Chapter 83

506 78 1
                                    

Chapter 83

ရံဖန်ရံတွင် ဂါဗင်သည် သူခေတ်မှားမွေးလာမိသလို ခံစားရသည်။

ခေတ်ဟောင်းမှ မဆုံးနိုင်သောစစ်ပွဲများနှင့်နှိုင်းယှဉ်ပါက ငြိမ်းချမ်းသည့်ခေတ်သစ်သည် သူ့အားသေစေနိုင်လောက်သည်။ ဤကြယ်တာရာခေတ်သည် ကြောင်သူတော်ကြွက်သူခိုးများပေါများပြီး ပျင်းစရာကောင်းလှ၏။ ဤခေတ်တွင် ပေါလွန်းလှသည့် ငြိမ်းချမ်းရေးမြတ်နိုးသူများအနက် ဂါဗင်သည် သူ၏စိတ်အခြေအနေကပုံမှန်မဟုတ်ဟုယူဆထားခဲ့သည့်တိုင် ထိုသို့မတွေးခဲ့ပါချေ။

ဤကြယ်တာရာခေတ်က ပြောင်းလဲသွားပြီး စစ်ပွဲများစတင်လာသည့်အချိန် လူများစွာက သူကဲ့သို့သောစိတ်အခြေအနေမျိုးပိုဖြစ်လာကြလိမ့်မည်။ ထို့နောက် သူသည်လည်း လူများစုနည်းတူပုံမှန်ကဲ့သို့ဖြစ်လာပေမည်။ သူရူးတစ်ယောက်က ကွဲပြားခြားနားနိုင်သော်လည်းလောကကြီးအတွင်းမှလူများရူးသွပ်သွားခဲ့လျှင် တစ်ယောက်မှပုံမှန်ဖြစ်နေသူရှိတော့မည်မဟုတ်။

ထိုအတွေးက ဂါဗင်အား ကြယ်တာရာနိယာမ၏အပြင်ဘက်မှ တစုံတခုကို ရှာဖွေရန်ဖြစ်လာစေခဲ့ပြီး ကြယ်တာရာမဟာမိတ်အဖွဲ့ကိုနှစ်များစွာကြာအောင် ဆန့်ကျင်လာခဲ့သည်။ ဤငြိမ်းချမ်းသောကြယ်တာရာ
ခေတ်တွင်ပင် လောကကြီး၏ထောင့်တိုင်းက လှပမနေပေ။ ကြယ်တာရာမဟာမိတ်အဖွဲ့၏ထိန်းချုပ်မှုနှင့်ကင်းကွာနေသော မိုးမှောင်ဧရိယာ၌အရာအားလုံးကို ငွေဖြင့်ဝယ်ယူနိုင်ပေသည်။

အဖွဲ့အစည်းတိုင်းသည် ငွေအလုံအလောက်ပေးလိုက်သည်နှင့် ဘာမဆိုလုပ်မည့် လူမိုက်များနှင့်ရာဇဝတ်ကောင်များဖြင့်ပြည့်နှက်နေတတ်၏။ ဂါဗင်သည်ကား ငွေလိုအပ်နေခြင်းမရှိ။ ငွေဆိုသည်မှာ သူ့အတွက်ယူရန်အလွယ်လေးပင်။

မိုးမှောင်မျှော်စင်စစ်သားများနှင့် ဥက္ကာခဲကိုဖန်တီးခြင်းက ဂါဗင်၏ရည်ရွယ်ချက်ရှိသောလုပ်ဆောင်ချက်များသာဖြစ်သည်။ မိုးမှောင်မျှော်စင်စစ်သားများက ငြိမ်းချမ်းသည့်ခေတ်သစ်ကိုဖျက်ဆီးရာတွင်ကူညီပေးလိမ့်မည်ဟု သူမျှော်လင့်ထားသည်။ သူ၏မျှော်လင့်ချက်နှင့်ပတ်သတ်
၍ မှားယွင်းနေသည့်အရာမရှိ။ မိုးမှောင်မျှော်စင်စစ်သားများက သူမစီစဉ်ထားခဲ့သည့်ကိစ္စဖြစ်လာသည်အထိ သူမျှော်လင့်ထားခဲ့သည့်အတိုင်းပင် ဆောင်ရွက်ခဲ့ကြသည်။ သို့သော်...

ငါ လူသားမဟုတ်တော့ဘူးWhere stories live. Discover now