Chapter 92

536 84 4
                                    

Chapter 92


အသိစိတ်မဝင်ခင်လာခင် အလ်ဗ်၏ခန္ဓာကိုယ်မှာ ဆန္ဒအလျောက် ရှေ့တလှမ်းတိုးသွားပြီး နေရာလွတ်ကိုဆုတ်ဖြဲပစ်ရန် ချက်ချင်းလှုပ်ရှားလိုက်သည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် အလ်ဗ်အရှေ့မှ နေရာလွတ်မှာ တွန့်လိပ်၍ စုတ်ပြဲသွားခဲ့၏။ ထိုမြင်ကွင်းကိုသတိထားမိလိုက်ကြသော ဇက်တို့မှာ တစ်စက္ကန်ထက်မနည်းအေးခဲနေကြပြီးမှ ၎င်းတို့၏စစ်သင်္ဘောများထံသို့ လှည့်ပြေးကြတော့သည်။

ပင်မစစ်သင်္ဘောကြီးသည်ကား တူဆာမှ နေရာပြောင်းရွှေ့စက်ကြီးများတင်ဆောင်ထားသည်။ ၎င်းတို့၏စစ်သင်္ဘောများမှာ စစ်တပ်ခေါင်းဆောင်များပါရှိသော စစ်သင်္ဘောများအနောက်မှ ထပ်ကြပ်မကွာလိုက်၍ တူဆာသို့ပြန်လှည့်လာခဲ့ကြ၏။

ဟဲလုကြယ်ပေါ်သို့ရောက်နေကြသော ဇက်စစ်တပ်ခေါင်းဆောင်များမှာအလ်ဗ်နှင့်ကာ့ပါးလီယာတို့ဖြစ်ကြသည်။

အလ်ဗ်သည် ကုဟွိုက်အနားတွင်နေ့စဉ်ပုံမှန်နေခဲ့သော်လည်း ယခုလုပ်ငန်းစဉ်သည်ကား ကြီးကြပ်ရေးမှူး၏ လက်ငင်းမဲဆွယ်မှုတစ်ခုသာဖြစ်ပေသည်။

ကုဟွိုက်အိပ်ပျော်သွားပြီးနောက်ပိုင်း အလ်ဗ်သည် နှစ်နှစ်မျှကြာအောင် အနက်ရောင်မျက်လုံးအကာကိုဝတ်ဆင်ထားခဲ့သည်။ သူ၏အကြည့်က ကုဟွိုက်မနိုးထလာသောကြောင့် သိသိသာသာပင် တည်ငြိမ်မှုမရှိတော့။

ထို့ကြောင့် ကြီးကြပ်ရေးမှူးသည် အလ်ဗ်က စစ်မြေပြင်တွင်တိုက်ခိုက်ပြီး စိတ်ထွက်ပေါက်ရှာခြင်းက ပိုကောင်းမည်ဟုတွေးတောခဲ့သည်။

ကုဟွိုက်ထွက်ပေါ်မလာခင်က အလ်ဗ်သည် စိတ်မတည်မငြိမ်မှုဖြစ်မှုကိုတိုက်ခိုက်နေရင်းဖြင့်သာ ဖြေရှင်းခဲ့သည်။ ထို့ကြောင့် ကြီးကြပ်ရေးမှူးက ဤနည်းလမ်းကိုသာစဉ်းစားမိပြီး အကြိမ်ပေါင်းများစွာအကြံပြုခဲ့သည်။

အလ်ဗ်သည် ကုဟွိုက်ကိုမထိခိုက်စေချင်သောကြောင့် ယခုကဲ့သို့ စိတ်ကယောင်ချောက်ခြားအခြေအနေဖြင့် စစ်ပွဲတွင်ပါဝင်ရန်သဘောတူလိုက်ရတော့သည်။

ငါ လူသားမဟုတ်တော့ဘူးWhere stories live. Discover now