မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း

579 90 2
                                    

Chapter 31

ထူးဆန်းသောငှက်

ဘော့စ်က စာမေးပွဲဖြေသူဘက်က ပြောပေးလိမ့်မည်ဟု‌ ချောင်းယွင် မထင်ထားခဲ့ပေ။ သူမ ကျွမ်းချင်ကို တအံတဩဖြင့်ကြည့်လိုက်သည့်အခါ သူ့မျက်နှာအမူအရာက‌ လေးနက်တည်ကြည်နေသည်ကို တွေ့လိုက်ရသည်။ သူမ ရုတ်ချည်း သဘောပေါက်သွားခဲ့ပေသည်။

ကြည့်ရတာ ဘော့စ်က ဖူလီရဲ့စွမ်းရည်တွေကို တော်တော်လေး မျှော်မှန်းထားတဲ့ပုံပဲ...

စာမေးပွဲ၏ တတိယပွဲစဉ် ပြီးဆုံးသည့်နောက်တွင် လူအယောက် ၅၀မှ ငါးယောက်သာ ကျန်ရစ်တော့သည်။ ယခုလက်ရှိအချိန်တွင် လမင်းကြီးက တောက်ပလင်းထိန်နေပြီး ညလေပြည်လေညင်းလေးများကလည်း တိုက်ခတ်နေပြီဖြစ်သည်။

ဖူလီမှလွဲ၍ ကျန်ရှိနေသူလေးယောက်ထဲတွင် ချင်းရှောင်ဂိုဏ်းမှ တပည့် ၅ ဝေ့စန်း၊ လွင်ပြင်ဂိုဏ်းတည်ထောင်သူ၏ တပည့် ၂ ကျုံးဇယ် ၊ လက်အန်းဘုန်းတော်ကြီးကျောင်းမှ တာအိုပညာရှင်ချင်ရှုနှင့် ရေကန်ဝါလိပ်မိစ္ဆာတို့ဖြစ်သည်။

လင်အန်းဘုန်းကြီးကျောင်းက ယခင် ချန်အန်းဘုန်းကြီးကျောင်းနေရာတွင် တည်ဆောက်ထားခဲ့ခြင်းဖြစ်၍ ချူးယွီနှင့် အဆက်အသွယ်ရှိပေသည်။ သို့ဖြစ်၍ ချူးယွီကို လင်အန်းဘုန်းကြီးကျောင်းမှ လေးစားရသော အကြီးအကဲအဖြစ် သတ်မှတ်နိုင်ပေသည်။ ထို့အပြင် ချင်းရှောင်ဂိုဏ်းမှ ဝေ့စန်းက ကျန်းခယ့်၏ ဂိုဏ်းတူစီနီယာအစ်ကို ဖြစ်သည်။ သူက ယောင်ကျင့်ကြံသူအနေဖြင့် ဂိုဏ်းထဲ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။  ရေကန်ဝါလိပ်မိစ္ဆာကလည်း လင်းကွေနှင့်ရင်းနှီးသူဖြစ်ကာ ဂမ္ဘီရပညာရပ်တွင် ကျွမ်းကျင်သောကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

နောက်ခံအသိုင်းအဝိုင်းများအကြောင်း ပြောမည်ဆိုပါက ဖူလီတစ်ယောက်တည်းသာ အသိုင်းအဝိုင်းအနိမ့်ဆုံးဖြစ်နေသည်။

ဤပွဲစဉ်အထိ ရောက်လာနိုင်ခဲ့ကြသူများမှာ ကျင့်ကြံရေးလောက၏ လူငယ်မျိုးဆက်များတွင် လူသိများသူများ ဖြစ်ကြသည်။ ငယ်ရွယ်သည့်စွမ်းအင်ဖြင့် ပြည့်နှက်နေသော သူတို့မျက်နှာများကိုကြည့်ပြီး ဖူလီ၏မျက်နှာက မနီရဲပဲ မနေတော့ပေ။

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းWhere stories live. Discover now