Except For HIM!! | HeeJake

299 23 0
                                    

ကံကြမ္မာကဆိုးဝါးလွန်းတယ်။

လူတိုင်းအတွက် ကံကြမ္မာကဘယ်လိုမှန်းမသိပေမဲ့ သူ့အတွက်ကအရမ်းကို ဆိုးဝါးလွန်းတယ်။

သူ့ကိုမချစ်မကြိုက်တဲ့အပြင် စိမ်းစိမ်းဝါးဝါးပါဖြစ်နေတဲ့သူကို သူကကြိုက်နေမိပါတယ်တဲ့။

သူကတော့ ဘယ်‌လက်ခံပါ့မလဲ Lee Heeseung ဆိုတဲ့ရိုင်းစိုင်းလွန်းတဲ့သူ့လိုလူကိုလေ အဲ့အစား ထီပေါက်ရင်တောင် ကံကောင်းနိုင်ဦးမယ်။

ကျောင်းရဲ့လူဆိုး၊ရန်ပွဲ‌များရဲ့ဘုရင်၊စာမတော်ဘူး၊ရုပ်ကချောလွန်းလို့ လူသေနိုင်တဲ့အထိဖြစ်တတ်တယ်၊မိန်းကလေးတွေကို အဝတ်တွေလို တွဲတတ်တယ်။ နောက်ဆုံးတစ်ခု Lee Heeseung ကမချစ်တတ်ဘူး။

ထိုသို့ဂုဏ်ပုဒ်တွေနဲ့ ကျောင်းလူဆိုးက ကျောင်းရဲ့စံပြကျောင်းသားလေးကိုသွားချစ်မိပါသတဲ့။စံပြကျောင်းသားလေးကတော့ သူ့ကိုဆိုခါးခါးသီးသီး။ဘယ်ဘဝက အမုန်းတွေပါထည့်ပေါင်းထားလဲမသိဘူး ‌။

ခါးခါးသီးသီးဖြစ်လည်း ကိစ္စမရှိပါဘူး။သူချစ်နေရင် ရပြီလေ။

"Heeseung hyung ဒီမှာ ဘာလို့တငြူငြူတငိုင်ငိုင်နဲ့ ဆေးလိပ်လာထိုင်သောက်နေတာလဲ"

"အော် Jay"

"Sim Jaeyun က hyung ကိုထပ်ပြီးအနာပေးလိုက်လို့လား"

Jay ပြောတာလည်းမဆန်းပေ။Heeseung ချစ်ရသူ စံပြကျောင်းသားလေး Jaeyun ကိုသွားတွေ့တိုင်းအနာတစ်ခုအမြဲရလာတတ်သည်။ကျောင်းလူဆိုးက သူ့အသားထိရင် ပွဲကြမ်းတတ်ပေမဲ့ Sim Jaeyun ကတော့ ချွင်းချက်ပါ။

"မဟုတ်ပါဘူးကွာ ငါ့ဘာငါစိတ်အဆင်မပြေလို့"

"မယုံဘူး ဂျာကင်ချွတ်ပြ"

"အေးတယ်ဟ "

နောက်ဆူံး Jay ကဘာမှထပ်မပြောတော့ဘဲ သူ့ဂျာကင်ကိုဆွဲချွတ်သည်။သူကလည်းပြန်ဆွဲထားတာမို့ ရုန်းရင်းကန်ရင်းနဲ့ပင် ဂျာကင်က Jay လက်ထဲပါသွားသည်။

ဖြူဖွေးလှတဲ့ရင်ဘတ်အရေပြားက နီရဲတွက်နေသောအကွက်သည် ကော်ဖီပူလောင်းခံရခြင်းပင်။

ချစ်ရသူလေးက Heeseung ချစ်စကားဆိုပြီဆို အနားမှာရှိတဲ့တစ်ခုခုနဲ့ သူ့ကိုပစ်ပေါက်တတ်သည်။ဒီနေ့ကတော့ ကော်ဖီနဲ့အပက်ခံတဲ့နေ့ပေါ့။သူမနာပါဘူး အသားနာတာက ရင်ဘတ်ထဲကအနာလောက် မနာပါဘူး။

ဂျာကင်ကို Jay လက်ထဲကပြန်လုရင်း အပေါ်ကထပ်ဝတ်လိုက်သည်။အောက်မှာ စွပ်ကျယ်ဘဲဝတ်ထားတာမို့ ခဏလေးချွတ်ထားရင်တောင် လူကခဲမတတ်။

Jay ကတော့ ဒေါသဂရုဏာမျက်လုံးများနှင့် ကြည့်ပြီးမှ သက်ပြင်းရှည်ချကာ Sim Jaeyun ကိုသွားလုပ်မယ်တကဲကဲဖြစ်နေလို့ သူ့မှာပြန်ဆွဲထားရသေး၏။

"hyung ကို့ hyung လည်းပြန်ကြည့်ဦး အဲ့ Sim Jaeyun ကိုသွားတွေ့ပြီးပြန်လာတိုင်း ဒဏ်ရာတစ်ခုမဟုတ်တစ်ခုပါလာတယ်လေ မချစ်ပါနဲ့တော့လားဗျာ"

Jay သူ့ကိုသနားလို့ပြောနေတာလည်း သူသိပေမဲ့ သူ့နှလုံးသားက Sim Jaeyun မှမဟုတ်ရင် ဘယ်သူ့ကိုမှမချစ်တော့ဘူးတဲ့။

သူဘယ်လောက် ကိုယ့်ကိုနာကျင်အောင်လုပ်ပါစေ ကိုယ်ကချစ်နေရင်ရပြီလေ။သူလောဘမကြီးပါဘူး

ပြန်ချစ်လာမယ့်အချိန်ကိုစောင့်ရုံပေါ့။တစ်နေ့နေ့တော့ Sim Jaeyun သူ့ကိုပြန်ချစ်လာမှာပါ။

အင်း တစ်နေ့နေ့ပေါ့...။

◉◉◉◉◉◉◉

HEEJAKE DONE!!

လူဆိုးတွေလည်း အသည်းနဲ့ပါ
ဝီလိုကတော့လူဆိုးကောင်လေးတွေတော်တော်များများကို သဘောကျတယ် { ဇာတ်ကားထဲကပေါ့နော် }

#ဝီလိုကင်မ်

𝖤𝖭𝖧𝖸𝖯𝖤𝖭 𝖮𝗇𝖾𝖲𝗁𝗈𝗍 𝖢𝗈𝗅𝗅𝖾𝖼𝗍𝗂𝗈𝗇Where stories live. Discover now