Cry For Me | WonKi

199 15 0
                                    


ငိုလိုက်စမ်း။

ငါ့အတွက် ငိုကြွေးလိုက်စမ်းပါ။

ငါ့တုန်းကခံရသလိုမျိူး မင်းလည်းပြန်ခံလိုက်ပါ။

ငါငိုကြွေးခဲ့သလိုမျိုး မင်းလည်းငိုကြွေးလိုက်စမ်းပါ Nishimura Riki

ငါကိုကစားခဲ့သလိုမျိုး မင်းပြန်ကစားခံရတာ ဘယ်လိုနေလဲ Nishimura Riki

- CRY FOR ME -

မှောင်မဲနေသောအခန်းတစ်ခန်းဝယ် ကုတင်ထက်၌ ခြေထောက်တစ်ဖက်အား သံကြိုးဖြင့်အခတ်ခံထားရသော လူငယ်တစ်ယောက်။ဘယ်လိုရုန်းရုန်းမပြတ်နိုင်တဲ့ သံမဏိဖြစ်တာမို့လို့ ရုန်းတိုင်းထိုလူငယ်မှာပိုနာကျင်ရသည်။

အခုဆို ထိုလူငယ်ရဲ့ခြေချင်းဝတ်ဟာ သွေးများနဲ့ရဲရဲနီနေပြီး ကုတင်အဖြူထက် ပေစွန်းကုန်သည်။ဒါတောင် ထိုလူငယ်ကမမှုဘဲ ဆက်ရုန်းနေသေးသည်။

ခဏကြာတော့ မှောင်မဲနေတဲ့အခန်းတံခါးပွင့်လာသည်။ပထမဆုံး အလင်းရောင်ကိုမြင်လိုက်ရတဲ့အတွက် ထိုလူငယ်ကမျက်လုံးကျိန်းသွားသည့်ပုံဖြစ်ကာ မျက်လုံးမှိတ်လိုက်မိသည်။

မကြာ *ဒေါက်* ဆိုသောအသံနှင့် အခန်းမီးဖွင့်လိုက်သံကြားမှ ထိုလူငယ်ကမျက်လုံးဖွင့်မိသည်။ဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့လူကြောင့် ထိုလူငယ်မှာ အံ့ဩသွားကာ နှုတ်မှလည်း အမည်တစ်ခုထွက်ကျလာသည်။

ထိုအမည်မှာ

"Yang Jungwon !!"

- CRY FOR ME -

WONKI DONE !!!


ဝီလိုတို့အူးကြူးကြူးလေးနှစ်ယောက်အတွက်ပါ

#ဝီလိုကင်မ်

𝖤𝖭𝖧𝖸𝖯𝖤𝖭 𝖮𝗇𝖾𝖲𝗁𝗈𝗍 𝖢𝗈𝗅𝗅𝖾𝖼𝗍𝗂𝗈𝗇On viuen les histories. Descobreix ara