Chapter 87

408 96 2
                                    

Chapter 87


လူသားမျိုးနွယ်နှင့်ဇက်မျိုးနွယ်တို့သည် အပြန်အလှန်လက်ဆွဲနှုတ်ဆက်ကြကာ သံတမန်ဆက်ဆံရေးကိုထူထောင်လိုက်ကြသည်။ အဆိုပါသတင်းသည်ကား ကြယ်တာရာတခွင်၌တစ်လမျှ ဟိုးလေးတကျော်ကျော်ဖြစ်နေခဲ့လေ၏။

နှစ်ဖက်ပေါင်းစည်းမှုကိုတည်ထောင်လိုက်ပြီးသည့်နောက် ရှန်းမုနှင့်ဟန်မာတို့သည် တူဆာသို့အကြောင်းအမျိုးမျိုးရှာ၍ရောက်လာတတ်ကြပြီး ယခုတစ်နှစ်အတွင်းမှာပင် အခေါက်ပေါင်းမနည်းလာရောက်ခဲ့ကြသည်။ လူသားအရာရှိနှစ်ယောက်နှင့် တူဆာပေါ်မှဇက်တို့သည်ကား ကောင်းမွန်သောဆက်ဆံရေးများရှိနေကြပေ၏။

ကုဟွိုက်မှာ အနှီလူသားနှစ်ယောက်ကဇက်တို့အား ထူးထူးဆန်းဆန်းများမသင်ပေးနေသရွေ့ ပိုကောင်းသည်ဟုသာတွေးလိုက်သည်။ ကုဟွိုက်သည်ကား ထိုလူနှစ်ယောက်ကြောင့် ဦးနှောက်ခြောက်ခဲ့ရသည့်အကြိမ်ရေပေါင်းများခဲ့ရ၍ ထိုလူနှစ်ယောက် တူဆာသို့လာလည်တိုင်း အမြဲတစေ မကောင်းသောခံစားချက်များကိုရတတ်သည်။

အဆိုပါလူသားနှစ်ယောက်မှာ ရည်ရွယ်ချက်ရှိစွာလုပ်ခဲ့ကြခြင်းမဟုတ်ပေ။ ရံဖန်ရံခါတွင်သူတို့သည်လည်း မမျှော်လင့်ထားခဲ့သည့်အခြေအနေမျိုးဖြစ်လာမည်ဟု မထင်ခဲ့ကြရုံသာ။

လူသားနှင့်ဇက်မျိုးနွယ်တို့ သံတမန်ရေးရာထူထောင်ပြီး နှစ်နှစ်မြောက်တွင် ဇက်တို့သည် ကြယ်တာရာမဟာမိတ်အဖွဲ့မှမဲအရေအတွက်အပြည့်ဖြင့် ကြယ်တာရာမဟာမိတ်အဖွဲ့အစည်းထံသို့ တရားဝင် ဝင်ရောက်လာခဲ့သည်။

ကြယ်တာရာခေတ်သစ် သက္ကရာဇ် ၂၁၈ မှစတင်ပြီး ကြယ်တာရာကွန်ရက်အတွင်း 'ရွှေခေတ်' နှင့်ပတ်သတ်သောဆွေးနွေးမှုများပေါ်ပေါက်လာခဲ့သည်။

ကြယ်တာရာခေတ်ဟောင်းမှာ မျိုးနွယ်စုအမျိုးမျိုးကြားမှ ရှည်လျားသောစစ်ပွဲများ၏ခေတ်ဖြစ်ခဲ့ကာ ၎င်းနောက်မှ ငြိမ်းချမ်းသောခေတ်သစ်ပေါ်ပေါက်လာခဲ့သည်။ သက်တမ်းဆိုသည်မှာ ကြယ်တာရာမျိုးနွယ်စုများအတွက်အကောင်းဆုံးသော တိုးတက်သည့်ခေတ်သစ်ကိုဆိုလိုသည်။

ငါ လူသားမဟုတ်တော့ဘူးWhere stories live. Discover now