မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း

1.3K 138 0
                                    

Chapter 2
စိတ်ထားကောင်းသော မိစ္ဆာလေး

အလုပ်သမားခေါင်းဆောင် ကျောက်စန်းရှန့်ကို ဖူလီ တွေ့သည့်အခါ ထိုလူနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ခန္ဓာကိုယ်တောင့်တောင့်လူအချို့က စားပွဲလေးတစ်လုံးတွင် ဘီယာသောက်နေကြလေသည်။ စားပွဲပေါ်တွင်လည်း ပဲသွေးနှပ်၊ ဝက်သား၊ မြေပဲတို့ထည့်ထားသည့် ပလတ်စတစ်အိတ်များစွာ ရှိနေသည်။

သူရောက်လာသည်ကို မြင်သည့်အခါ ကျောက်စန်းရှန့်က တူကိုချထားလိုက်ပြီး အခန်းထောင့်မှ အလွန်မသန့်ရှင်းသော ခုံတစ်လုံးကို ဆွဲလာသည်။ သူက ဖူလီကို အားတက်သရောဖြင့် လက်ယပ်ခေါ်လိုက်သည်။

" လာလာ ငါတို့နဲ့လာထိုင်ပြီး စားဦး..."

လူအနည်းငယ်က ဖူလီ၏ ဖြူဖြူဖွေး‌ဖွေးနှင့် ပိန်ပိန်ပါးပါးပုံစံကိုမြင်၍ မစနောက်ပဲ မနေနိုင်ကြတော့ပေ။

" ကျောက်ကော ဒီလူငယ်လေးက ဘယ်သူလဲ လူချောလေးပဲ..."

" ဟိုင်း..."

ကျောက်စန်းရှန့်က ဖူလီကို ခုံနားဆွဲခေါ်ပြီး ထိုလူများကို ပြောလိုက်သည်။

" ငါတို့က ဇာတိတူတူပဲ... သူက ဒီကို ငါနဲ့တူတူ အလုပ်လုပ်ဖို့ရောက်လာတာ..."

" သူ ငါတို့လိုအလုပ်မျိုး လုပ်နိုင်ပါ့မလား... "

ထိုလူများက ဟားတိုက်ရယ်မောလိုက်ကြသည်။ သူတို့ ‌စနောက်ကျီစယ်နေကြသည်မှာ သိသာပေသည်။ သူတို့က စကားကြမ်းကြမ်းအချို့ကိုပါပြောရန် တွေးထားလိုက်မိသော်လည်း ဖူလီက ပလတ်စတစ်ခုံပုလေးတွင် ငြိမ်ငြိမ်လေးထိုင်နေသည်ကိုမြင်၍ ဆက်ပြောရန် ရှက်သွားကြသည်။

" သူ့ပိန်ပိန်ပါးပါး ပုံစံလေးကြောင့် အရူးလုပ်မခံနဲ့... သူ့အားက နည်းတာမဟုတ်ဘူး..."

ကျောက်စန်းရှန့်က ဖူလီ၏ပခုံးကိုပုတ်ပြီး ဘေးနားမှကျောက်တုံးကို ညွှန်ပြလိုက်သည်။

" အဲ့ဦးလေးတွေကို ပြလိုက်ပါဦး..."

ဖူလီက ကျောက်စန်းရှန့်ကိုကြည့်ပြီး တစ်ခုခုပြောလိုသော်လည်း တွန့်ဆုတ်နေခဲ့သည်။
ဒီလူတွေက သူ့လောက်တောင် ကြာကြာနေလာတာမဟုတ်ပဲ သူတို့ကို ဦးလေးလို့ခေါ်ဖို့က နည်းနည်းမသင့်တော်ဘူးလားလို့...

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းWhere stories live. Discover now