Chapter 48

817 145 2
                                    

CHAPTER 48

ကုဟွိုက်သည် လက်ကိုဆန့်ထုတ်လိုက်၏။ သူနှင့်မျက်နှာချင်းဆိုင်မှ မိုးမှောင်မျှော်စင်အဖွဲ့ဝင်များမှာချက်ချင်းမတုံ့ပြန်နိုင်ခဲ့ကြချေ။ အားလုံး၌ ကြောင်စီစီအမူအရာကိုယ်စီရှိနေကြသည်။

အိမ်ပြန်မယ်..သူတို့ကိုပြောလိုက်တာလား? သူတို့မှာ ကြားလိုက်ရသည့် စကားကိုပင်မယုံကြည်နိုင်ကြ။ မိုးမှောင်မျှော်စင်စစ်သည်တော်များက ကုဟွိုက်အားစောင့်ကြည့်ရန် နေရာတွင်ပင်ရပ်လိုက်ကြသည်။ သူတို့၏တကိုယ်တော်သံသယများကြောင့် ရှေ့ကိုပင်မလှမ်းရဲကြပေ။

"ဘာ...ဘာပြောလိုက်တာ..?"

ကာလန်က ခွေးအလှည်းနင်းသလိုဖြစ်နေပြီး အတည်ပြုနိုင်ရန် ကြိုးပမ်းနေရရှာသည်။

ကုဟွိုက်က အကြောဆန့်နေဆဲဖြစ်ကာ နောက်တကြိမ် အသေအချာဖြင့် ညင်သာစွာပြောလိုက်ပြန်၏။

"မင်းတို့ ငါနဲ့အတူ အိမ်ပြန်မလိုက်ဘူးလား.."

ဤတကြိမ်တွင် သူတို့နားကြားမလွဲသည်မှာ သေချာသွားပြီ။ သူတို့ကြားလိုက်သည့်စကားက မမှားသည့်အခါ မိုးမှောင်မျှော်စင်စစ်သည်တော်များမှာ ပို၍ပင် ပြောစရာစကားပျောက်ရှသွားရလေ၏။

ကာလန်၏အသံက လည်ချောင်းထဲတွင်တစ်နေကာ သူ့အသံသူကိုပင် ခက်ခက်ခဲခဲ ညှစ်ထုတ်နေရသည်။

"အိမ်အတူပြန်လိုက်ခဲ့ဆိုတာက...."

သူတို့ထင်ထားတဲ့အတိုင်းများလား? ကုဟွိုက်က မပွင့်တပွင့်လုပ်ရန်ရည်ရွယ်ချက်မရှိခဲ့ပေ။ သူသည် မိုးမှောင်မျှော်စင်စစ်သည်တော်များအားစိတ်မထင့်စေလို၍ ခပ်ရှင်းရှင်းသာပြောလိုက်သည်။

"ငါနဲ့ဇက်တွေရဲ့နေရာလိုက်ခဲ့...ပြီးတော့...အဲဒီမှာနေလေ...ဘယ်လိုသဘောရလဲ.."

မိုးမှောင်မျှော်စင်စစ်သည်တော်များမှာ သူတို့၏ခြောက်ကပ်နေသောမျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး အားငယ်စိတ်များကိုဖယ်ရှားနေကြရသည်။ ဒါပေါ့၊ လိုက်မှာပေါ့...

ကာလန်က ခေါင်းညိတ်ကာ အပျော်လွန်သွားသောကြောင့် ရှေ့တလှမ်းတိုးလာပြီး ကုဟွိုက်လက်အားလာဆွဲရန်ကြံသည်။ သူကရှေ့သို့်ဆက်လျှောက်သွားပြီး လက်ပင်မမြှောက်ရသေးခင် သူ၏ဘေးမှလူကဝင်တားလာ၏။

ငါ လူသားမဟုတ်တော့ဘူးWhere stories live. Discover now