Chapter 82

573 103 2
                                    

Chapter 82

ရန်သူ့ပစ်မှတ်သည်ကား ကုဟွိုက်ဖြစ်နိုင်ပေသည်။ ၎င်းကိုသိလိုက်ရသည့်အခါ ဇက်တို့အားလုံး၏အမူအရာမှာ အင်မတန်ဆိုးရွားသွားခဲ့၏။ အရေးကြီးရတနာတစ်ခုအားကာကွယ်နေရသောသားရဲများပမာ ၎င်းတို့အသိုက်အားကျုးကျော်ရန် ရည်ရွယ်လာသူကို ချွန်မြသည့်အစွယ်များအားပြသလိုက်ကြသည်။

ဇက်တို့အတွက်မူ ကုဟွိုက်အားသတ်ပစ်ရန်ပစ်မှတ်ထားသည့်မည်သည့်အရာမဆို အန္တရာယ်ရှိသည်။ ထိုအချက်ကြောင့် ဇက်တို့အတွက်အရှုံးပေးရန်ဆိုသည်မှာမဖြစ်နိုင်သည့်အရာပင်။

"ကြယ်တာရာမဟာမိတ်အဖွဲ့က ထွက်ပြေးသွားတဲ့သူကိုဖမ်းဖို့ အထူးသံတမန်အဖွဲ့ကိုလွှတ်ခဲ့ပေမဲ့ ဒီလောက်နှစ်တွေကြာတာတောင်မတွေ့သေးဘူးလား..."

ကြီးကြပ်ရေးမှူးက ၎င်း၏သံသယများကိုထုတ်ဖော်လာသည်။ ထိုမေးခွန်းမေးခံလိုက်ရသောကြောင့် ကြယ်တာရာမဟာမိတ်အဖွဲ့မှာ အင်မတန်အရှက်ရခဲ့ရသည်။ ၎င်းတို့မှာ လက်မခံနိုင်လင့်ကစား ဤမျှနှစ်ပေါင်းများစွာကြာသည်အထိ ဂါဗင်နှင့်ပတ်သတ်သောသဲလွန်စတခုတလေပင်မရခဲ့ကြပေ။

တဖက်လူက အလွန်ထက်မြက်ပြီးပါးနပ်သည်။ ၎င်းသည် ကြယ်တာရာမဟာမိတ်အဖွဲ့မှ သဲလွန်စမရခင်ပင် အငွေ့ပျံသွားခဲ့ပြီး သူအသက်ရှိနေခဲ့ဖူးသည့်သဲလွန်စများကိုပါဖျောက်ပစ်ခဲ့သည်။ ကြယ်တာရာမဟာမိတ်အဖွဲ့မှာ တခုတလေရှာတွေ့နိုင်ရန်ပင်မလွယ်ကူတော့ချေ။

ထိုအချိန်မှာပင် အာရွန်သည် ဌာန်ကရိုဏ်းကျကျမပြောခင် ကာ့ပါးလီယာ၏မျက်နှာထားကို တချက်လှည့်ကြည့်လိုက်ပါ၏။

"လွန်ခဲ့တဲ့နှစ်တွေလောက်တည်းက ဂါဗင်တစ်ယောက် သူ့ပုံစံကိုပြောင်းပစ်လိုက်သင့်တယ်၊ ပြစရာသက်သေအထောက်အထားတော့မရှိပေမဲ့ သူလုပ်နိုင်တယ်ဆိုတာတော့သေချာတယ်၊ သူ့စွမ်းရည်နဲ့သာဆို ကြယ်တာရာမဟာမိတ်အဖွဲ့က ဖမ်းမိဖို့လွယ်မှာမဟုတ်ဘူး.."

"တစ်ခေတ်မှာတစ်ခါပေါ်တဲ့ ဉာဏ်ကြီးရှင်တွေဆိုတာ ရန်သူလိုမျိုးလှည့်စားတတ်တာပဲလေ.."

ကြောက်မက်ဖွယ်ရာပါပေ။ သူတို့နှစ်ယောက်လုံး သိပ္ပံဆိုင်ရာစူးစမ်းလေ့လာရေးတွင်ပါဝင်ခဲ့ကြသည်။ စွမ်းရည်ဖြင့် အပြင်ဘက်လောကကြီးတွင်ထင်ရှားခဲ့ကြပြီး အာရွန်သည်လည်းဂါဗင်ကိုမရှုံးခဲ့။ သို့သော်လည်း အာရွန်သည်၎င်းက အပေါ်ယံသာဖြစ်မှန်းသိနေခဲ့၏။ လုပ်ဖော်ကိုင်ဖက်များဖြစ်နေခဲ့ကြစဉ်က အာရွန်သည်တဖက်လူ၏ ဖုံးကွယ်ထားသည့်တဖက်ကို ခပ်ရေးရေးမျှသတိပြုမိခဲ့သည်။ ဂါဗင်သည် သူ့စွမ်းရည်များ
ကိုရည်ရွယ်ချက်ရှိရှိဖြင့်ထုတ်မပြခဲ့ပေ။ အဆိုပါစွမ်ရည်များကိုထုတ်မပြခဲ့လျှင်ပင် ဂါဗင်သည် ဤကြယ်တာရာခေတ်တွင် ထိပ်ဆုံးဉာဏ်ကြီးရှင်ဖြစ်မှန်းယူဆ၍ရနေပြီပင်။

ငါ လူသားမဟုတ်တော့ဘူးWhere stories live. Discover now