chapter 137

267 65 5
                                    

Chapter 137
Sue Xing NwayAugust 24, 2023
Chapter 137





အိမ်အရောင်းအဝယ်ကုမ္ပဏီ၏ စင်တာတစ်ခုသို့ ရောက်သောအခါ အရောင်းအေးဂျင့်တစ်ယောက်က ရှေ့တိုးလာပြီး သူတို့ကိုလာကြိုသည်။ အထပ်ရေများစွာရှိသော အဆောက်အဦးများ၏ 3Dပုံစံကို သူတို့အား ပြသရန် ခေါ်သွားချိန်တွင် ကျွမ်းချင်က ပြောလိုက်သည်။

" ငါတို့ အထပ်ရေအများကြီးရှိတဲ့ အိမ်တွေတော့ မကြည့်တော့ပါဘူး ဗီလာနဲ့ ဘန်ဂလိုတွေဆီ ခေါ်သွားရင် ရပါတယ်..."

အရောင်းအေးဂျင့်က ထိုစကားများကို ကြားသည့်အခါ သူ၏ အပြုအမူက ပိုမိုဖော်ရွေသွားသည်။ သူက ကျွမ်းချင်နှင့်ဖူလီကို ဘန်ဂလိုများ ရှိသည့်နေရာ မခေါ်သွားဘဲ ဗီလာမော်ဒယ်ပုံစံများ ရှိသည့်နေရာကိုသာ ခေါ်သွားလိုက်သည်။  လျှပ်စစ်မီး၊ အခန်းတည်ဆောက်ပုံ၊ သစ်ပင်ပန်းပင်များ၊  အိမ်သုံးပရိဘောဂများ အစရှိသဖြင့် အရာပေါင်းများစွာကို ကျွမ်းချင်အား ပြောပြနေသည်။ ကျွမ်းချင်က ဖူလီ့ဘက်လှည့်ပြီး မေးလိုက်သည်။

" မင်း ဘယ်အိမ်ကြိုက်လဲ..."

ဖူလီက အိမ်ပုံစံမော်ဒယ်များကို တစ်ချက်ကြည့်ပြီး ကြုံရာတစ်ခုကို ထောက်ပြလိုက်သည်။

" ဒါဆို ဒီအိမ်ယူမယ်..."

ထိုအိမ်က သေးငယ်ပုံရသော်လည်း သူ့အတွက် အဆင်ပြေနိုင်ပေသည်။

အရောင်းအေးဂျင့်က ပိုင်ရှင်အစစ် မည်သူဖြစ်ကြောင်း သိသွားသည်။ ပခုံးချင်းယှဉ် ရပ်နေသည့် လူနှစ်ယောက်ကိုကြည့်ပြီး သူ့စိတ်ထဲ အလင်းပွင့်သွားသည်။

အဲ့တော့ သူတို့ နှစ်ယောက်က ဒီလိုဆက်ဆံရေး ရှိတာပေါ့လေ...

သူ ချက်ချင်းပြုံးပြလိုက်သည်။

" အိမ်အသစ်တစ်လုံး ရသွားတဲ့အတွက် ဂုဏ်ပြုပါတယ်... စပေါ်ငွေအရင်ပေးထားမလား ဒါမှမဟုတ် လုပ်ငန်းစဉ်တွေအတိုင်းပဲ ပမာဏအားလုံးကို တိုက်ရိုက်ငွေချေထားမလား..."

" တိုက်ရိုက်ငွေချေပါ့မယ်..."

ကျွမ်းချင်က ဖူလီ့ပခုံးပေါ် လက်တင်လိုက်သည်။

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းWhere stories live. Discover now