မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း

383 62 8
                                    

Chapter 81
Imperial MeowJuly 20, 2023
Chapter 81

သစ်ပင်ကိုသယ်ခြင်း



" ဘော့စ်..."

အားလုံးက ခြောက်ကပ်စွာရယ်လိုက်သည်။

" ကျွန်တော်တို့ သစ်သီးခူးချင်နေတာ ဒါပေမဲ့ ဒီသစ်ပင်က ခွင့်မပြုလို့..."

ကျွမ်းချင်က ဖူလီသူ့အိမ်ကို လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ယူလာသည့်အသီးများကို သတိရသွားသည်။ သူ့မျက်ခုံးထိပ်များပင် လှုပ်ခါသွားရသည်။ ဖူလီက ထိုအသီးများကို ဗျူရိုမှ ခူးလာခဲ့သည်ဟု ဆိုသော်လည်း  ဤသစ်ပင်မှ ခူးလာခဲ့ကြောင်း မသိပေ။

ကျွမ်းချင်က သစ်ပင်နားကိုလျှောက်လာပြီး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။

" ဖူလီ ဘယ်မှာလဲ..."

ရှုယွမ်က ဖူလီ မည်သည့်နေရာတွင်ရှိကြောင်း ပြောပြလိုက်သည်။ ကျွမ်းချင် သူ့နောက်မှသစ်ပင်ကို လှမ်းကြည့်လိုက်သည်။

ဒါက လန့်ကန်းသစ်ပင်ဆိုတာလား...

အိမ်တွင်ရှိသော ကျူးယွီသစ်သီးများမှာ မစားရသေးသောကြောင့် အနည်းငယ်ခြောက်ကပ်လာသည်ကို တွေးမိသွား၍ အိမ်ပြန်ရောက်မှ အရောင်တင်ရန် ဆုံးဖြတ်လိုက်သည်။

" ဘော့စ်ရော ဘာလို့ မစမ်းကြည့်တာလဲ..."

ချူးယွီက အရေထူစွာဖြင့် ပြောလိုက်သည်။

" ကျွန်တော်တို့အားလုံး စမ်းကြည့်ပြီးပြီ ဒါပေမဲ့ ဒီသစ်ပင်က အရမ်းကပ်စေးနဲလွန်းတယ် ဘာနဲ့တူလဲဆိုတော့..."

အားလုံးက သူ့ကိုမျက်စောင်းထိုးကြည့်ကြသည်။ ချူးယွီ၏ စကားလမ်းကြောင်းက ချက်ချင်းပြောင်းသွားပေသည်။

" ဘာနဲ့တူလဲဆိုတော့ အဖိုးကြီးလိုပဲ..."

ကျွမ်းချင် သူ့ကိုလှမ်းကြည့်လိုက်သည်။ သူ မလှုပ်ရှားရခြင်းမှာ ယခင်က သူကိုယ်တိုင် ထိုအသီးကိုခူးရန် ကြိုးစားခဲ့ခြင်းကြောင့်ဖြစ်သည်။ သို့ရာတွင် ဤသစ်ပင်က အလွန်ခေါင်းမာလွန်းသောကြောင့် သူ ထပ်မံမပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင်မူ သူ့ဝန်ထမ်းများက ပြောလာ၍ အဝတ်အစားများပင် ပြဲထွက်သွားသည့် စုန့်ယွီကိုကြည့်ကာ သူ ငြိမ်သက်နေမိသည်။

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းМесто, где живут истории. Откройте их для себя