန်ကြီးက ကိုယ့်ကိုအဲ့အိမ်ကို ရောင်းစားခဲ့တာ...အဲ့ဒါအပြင် မားကို...မားကို လုပ်တဲ့ကိစ္စ​ေတွကို ကိုယ်သိပေမဲ့ ကိုယ့်မှာ ဘာအင်အားမှမရှိဘူး။ နောက်တော့ ကိုယ်အဲ့အိမ်က ထွက်ပြေးခဲ့တယ်။ အောက်ခြေကစလို့ အလုပ်လုပ်ခဲ့တယ်။ အသေထိုးပွဲသတ်ပွဲတွေ...ဆိုင်ကယ်ပြိုင်ပွဲတွေ ဝင်ခဲ့တယ်။ ကိုယ့်အဲ့ကငွေကို စုဆောင်းပြီး ရှယ်ယာတွေကို စဝယ်ခဲ့တာ...တဖြည်းဖြည်း ကိုယ်အောင်မြင်လာတယ်.."

တကယ်ဆို အဲ့အချိန်မှာ သူတစ်ယောက်ထဲပင် အရာရာဟာ ပင်ပန်းလွန်းလှတယ်။ ရဲလိုက်လို့ ထွက်ပြေးခဲ့ရတာရော..သူအနိုင်ရတာ မကျေနပ်လို့ အုပ်စုလိုက် ရိုက်နှိပ်တာကိုရောပေါ့...အအိပ်ပျက်၊ အစားပျက် အမှောင်ထဲအိပ်ခဲ့ရတာတွေကော။သူတိုးဝင်ခဲ့တဲ့အမှောင်ဘက်ခြမ်းရော...

Sean's Adorer (Complete) Where stories live. Discover now