မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း

608 96 0
                                    

Chapter 44

လီမာမျောက်

ထိုညတွင် သူမ၏မုန်းတီးမှုကြောင့် လူသားအသွင်ပြောင်းပြီး နှလုံးသားမဲ့သောထိုလူကို သတ်ပစ်ခဲ့သည်။

သူမက နှစ်ပေါင်း၁၅၀၀တိုင်အောင် နေထိုင်နိုင်ခဲ့ပြီး မည်သည့်ကျင့်ကြံသူကမှ သူမ၏ မူရင်းအသွင်ကို မမြင်တွေ့ခဲ့ဖူးပေ။

ဒီလူက သူ့ရဲ့မူရင်းပုံစံကို ဘာလို့လွယ်လွယ်သိသွားတာလဲ...

ဟိုဝေ့က သောက်လက်စစီးကရက်ကိုလွှင့်ပစ်လိုက်ပြီး ဖူလီ့ကို သတိထား၍ ကြည့်လိုက်သည်။

" ရှင်ဘယ်သူလဲ ဘာလို့ကျွန်မရဲ့ပုံစံအမှန်ကို မြင်နိုင်ရတာလဲ..."

" မင်းက ငါ့အသက်တစ်ဝက်လောက်တောင် မရှိသေးပါဘူး... မင်းရဲ့မူရင်းပုံစံကို ပြောဖို့ ဘယ်လောက်ခက်မှာမို့လဲ..."

ဖူလီက လူငယ်မျိုးဆက်များကို စိုးရိမ်သည့်ပုံစံမျိုးဖြင့် ဟိုဝေ့ကို ကြည့်လိုက်သည်။

" ကဲ ငါမင်းကို ရွေးချယ်စရာနှစ်ခုပေးမယ် ပထမတစ်ခု ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးပြီး လိုက်ခဲ့ရမယ်... ဒုတိယတစ်ခု မင်းကို ငါတို့ အကြမ်းနည်းနဲ့ ခေါ်သွားရမယ်..."

" စီနီယာ..."

ဟိုဝေ့က ခါးမတ်မတ်ထားလိုက်ပြီး သနားသဖွယ်ပုံစံဖြင့် ပြောလိုက်သည်။

" ကျွန်မက အလယ်ပိုင်းလွင်ပြင်ဒေသ( တရုတ်ပြည်ကို ပြောချင်တာထင်တယ် )ရဲ့ ကျင့်ကြံရေးလောကအကြောင်းကို ဘာမှနားမလည်တဲ့ နိုင်ငံခြားမျောက်တစ်ကောင်ပါ... ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါနော်... ကျွန်မနောက်ဆို အဲ့လိုမလုပ်တော့ပါဘူး..."

"စိတ်နေသဘောထားကို ပြောင်းလဲဖို့က စာရွက်တစ်ရွက်လှန်တာထက် ပိုမြန်တယ်" ဟူသောစကားကို  ကျန်းခယ့်နောက်ဆုံးတွင် နားလည်သွားခဲ့ပြီဖြစ်သည်။ အစောပိုင်းက လူများရှေ့ကို ဆေးလိပ်ငွေ့များမှုတ်ထုတ်ပြီး ဆဲဆိုနေခဲ့သည်မှာ သူမ မဟုတ်သည့်အတိုင်းပင်။

" မင်းက ငါတို့တိုင်းပြည်က မျိုးစိတ်မဟုတ်ပေမယ့် ကျင့်ကြံရေးနည်းလမ်းတွေကတော့ ငါတို့နဲ့ သိပ်မကွာပါဘူး... ပြီးတော့ မင်းက ငါတို့တိုင်းပြည်ရဲ့ဥပဒေကို ချိုးဖောက်လိုက်တာလေ..."

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းWhere stories live. Discover now