မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း

503 79 0
                                    

Chapter 66
Imperial MeowJuly 16, 2023
Chapter 66



အိုးကျန်းပြုတ်ကျသွားရာ တစ်ခြားသော နတ်ဘုရား လျှပ်စီး ၉ခုသည်လည်း ကောင်းကင်မှ ကျဆင်းလာပေသည်။ အိုးကျန်းက လျှပ်စီးမှာ သူ့အား မီးကျွမ်းနေသည့် အနက်ရောင်အရိုးစုအဖြစ်သို့ မလျော့ချမီအထိ သနားစဖွယ် အော်ဟစ်ရန်ပင် အချိန်မရလိုက်ပါပေ။ သူသေဆုံးသွားသည့် အခိုက်တွင် လေမုန်တိုင်းများသည်လည်း စွမ်းအင်များ ပျောက်ဆုံးသွားကာ တဖြည်းဖြည်း တောင်ခြေရှိ မြို့ဆီသို့ တိုက်ခတ်သွားသည့် လေပြည်အဖြစ် ပြောင်းသွားလေသည်။

သူနှင့် မဝေးသည့်နေရာတွင် လျှပ်စီးလုံးဝမထိသည့် ကျွမ်းချင်က မြေပြင်ပေါ်တွင် ကိုးရိုးကားရားလဲနေပြီး  သွေးနှစ်ခါ ဆက်တိုက်အန်လိုက်သည်။ သူက မြေပြင်မှ ဒယီးဒယိုင် လျှောက်လာပေသည်။ သူ့နောက်မှ တစ်စုံတစ်ယောက်က သူ့ကို ထူပေးလိုက်ပြီး သူ့ပါးစပ်ထဲတွင် ဆေးတောင့်တစ်တောင့် ပေါ်လာလေသည်။ သူက ခေါင်းလှည့်ကြည့်လိုက်သည်။ သူ့ကို ထူထားသော လူမှာလည်း လေကြောင့်ရသည့် ဒဏ်ရာအချို့ဖြင့် ညစ်ပတ်နေပေသည်။

"နတ်ဘုရား ဝိညာဉ်တစ်ပါးရဲ့ ပြီးပြည့်စုံတဲ့ အဆုံးသတ်ခြင်း..."

လီရှုက အိုးကျန်း၏ အရိုးစုနားသို့ မကပ်ဝံ့ပါပေ။ သူက တံတွေးမျိုချကာ ဖူလီဘက်သို့ လှည့်လိုက်သည်။

"ကျင့်ကြံသူ... ခုဏက လျှပ်စီးက ဘာကြီးလဲ..."

ဖူလီက ကောင်းကင်ရှိ ရွေလျားနေဆဲဖြစ်သော တိမ်မဲများကိုမော့ကြည့်လိုက်သည်။ ၄င်းတို့ထဲတွင် လျှပ်စီးများ လက်နေဆဲဖြစ်ပုံရပေသည်။ သူ့အသံက အနည်းငယ် တုန်ယင်နေသည်။

"အဲ့ဒါက ကောင်းကင်ဘုံ လျှပ်စီးပဲ..."

အိုးကျန်းက ပြန်ပေါ်လာပြီးနောက် ခွန်းဖမ်ကဲ့သို့ပင် စားလိုက်၊ သောက်လိုက်၊ အိပ်လိုက်လုပ်နေပါက ကောင်းကင်ဘုံ စည်းမျဉ်းက သူ့၏ တည်ရှိမှုကို သည်းခံနိုင်ပေသည်။ သို့သော် သူပေါ်လာသည့် အချိန်မှစတင်ကာ လေပြင်းများနှင့် ဖရိုဖရဲဖြစ်စေသည်။ သူက လေပြင်းများနှင့် ကပ်ဘေးများကို ဖြစ်ပေါ်စေကာ ကောင်ကင်ဘုံစည်းမျဉ်း အသိအမှတ်ပြုထားသည့် လူမျိုးစု၏ ကံကြမ္မာနှင့် နဂါးကိုပင် ရိုက်ချင်နေပေသည်။

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းWhere stories live. Discover now