Chapter 63
ကုဟွိုက် အလ်ဗ်၏အနောက်တွင်ကျုံ့ဝင်သွားပြီးပုန်းနေသည်။ ၎င်းသည်ဗီဇအရ သူ၏ ငြင်းပယ်မှုကို ရှင်းရှင်းလင်းလင်းဖော်ပြခြင်းပင်။
ကုဟွိုက် အလ်ဗ်အားခေါ်လိုက်၏။
"ကျိုး...ကျိုး..."
"ကျိုး..."
အလ်ဗ်သည် အသံဖြင့်သာပြန်လည်တုံ့ပြန်လိုက်သည်။ သူ၏ကိုယ်ကိုအရွယ်ရောက်ပြီးပုံစံပြန်မပြောင်းခဲ့သော်လည်း ကုဟွိုက်ကို သူ့အနောက်တွင်ဆက်လက်ဝှက်ထားခဲ့၏။
အဖြူရောင် အမွှေးပွဇက်ပေါက်စလေးသည် သေးငယ်သောတောင်ပံလေးများဖြင့် ၎င်း၏ကလေးလေးနှင့်အမည်းရောင်ဇက်လေးကို ကာကွယ်ထားသည့်ပုံရိပ်တစ်ခု၊ ငွေမှင်ရောင်အမြှီးက ၎င်း၏အနောက်တွင် တိတ်တဆိတ်ယမ်းခါနေ၏။
အလ်ဗ်သည် ကုဟွိုက်စကားကိုသာနားထောင်ပြီး ကျန်ဇက်များ၏အကြံဉာဏ်ကိုမူ လျစ်လျုရှုထားခဲ့သည်။ သို့သော် ရှိနေသည့်ဇက်များက လွယ်လွယ်နှင့်လက်မလျှော့ကြချေ။
ထိုအကြံကသိပ်မကောင်းသော်လည်း ကုဟွိုက်က သူတို့အပေါ်သဘောကောင်း၍ မြောက်များလှစွာသောလိုက်လျောချက်များက တစုံတခုကိုသိသာသွားစေသည်။
ဘုရင်ကသူတို့အပေါ် အလွန်တရာမှညင်သာလွန်းသည်။ ကုဟွိုက်ကသူတို့အား အမြဲတစေညင်သာခဲ့သောကြောင့် အချို့ကိစ္စများကိုသူတို့ဆန္ဒအတိုင်းလုပ်ခွင့်ပေးခဲ့၏။ သို့ဖြစ်၍ ၎င်းတို့ကကုဟွိုက်အား စိတ်ပြောင်းလာစေရန်ကြိုးစားချင်နေကြသည်။ စစ်တပ်ခေါင်းဆောင်သုံးယောက်အပါအဝင် ဇက်တို့အားလုံးက အလ်ဗ်အားမျှော်လင့်နေသည့်ဘက်တွင် ရှိနေကြ၏။
ကြီးကြပ်ရေးမှူးက နွားနိုေ့နွးနွေးထည့်ထားသည့် ပုလင်းလေးတစ်လုံးကိုယူလာပြီး သူတွေးထားသည့်အတိုင်းအကြောင်းပြလိုက်သည်။
"အရှင်မင်းကြီး...လောလောဆယ်တော့ ဒီလိုပုလင်းလေးနဲ့သောက်တာကပိုကောင်းပါတယ်..လွယ်လည်းလွယ်တယ်၊ ညစ်ပတ်တာလည်းမဖြစ်တော့ဘူးပေါ့.."(သူက ပုလင်းပဲပြောထားပေမဲ့ ကလေးနို့ဘူးထင်ပါတယ်🤣)
YOU ARE READING
ငါ လူသားမဟုတ်တော့ဘူး
FantasyThis story is just a fan translation. Crd to the original owner.