Chapter 35

1.1K 204 2
                                    

CHAPTER 35

တုံဏှိဘာဝေမျက်နှာဖြင့် ဗိုလ်မှူးက အိတ်ကပ်အရွယ်ခန့်သာရှိသောလူကိုတွေ့ပြီး ခဏရပ်သွားလေသည်။ ၎င်းအိတ်ကပ်အရွယ်ရှိဗားရှင်းက သူတို့ဘုရင်ပုံစံဖြင့် ပြုလုပ်ထားခြင်းဆိုလျှင်...

ဆံပင်အနက်၊ မျက်လုံးအနက်ဖြင့် ဘုရင်အသေးစားလေးက ပြုံးပြနေသည်။ အစည်းအဝေးခန်းထဲမှ ဇက်များအားလုံးမှာ စိတ်ကူးယဉ်နေသလို ပြူးကြည့်နေကြ၏။

ဗိုလ်မှူးက မျက်မှန်ကိုပင့်တင်လိုက်သည်။

"ခင်ဗျားတို့ကိုပြန်မဆက်သွယ်ခင် အရှင်နဲ့ အရင်ဆုံးစကားပြောကြည့်ရဦးမယ်ဗျ."

ချီအယ်တာက နားလည်ကြောင်းပြောပြီး ဆက်သွယ်ရေးကိုအဆုံးမသတ်ခင် မျှော်နေမည့်အကြောင်းပြောခဲ့သည်။ ဆက်သွယ်ရေးဖန်သားပြင်ပျောက်ကွယ်သွားသည်နှင့် အစည်းအဝေးခန်းထဲမှဇက်အားလုံးကတိတ်တဆိတ်တွေးနေကြပြီး ဗိုလ်မှူးအားငေးကြည့်နေကြ၏။

"ကျွန်တော်အကောင်းဆုံးလုပ်ဆောင်ပါ့မယ် ဒါပေမဲ့ အရှင် ကျွန်တော်နဲ့လိုက်ခဲ့ဖို့တော့ အကြံပေးချင်ပါတယ်..."

အရေးမကြီးသည့်တိုင် ဗိုလ်မှူးက ကုဟွိုက်အား စည်းရုံးရမည့်နည်းလမ်းကိုသိနေသည်။

ဘုရင် သူတို့အပေါ်ဆက်ဆံပုံက ညင်သာသည်။ ဇက်များအကြားတွင်သိမ်မွေ့မှုက ရှားပါးလင့်ကစား သူတို့အားပျော်ရွှင်စေသည်။ အလွန်တရာပျော်ရွှင်ရလွန်းသဖြင့် တစ်နေ့တွင်အေးစက်သောဘုရင်နှင့်ရင်ဆိုင်ရပါက မည်မျှဝမ်းနည်းရမည့်အကြောင်း သူတို့စိတ်မကူးနိုင်ကြချေ။

ဘုရင်က အေးစက်သွားခဲ့လျှင်ပင် သူတို့ကအမိန့်နာခံနေဦးမည်ဖြစ်သည့်တိုင် သူတို့မှာ ပျော်ရွှင်မှုရှိတော့မည်မဟုတ်။ သူတို့၏ဘုရင်ထံမှ ညင်သာစွာဆက်ဆံခံရပုံမှာ သူတို့အား စိတ်လိုလက်ရအမိန့်နာခံလာစေပြီး ချစ်မြတ်နိုးမှုကိုလည်းပိုမိုခံစားလာရစေသည်၊ သို့ဖြစ်၍ ကုဟွိုက်ကအကောင်းဆုံးသောအရာတိုင်းရရန် သူတို့မျှော်လင့်ကြသည်။

လက်ရှိတွင် ကုဟွိုက်မှာ အလ်ဗ်နေထိုင်ရာအိမ်တော်တွင်သာရှိနေသေးပြီး ကြယ်တာရာကွန်ရက်အတွင်း အခြားသောမျိုးနွယ်စုများက ဇက်များအပေါ် သဘောထားပြောင်းလဲလာပုံကို နားလည်ရန်ဝင်ကြည့်နေသည်။ ပြောင်းလဲမှုက ကန့်သတ်ထားနိုင်သော်လည်း ဆက်လက်တိုးတက်နေဆဲ။ အသိသာဆုံးမှာ ဇက်တို့နှင့် တည်ငြိမ်သောမဟာမိတ်ဖြစ်နေသည့် အနီးနားရှိဂြိုလ်များမှနားလည်လာမှုများပင်။ သူတို့၏ပြောစကားများက ကျန်ရှိနေသောကြယ်တာရာမျိုးနွယ်စုများအပေါ်သက်ရောက်သည်။

ငါ လူသားမဟုတ်တော့ဘူးWhere stories live. Discover now