မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း

455 66 0
                                    

Chapter 85
Imperial MeowJuly 21, 2023
Chapter 85

ငှက်မျိုးတစ်ရာ



" ဂိုဏ်းချုပ်ကျောက်က နှိမ့်‌ချလွန်းနေပါပြီ ဒီနေ့က ဂိုဏ်းချုပ်ရဲ့မွေးနေ့ဆိုတော့ ကျွန်တော်တို့ကပဲ ဂုဏ်ပြုပေးရမှာပေါ့..."

ကျွမ်းချင်က မတ်တပ်ရပ်ပြီး ဝိုင်ခွက်ကိုမြှောက်လိုက်သည်။

" ကျေးဇူးပြုပြီး..."

" ခေါင်းဆောင်ကျွမ်းက မအားမလပ်တဲ့ကြားက ကြွရောက်ပေးလို့ ဒီကကျွန်တော်ကပဲ ကျေးဇူးတင်ရမှာပါ..."

ဂိုဏ်းချုပ်ကျောက်က ပိုမိုပျော်ရွှင်စွာ ရယ်မောလိုက်ပြီး ကျွမ်းချင်ကိုကြည့်နေသည့် မျက်လုံးများက ပိုမ်ုတောက်ပလာသည်။ သူက တိုင်းပြည်ကံကြမ္မာဖြင့် ပေါင်းစပ်ထားသောနဂါး၊ ခန္ဓာကိုယ်တစ်ခုလုံး သန့်စင်သည့်ရောင်ဝါများဖြင့် လွှမ်းခြုံထားသော နဂါးတစ်ကောင် ဖြစ်ပေသည်။

ဘေးနားရှိ ဓာတ်ပုံရိုက်ရန် တာဝန်ယူထားရသော ချင်းရှောင်ဂိုဏ်းမှ တပည့်များက ကင်မရာအမြန်မြှောက်ပြီး ကျွမ်းချင်နှင့် ဂိုဏ်းချုပ်ကျောက်တို့ ခွက်ချင်းတိုက်နေသည့်ပုံကို ရှု့ထောင့်ပေါင်းစုံမှ ရိုက်ကူးလိုက်သည်။ Editပြီးသည့်နောက်တွင် ထိုပုံများကို  သူတို့ဂို‌ဏ်းခန်းမဆောင်ထဲ ချိတ်ဆွဲထားမည်ဖြစ်သည်။

ဗီဒီယိုရိုက်သူနှင့် ကင်ရာသမားများကလည်း ဓာတ်ပုံများနှင့် ဗီဒီယိုများ ရိုက်ကူးနေကြသည်။ ကျင့်ကြံသူများစွာကလည်း ဖုန်းများထုတ်ပြီး တိတ်တဆိတ်ဓာတ်ပုံခိုးရိုက်နေသည်။

အချို့ကမူ ရှု့ထောင့်ကိုသေချာချိန်ပြီး ကျွမ်းချင်နှင့်အတူ ပြီးပြည့်စုံသော selfieများ ရိုက်နေကြသည်။ ထို့နောက်တွင် ‌ဓာတ်ပုံကို သူငယ်ချင်းများနှင့် မိသားစုထံ forwardပြီး အားပါးတရ ကြွားဝါပြောဆိုကြမည်ဖြစ်သည်။

ဖရဲစေ့စားနေသည့် အင်တာနက်အသုံးပြုသော ကျင့်ကြံသူများက ပို၍တက်ကြွနေသည်။ သူတို့က ကျွမ်းချင် မွေးနေ့ပွဲတက်ရောက်သည့်ပုံများကို ဖိုရမ်ပေါ်တင်ပြီး ရန်စသည့်ကျင့်ကြံသူကို Pear Xနှင့် Two-Star 8မော်ဒယ်ဖုန်းများ အမြန်ဝယ်ရန် ဖိအားပေးနေကြသည်။ သို့မှသာ ဖုန်းဝါးစားသည့်liveကို အခြားသူများဖြင့် အတူတူကြည့်နိုင်မည်ဖြစ်သည်။

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းWhere stories live. Discover now