Chapter 61

780 166 3
                                    

Chapter 61

အခန်းမှာတိတ်ဆိတ်လွန်းနေသောကြောင့် အသက်ရှူသံကိုပင်ကြားနိုင်သည်။ အခန်းထဲသို့ဝင်လာသည့်ဇက်တို့မှာ သူတို့၏ခန္ဓာကိုယ်ကိုဖြေလျှော့လိုက်ကြသည်။ ဒေါင်လိုက်မျက်ဆံအိမ်တို့မှာ လိုအပ်သည်ထက်ပိုကျုံ့ဝင်နေပြီး ၎င်းတို့မျက်လုံးများမှာ အိပ်ရာပေါ်မှ အနက်ရောင်အမွှေးလုံးလေးအပေါ်တွင် အသေရှိနေကြသည်။ သူတို့သည် ဖန်ဘောလုံးလေးနှင့်တူသော ရွှေရောင်မျက်လုံးအိမ်လေးအား စက္ကန့်အနည်းငယ်ကြာအောင်စိုက်ကြည့်နေကြပြီးနောက် တခန်းလုံးထိန်းသိမ်းရခက်သွားလေတော့သည်။

သေပြီ...သေပြီ...သေပြီ...

တောက်ပလွန်းနေတဲ့မျက်လုံးလေး...တောက်ပလွန်းနေတဲ့မျက်လုံးလေး...အရမ်းအရမ်းကို တောက်ပလွန်းနေတဲ့မျက်လုံးလေး...

သူတို့၏စိတ်ထဲရှိအတွေးများကိုစကားလုံးများအဖြစ်သာပြောင်းလဲနိုင်ပါက တခန်းလုံး ထိုစကားလုံးနှစ်လုံးတည်းနှင့်ပင် ဖြေမရသည့် အထုံးကြီးအဖြစ်ပြည့်သွားတော့မည်။

အမည်းလုံးလေးက အိပ်ရာနှင့်လုံးထွေးနေကာ အခန်းထဲမှဇက်တို့ကို ရွှေရောင်မျက်ဆံအိမ်ဝိုင်းဝိုင်းလေးများဖြင့် ကြည့်နေခဲ့သည်။ တခဏမျှ အခန်းထဲရှိဇက်တို့မှာ စိတ်ရှုပ်ထွေးမှုများထဲသို့ကျရောက်သွားခဲ့သည်။ သူတို့၏ဦးနှောက်က အလုပ်မလုပ်နိုင်တော့ဘဲ တချိန်တည်းမှာပင် သူတို့၏ခန္ဓာကိုယ်ကတောင့်တင်းနေကာ အသက်ကိုပင်ခဲရာခဲဆစ်ရှူနေကြရသည်။

ကြီးကြပ်ရေးမှူးမှာ နောက်ပြန်လဲကျသွား၏။

"ကြီး...ကြီးကြပ်ရေးမှူး...!"

သူ့အရှေ့မှအမွှေးလုံးလေးအားမြင်ကာ တူဆာ၏ဒုတိယအကြီးအကဲခမျာ အသက်အားထိန်းရှူ၍ ဆန့်ဆန့်ကြီးလဲကျသွားလေသည်။ အခန်းထဲရှိအခြားဇက်တို့မှာ တူညီသောအခြေအနေတွင်ရှိနေစေကာမူ သူ့နည်းတူကြုံတွေ့ကြရ၏။ သူတို့သည်ဒုတိယအရာရှိကိုသတိထားမိသည့်တိုင် ဇက်တို့၏တုံ့ပြန်မှုကအသံထွက်ပြီး အရှေ့တိုးလာနိုင်ရုံသာ။ ၎င်းတို့မှာ သံလိုက်စက်ကွင်းဖိအားကြောင့် ဆွဲဆောင်ခံရသလို ၎င်းတို့မျက်လုံးများမှာအမွှေးပွလုံးလေးအပေါ်တွင်သာ သံမှိုစွဲထားသလိုရှိနေကြလေသည်။ မျက်လုံးအရောင်များကား ထိန်းမရအောင်တဖျတ်ဖျတ်လက်နေ၏။

ငါ လူသားမဟုတ်တော့ဘူးWhere stories live. Discover now