Chapter 54
ဟန်မာ၏မျက်နှာထားက သူ့ရယ်သံကို ဘယ်လိုပြန်ထိန်းချုပ်ရမှန်းမသိ၍ ပုံစံမျိုးစုံဖြစ်နေခဲ့သည်။
“အဲဒါက သိပ်မဟုတ်သေးဘူး စိတ်စွမ်းအင်ဆိုတာက မျိုးနွယ်စုရဲ့စွမ်းအင်မှန်း မင်းလည်းသိတာပဲ..”
ဟန်မာ၏ အလုပ်ကြိုးစားသည့်မျက်နှာထားက အနည်းငယ်ထူးဆန်းနေသည်။
၎င်းတို့အတွက် သာလွန်တဲ့အကျယ်အဝန်းကိုဆုံးရှုံးသွားရခြင်းက ပိုပြီးရှက်စရာကောင်းမနေလေဘူးလား။ ဟန်မာက တစ်နှစ်လောက်ထိ အခန်းဖော်ဖြစ်ခဲ့သည့် သူတို့ကို သဲလွန်စပေးရခြင်းအား လုံလောက်ပြီဟုထင်မိသည်။ တစ်ဖက်လူက သူ့ကိုနားမလည်ခြင်းက သူ့အမှားမဟုတ်ပေ။
ဟန်မာ၏ပုံစံကြောင့် ဒဲရက်ခ်က သိချင်သွားမိသည်။
“မင်းရဲ့ကျောင်းသားတွေကို ငါ့ရဲ့ကျောင်းသားတွေနဲ့ မနှိုင်းယှဉ်ရဲဘူးလို့ပြောချင်တာလား၊ ဖက်ဒရယ်စစ်တပ်ကျောင်းက ပို့လိုက်တဲ့ ကျောင်းသားတွေက ငါတို့ကျောင်းမှာ အရမ်းနာမည်ကြီးတယ်ဆိုတာကို မင်းသိသင့်တယ်၊ စာရင်းသွင်းပြီးတာနဲ့ စာမေးပွဲရလဒ်တွေကို နှိုင်းယှဉ်တော့မှာ ကွာဟမှုက အရမ်းများနေရင် ပြောင်းလာတဲ့ကျောင်းသားတွေက စိတ်ဖိစီးကြလိမ့်မယ်၊ ကျောင်းသားတွေမှာ စိတ်ဓာတ်ရေးရာဆိုင်ရာ ပြဿနာတွေရှိလာခဲ့မယ်ဆိုရင် သူတို့ကိုမလွှတ်တာ ပိုကောင်းလိမ့်မယ်...”
ဤသည်မှာ အမှန်တရားပင်ဖြစ်၏။ ဟန်မာက စကားများကိုကြားပြီး ကုဟွိုက်ကိုလှည့်ကြည့်လိုက်သည်။ ကုဟွိုက်က သူ့ကိုခေါင်းညိတ်ပြလိုက်ခြင်းအား မြင်သည့်အခါ သူ ဒဲရက်ခ်ကိုပြောလိုက်သည်။
“ကောင်းပါပြီ မင်းဒီလိုပြောနေတယ်ဆိုတော့လည်း.."
ဟန်မာက ထိုကိစ္စကိုခက်ခဲသလိုဟန်ဆောင်လိုက်သော်လည်း သူ့စိတ်ရင်းမှာ ရွှင်ပျနေခဲ့သည်။ ဟန်မာက ကတိပေးပြီးသည်နှင့် ဒဲရက်က သူတို့သုံးယောက်ကို ကျောင်းသားများ၏စွမ်းရည်ကိုစစ်ဆေးသည့် ကျောင်းစာစစ်ခန်းမထဲသို့ခေါ်သွား၏။
ကျောင်းဝင်ပေါက်က တိုးချဲ့ထားပြီး စာစစ်ခန်းမက ဇိမ်ခံပစ္စည်းများနှင့်ပြီးပြည့်စုံနေသည်။ အမိုးခုံးပုံက ပန်းချီကားများနှင့် အသေးစိတ်ပြင်ဆင်ထားပြီး ခန်းမတစ်ခုလုံးက အနုပညာရသများနှင့် မွမ်းမံထားလျက်ရှိသည်။ ကျောင်းထဲသို့ဝင်သွားသည့် သာမန်လူများသည် ကျောင်းဝင်းထဲသို့ဝင်ရောက်သွားသလို မခံစားရပဲ နန်းတော်ထဲသို့ ဝင်ရောက်သွားသလို ခံစားရနိုင်သည်။
YOU ARE READING
ငါ လူသားမဟုတ်တော့ဘူး
FantasyThis story is just a fan translation. Crd to the original owner.