新一 "你爱怎我" | HeeHoon

1.1K 35 1
                                    

-unicode only-

ကျွန်တော့်ရဲ့ဆန္ဒကတော့ သူနဲ့တစ်ထပ်တည်းပါလို့ပြောချင်ပေမဲ့ သူ့ရဲ့ဆန္ဒကတော့ ကျွန်တော်နဲ့ဘယ်တော့မှမတူပါဘူး...။

ကျွန်တော်က တောရိုင်းနှင်းဆီအနီတွေမှာဆူးတွေပါလို့ မကြိုက်ဘူးဆိုရင် သူက ထိုတောရိုင်းနှင်းဆီတွေကို အကြိုက်ဆုံးပါတဲ့...။

ကျွန်တော်က ကြာပန်းတွေကိုကြိုက်ရင် သူကတော့နှာခေါင်းရှုံတတ်တယ်...။

သူက လူတိုင်းကိုပန်းနဲ့တင်စားပြီးပြောတတ်သေးတယ်။

ထိုသို့အကြိုက်ရော ပုံစံရော အသိုင်းအဝိုင်းရော မတူတဲ့ ကျွန်တော်တို့နှစ်ဦးချစ်ကြိုက်မိသွားတယ်ဆိုရင် မင်းတို့ယုံမလား။

ယုံမယုံတော့မသိပေမဲ့ ကျွန်တော်တို့က ဒီမြို့လေးမှာ သူတစ်ပါးအားအကျရဆုံးစုံတွဲလေးဖြစ်ခဲ့တယ်...။

ကျွန်တော်နေတဲ့မြို့လေးက မြို့တော်ဝန်က သူများမြို့တော်ဝန်တွေမနှစ်မြို့တဲ့လိင်တူချစ်ကြိုက်ခြင်းကို အသိအမှတ်ပြုထားသူပါ...။

ဒါကြောင့်မို့ ကျွန်တော်တို့ကပေါ်တင်ချစ်ကြိုက်လို့ရတာပေါ့..။

ဒါပေမဲ့ ကျွန်တော့်ဖခမည်းတော်က ကျွန်တော်တို့ချစ်ခြင်းကို ကန့်ကွက်ပြီး ကျွန်တော်နဲ့သူ့ကို ခွဲခွာခဲ့တယ်...။

သူက မခွဲခွာခင် ဖခမည်းတော်ကိုပြောသွားတဲ့စကားတစ်ခွန်းရှိတယ်..။

"ဘုရင့်တော်ဝင်ကြာပန်းလေးကိုလက်လှမ်းယူမိတဲ့ တောရိုင်းနှင်းဆီလေးရဲ့ဘဝက သိပ်ကို...ရင်နာဖွယ်ကောင်းတာဘဲနော် အရှင်မင်းကြီးရဲ့ကြာပန်းလေးကို ကျွန်တော်မျိုးလို တောထဲမှာအလေ့ကျပေါက်တဲ့ တောရိုင်းနှင်းဆီပန်းပင်ငယ်လေးက စွန့်လွှတ်ရမှာပေါ့"

"ပြီးတော့ ကြာပန်းငယ်လေးကို အရှင်မင်းကြီး အခြားမင်းသမီးတစ်ပါးနဲ့လက်ထပ်ထိမ်းမြားတော့မယ်ဆိုရင် ကျွန်တော်မျိုးကိုပြောပါ လက်ဖွဲ့အတွက် တောရိုင်းနှင်းဆီလေးပြင်ဆင်လို့ရအောင်..."

လို့ပြောပြီး ကျွန်တော့်ရှေ့ကပျောက်ကွယ်သွားသည်မှာ သုံးလတင်းတင်းတောင်းပြည့်ရောပေါ့။

ဒီနေ့ ဖခမည်းတော်က တစ်ဖက်တိုင်းပြည်ကမင်းသမီးနဲ့ကျွန်တော့်ကို ထိမ်းမြားမယ့်နေ့...။

တစ်ဖက်တိုင်းပြည်မင်းသမီးက ပျော်နေပေမဲ့ ကျွန်တော်ကတော့ ပျော်မနေခဲ့ပါဘူး

ပြီးတော့ သူလာတယ်။တောရိုင်းနှင်းဆီပန်းလေးကိုင်ပြီး သူလာခဲ့တယ်...။

"မင်းသားငယ်ရဲ့လက်ထပ်ပွဲအတွက် ဂုဏ်ပြုပါတယ်"တဲ့

အေးအေးဆေးဆေး လွမ်းဆွေးတဲ့ပုံစံလည်းမတွေ့ရ တစ်လုံးချင်းကို ရင်ထဲကနေပါပြောသလိုခံစားရသည်။

သူမေ့နိုင်သလားတောင်မှတ်ရတယ် ဘာလို့ဆိုတော့ ကျွန်တော်က နှင်းဆီနဲ့ဓာတ်မတည့်တဲ့သူတစ်ယောက်လေ...

တောရိုင်းနှင်းဆီလေးပေးတာတွေ့တော့ တစ်ဖက်တိုင်းပြည် မင်းသမီးက "ဘယ်လိုတောပန်းအစုတ်ပလုတ်ကို အရှင့်ဆီလာပေးရဲသလဲ" ဆိုပြီး တောရိုင်းနှင်းဆီပန်းလေးကို မြေပေါ်ပစ်ချပြီး ခြေထောက်နဲ့တက်နင်းခဲ့တယ်။

နှင်းဆီအနံ့ကိုရှူမိရင်တောင် ကျွန်တော့်မှာ သေတော့မလိုခံစားရသည်။

သို့ပေမဲ့ သူကတော့ ထိုတောရိုင်းနှင်းဆီတွေကိုအမြတ်နိုးဆုံးပါတဲ့...။

တစ်ဖက်တိုင်းပြည်မင်းသမီးရဲ့အပြုအမူကြောင့် တိုင်းသူပြည်သားတွေက ရှုံချကာ ကျွန်တော်တို့မဂ်လာပွဲကို ဖျက်ခဲ့သည်။

ပြီးတော့ သူထပ်ပျောက်သွားခဲ့ပြန်သည်...။

သူဘာလို့ တောရိုင်းနှင်းဆီလေးကိုကြိုက်ရတာလဲဆိုတာကို ပြောဖူးသည်။

သူမွေးဖွားတဲ့အချိန်တုန်းက တစ်တောလုံး နှင်းဆီအနီတွေ ဝေဆာပြီးအများဆုံးပွင့်ခဲ့တဲ့အချိန်တဲ့...။

ကျွန်တော့်တောရိုင်းနှင်းဆီလေးနာမည်က "အီဟီဆွန်း"တဲ့...။

တောရိုင်းနှင်းဆီတွေနဲ့တစ်ချိန်တည်းဖွားမြင်ခဲ့တဲ့ အီဟီဆွန်းဆိုတဲ့ တောရိုင်းနှင်းဆီလေးကို အမြင့်မြတ်ဆုံးသော တော်ဝင်ကြာပန်းနဲ့ဖွားမြင်ခဲ့တဲ့ ကျွန်တော် ပတ်ဆောင်းဟွန်းက အချစ်ဆုံးပါလို့ အခွင့်ကြုံရင်ပြောချင်ပါသေးတယ်...။

ကိုယ့်ရဲ့တောရိုင်းနှင်းဆီလေးရယ်...။

ကိုယ့်မှာဆန္ဒတစ်ခုရှိတယ်။

အဲ့ဆန္ဒက "မင်းရော ကိုယ့်ကိုချစ်ခဲ့ရလားလို့" မေးချင်တဲ့ဆန္ဒလေးပါဘဲ..

__________新一 "你爱着我"

HEEHOON DONE!!

新一 "你爱着我" ရဲ့အဓိပ္ပာယ်က

*ဆန္ဒကတော့ "မင်းငါ့ကိုချစ်လား"* ပါ

#ဝီလိုကင်မ်

𝖤𝖭𝖧𝖸𝖯𝖤𝖭 𝖮𝗇𝖾𝖲𝗁𝗈𝗍 𝖢𝗈𝗅𝗅𝖾𝖼𝗍𝗂𝗈𝗇On viuen les histories. Descobreix ara