Chapter 5

2.3K 364 3
                                    

Chapter 5

လှိုဏ်ဂူထဲတွင် တစ်ရက်တာခန့် အနားယူလိုက်ပြီးသည်နှင့် ပြန်ကောင်းသွားနိုင်၍ ဤအဆင့်မျှ ထိခိုက်မှုမျိုးကို တက်ခ်ဇက်များက ဒဏ်ရာဟု မသတ်မှတ်ကြပေ။

" မြန်မြန်ပြန်ရအောင်..."
အမှနတွင် လှိုဏ်ဂူအတွင်းမှ ထွက်လာကြသည်မှာ မကြာသေးသော်လည်း ဘေးနားမှ တက်ခ်ဇက်များကို မိုးမစိုစေချင်၍ ကုဟွိုက်က အလျင်အမြန်ဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်သည်။

ဤဂြိုလ်ပေါ်မှမိုးက သာမန်မိုးနှင့်မတူသည်ကို ကုဟွိုက်တွေ့ရှိသွားခဲ့သည်။

သူ့မှာသာ ထီးတစ်ချောင်းလောက်ရှိရင်တော့...

လှိုဏ်ဂူရှိရရာသို့ပြန်လာသည့်လမ်းကြောင်းတွင် ကုဟွိုက်က တက်ခ်ဇက်တစ်ယောက်ကို  သစ်ကိုင်းအနည်းငယ်ယူလာခိုင်းခဲ့သည်။ ဂူထဲပြန်ရောက်သည်နှင့် ကုဟွိုက်က ထိုသစ်ကိုင်းများကိုချပြီး မြေပြင်ပေါ် ထိုင်လိုက်သည်။

ဥခွံထဲမှ ထွက်လာစဉ် သူ့မသိစိတ်က စွမ်းရည်အချို့ကိုသုံးပြီး အဝတ်များပေါ်လာအောင်လုပ်နိုင်သည်ကို အမှတ်ရသွားခဲ့သည်။

အဝတ်အစားများလိုချင်သည်ဟု တွေးလိုက်ချိန်တွင် သူ့လက်ထဲမှ ဥခွံက လေထဲတွင် ပျောက်ကွယ်သွားပြီး သူ့ကိုယ်ပေါ်တွင် အဝတ်အစားများ ပေါ်လာခဲ့သည်။

ဒီစွမ်းရည်က ညီတူညီမျှလွှဲပြောင်းနိုင်စွမ်းနဲ့ ဆင်တူတာများလား...

အဝတ်အစားပြုလုပ်ရန်အတွက် ဦးဆုံးလိုအပင်သည့်အရာမှာ ဝါဂွမ်းဖြစ်ပြီး ဇက်ဖြစ်လာမည့်ဥတစ်လုံးက သာမန်မဟုတ်နိုင်ပေ။ ထိုအရာကို အဝတ်အထည်နှင့်လဲလှယ်နိုင်သည်မှာ ကျိုးကြောင်းဆီလျော်ပေသည်။

ကုဟွိုက်က သူ့စွမ်းရည်ကို သတိပြုမိလိုက်ပြီးနောက် မြေပြင်ပေါ်မှ သစ်ကိုင်းရှည်ကြီးနှင့် သစ်ရွက်ပေါ် လက်တင်လိုက်ပြီး ထီး၏ပုံသဏ္ဍာန်ကို ကြိုးစားပုံဖော်ကြည့်လိုက်သည်။

သစ်ကိုင်းခြောက်က ထီးလက်ကိုင်ဖြစ်လာပြီး သစ်ရွက်များက ထီးအရွက်ဖြစ်လာပေမည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကုဟွိုက်ထိလိုက်သော သစ်ကိုင်းများနှင့် သစ်ရွက်များက ပျောက်ကွယ်သွားခဲ့သည်။ သူ ဆုတောင်းနေစဉ်မှာပင် မြေပြင်ပေါ်တွင် ထီးအဖြစ်အသုံးပြု၍ရသော ဖန်တီးမှုတစ်ခု ပေါ်လာပြန်သည်။

ငါ လူသားမဟုတ်တော့ဘူးWhere stories live. Discover now