Chapter 2

2.9K 433 8
                                    

Chapter 2

ဤနေရာတွင် သေရမည်ကို ထိုင်မစောင့်လိုသော်လည်း သူ ကိုယ်လုံးတီးကြီးဖြင့် ထွက်မပြေးချင်ပေ။

ဝိရောဓိဖြစ်နေသည့် အတွေးများကြောင့် ကုဟွိုက်၏လှုပ်ရှားမှုများ ခဏတာ ရပ်တန့်သွားတာ သူ့စိတ်ထဲတွင် အတွေးနှစ်ခု ပေါ်လာသည်။

( ၁ ) ထွက်ပြေးဖို့ ကြိုးစားရမလား...

( ၂ ) အဝတ်အစားလည်း လိုချင်သေးတယ် ...

ကုဟွိုက်က ခေါင်းပြူထွက်နေဆဲဖြစ်ပြီး သူ့လက်နှစ်ဖက်ကို ဥခွံပေါ်တင်ထားသည်။ သူ အဝတ်အစားကို တောင့်တလိုက်သည်နှင့်တစ်ပြိုက်နက်  သူ၏ ပုံမှန်အသိဖြင့် နားမလည်နိုင်သော တစ်စုံတစ်ရာ ဖြစ်ပေါ်လာသည်။

သူ ထိထားသည့် လက်တစ်ဝါးစာအရွယ် ဥခွံက လေထဲတွင် ရုတ်ချည်းပျောက်ကွယ်သွားပြီး တစ်ချိန်တည်းမှာပင် သူ့ကိုယ်ပေါ်တွင် ရိုးရိုးရှင်းရှင်းအဝတ်တစ်စုံပေါ်လာသည်။

ပြေးမှပဲ...

သူ့ခန္ဓာကိုယ်က ဦးနှောက်ထက်ပို၍ တုံ့ပြန်နှုန်းမြန်ဆန်သည်။ ကုဟွိုက်က လက်ကိုအားပြု၍ တွန်းလိုက်ပြီး ဥထဲမှ အမြန်ထွက်လာသည်။ သူ၏ တစ်ခုတည်းသော ရှင်သန်ရာလမ်းဖြစ်သည့် ထိုလမ်းကြောင်းလေးရှိရာကို အရှိန်အမြန်ဆုံးဖြင့် ပြေးလိုက်သည်။

ကုဟွိုက်က ပြေးနေစဉ်တွင် စိတ်ထဲ၌ တွေးတောနေသည်။ မူလက သူ့ကိုနှေးကွေးစွာ ဝန်းရံထားသော အန္တရာယ်များသည့် သတ္တဝါများက သူ့နောက်မှ အရှိန်မြန်မြန်ဖြင့် ပြေးလိုက်လာကြသည်။

ဇက် အုပ်စုလိုက်ကြီးကို ရင်ဆိုင်ရပါက ကြယ်တာရာမျိုးနွယ်စုများမှာ ဦးရေပြားများပင် ကျိန်းစပ်လာနိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့က သေခြင်းတရားကို မကြောက်ရွံ့ပဲ သဲကြီးမဲကြီး တိုက်ခိုက်ကြသောကြောင့်ဖြစ်သည်။

သူတို့က သေရမည်ကို မကြောက်ပော ပိက်မှ အမိန့်ကိုနာခံရသော ဇက်စစ်သည်များက နာကျင်မှုကို တောင့်ခွထားတတ်ကြပြီး ရန်သူများကို အေးစက်ပြီး အညှာအတာကင်းမဲ့စွာ ဖျက်ဆီးပစ်လေ့ရှိသည်။ သူတို့၏ အသက်အန္တရာယ်ကို စတေးလိုက်ရသည်ဟု မထင်ပဲ သဘာဝနည်းဗျူဟာဟု သတ်မှတ်ထားခြင်းဖြစ်သည်။

ငါ လူသားမဟုတ်တော့ဘူးWhere stories live. Discover now