မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း

567 94 0
                                    

Chapter 43

လီမာမျောက်

စီမံခန့်ခွဲရေးဗျူရို၌ ပထမဆုံးအလုပ်တက်ရသည့်နေ့တွင် ဖူလီက ကုမ္ပဏီရှိ သတင်းအချက်အလက်များနှင့် အကျွမ်းတဝင်ဖြစ်အောင် မှတ်သားနေရသည်မှလွဲ၍ ဘာမှမလုပ်ရပေ။ နောက်တစ်နေ့တွင်လည်း ဖူလီက ကျယ်ဝန်းလှသည့်အလုပ်ခွင်ထဲတွင် အားလုံးနှင့်အတူနေပြီး လူသားလောကမှ သရဲပုံပြင်များကို နားထောင်လျက်ဖြင့်သာ အချိန်ကုန်ဆုံးခဲ့ရသည်။ လူသားကျင့်ကြံသူနှင့် ယောင်ကျင့်ကြံသူများက လူသားများ ရေးသားထားသည့်  တစ္ဆေသရဲပုံပြင်များကို အဘယ့်ကြောင့် နှစ်သက်ကြကြောင်း သူ နားမလည်နိုင်ပေ။

တတိ‌ယမြောက်နေ့တွင်မူ စီနီယာဝန်ထမ်းတစ်ယောက်က လူသစ်ခြောက်ယောက်ကို စည်းမျဉ်းစည်းကမ်းများ အတိုချုပ်ပြောပြပြီး ရုံးတွင်းလိုအပ်သည့် ကိရိယာတန်ဆာပလာ အပုံလိုက်ပြီးပေးခဲ့သည်။ ဖူလီ့ရုံးခန်း၏ ဘယ်ဘက်တွင် ဝေ့စန်းရှိပြီး ညာဘက်တွင်မူ စုန့်ယွီရှိသည်။ ချန်လုံ‌ဇီဝနည်းပညာကုမ္ပဏီက အကျင့်စရိုက်အမျိုးမျိုးနှင့် ကျင့်ကြံသူပေါင်းများစွာရှိသောနေရာဖြစ်၍ ရုံးခန်းပေါင်းများစွာလည်းရှိသည်။ သို့ဖြစ်၍ လူတစ်ယောက်က ရုံးခန်းတစ်ခန်းစီ ရရှိကြသည်။ အဆောက်အဦး၏ တစ်ထပ်ချင်းစီတွင် အစည်းအဝေးခန်းမနှင့် အများပိုင်အလုပ်နေရာတစ်ခုစီလည်းရှိသည်။ စည်ကားသက်ဝင်သည့် လေထုအခြေအနေကို နှစ်သက်ကြသည့် ကျင့်ကြံသူများမှာမူ အများပိုင်အလုပ်နေရာ တစ်ခုစီရှိသည်။

အကယ်၍ လူသားတစ်ယောက်ယောက် ဝင်လာခဲ့ပါက ဤနေရာကို သာမန်ဇီဝနည်းပညာကုမ္ပဏီဟုသာ ထင်ကြပေမည်။ ဗျူရိုမှအလုပ်များလုပ်ကိုင်ရသည့် ဝန်ထမ်းများကသာ ဤဧရိယာကို ရှင်းလင်းစွာမြင်ကြသည်။

မရေမတွက်နိုင်သည့် အ‌ထပ်ပေါင်းမြောက်များစွာရှိသော ဤအဆောက်အဦးကြီးတွင် ခေတ်မီလှပသော ကြောင်လိမ်လှေကားများရှိကာ နံရံပေါ်တွင်လည်း ရှေးဟောင်းပန်းချီကားချပ်များစွာရှိပြီး နံရံထောင့်များတွင်လည်း သာမန်ဘွန်ဆိုင်းပင်နှင့်တူသော အပင်များ လှပစွာရှိနေသောကြောင့် ဗျူရို၏ ပြိုင်ဘက်ကင်းမှုကို သက်သေပြသနေသကဲ့သို့ဖြစ်သည်။

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းWhere stories live. Discover now