CEO'S {Or} SECRETARY'S | JayKe

409 26 0
                                    

Jay တစ်ယောက် အလုပ်အစည်းအဝေးရှိလို့ မနက်ခင်းကို ပရုတ်သုတ်ခဝုန်းဒိုင်းပြင်ဆင်ရတဲ့နေ့။ဆေးပေးမီးယူမပြောနဲ့ မောလို့ရှူစရာတောင်မရှ်ိတော့ အရာရာမှာတစ်ယောက်တည်းသာ။

ချမ်းသာလို့ကြိုက်တဲ့မိန်းမခေါင်းခေါက်ယူနိုင်ပေမဲ့ သူကကပ်စီးနည်းကော်တရာ။အဆင်ပြေပါတယ်။ဒိတ်လုပ်ဖူးပေမဲ့လည်း အကုန်လုံးကသူ့ကိုမတွဲချင်။အကြောင်းပြချက်က အရပ်ပုလို့တဲ့။

သူ့အရပ်က မပုရင်တောင်ရှည်တဲ့အထဲမှာပါသေးသည်။ဒါကို သူတို့က သူတို့ထက်ပေတရာနီးပါးရှည်တဲ့သူကိုဘဲ ဒိတ်ချင်သည်တဲ့လေ။အဲ့ဒါများ ရုပ်ထုနဲ့ဒိတ်ပါလားလို့ Jay ပြောပြလိုက်ချင်သေးတယ်။

ကုမ္ပဏီရောက်တော့လည်း ထိုင်တောင်မထိုင်ရသေး အစည်းအဝေးကစ၏။ငြင်းခုံဆွေးနွေးနေကြတဲ့ အဘိုးကြီးတွေကြားမှာ သုံးနာရီလောက်နားညီးခံစွာထိုင်နေရပြန်သည်။အစည်းအဝေးလည်းပြီးတော့ နာရီကိုကြည့်လိုက်ရာ ဆယ်နာရီတောင်ထိုးတော့မည်။အခုထိ သူကဘာမှမစားရသေးဘူး။

"Sim Jaeyun ကို ကော်ဖီနဲ့ပေါင်မုန့်လာပို့ခိုင်းလိုက်"

အတွင်းရေးမှူးကိုမှာကြားပြီးနောက် ရုံးခန်းထဲဝင်ကာ မပြီးပြတ်နိုင်တဲ့အလုပ်ပုံကြားတဖန်ခေါင်းထိုးထည့်ရပြန်သည်။သိပ်မကြာ တံခါးခေါက်သံသုံးချက်တိတိကြားလိုက်ရ၏။

*ဒေါက်...ဒေါက်...ဒေါက်...*

Sim Jaeyun တို့ ဘယ်အရာမဆိုတိကျတယ်ဆိုတာ အပြောသက်သက်မဟုတ်မှန်း Jay သိသည်။တံခါးလေးခေါက်တာတောင် အလိုအပိုမရှိ သုံးချက်အပြင်ပိုမခေါက် မကြားရင်မကြားတဲ့အတိုင်း တံခါးမဖွင့်လာရင် Sim Jaeyun တို့ကပြန်လှည့်တတ်သည်။

"ဝင်လာခဲ့ပါ"

တံခါးကိုဖွင့်ပြီးဝင်လာတော့ အရင်ရမိတဲ့အနံ့က ကော်ဖီနံ့မဟုတ်ဘဲ ပေါင်ဒါအနံ့။Sim Jaeyun တို့ကအလှလည်းသိပ်မကြိုက်ရှာဘူး ပေါင်ဒါနံ့ကိုမွှန်ထူနေတာဘဲ တခြားသူတို့လိုရေမွှေးမသုံးဘဲ ပေါင်ဒါဘဲသုံးတတ်တာက Sim Jaeyun ရဲ့ထူးခြားတဲ့အချက်။

ကော်ဖီနဲ့မုန့်ဗန်းကို စားပွဲပေါ်တင်ကာ ခပ်လှမ်းလှမ်းမှာဝင်ထိုင်ပြီး သူ့ကိုကြည့်နေလေရဲ့။တစိတ် ပေါ်တင်ကြည့်တော့ ဘယ်သူကမရှက်ဘဲနေမလဲ။အခုဆို Jay ရဲ့ပျားရည်ရောင်အသားလေးက နည်းနည်းတောင်နီလာသလိုပင်။

"JayJay မုန့်လာစားတော့လေ"

ဘာကို JayJay လဲ CEO Of Three Emperors[ဧကရာဇ်သုံးပါး] Jay Park ကွ ပြန်ပြောခေါ်စမ်းဆိုတဲ့အကြည့်နဲ့ကြည့်ပေးလိုက်တော့ လူကိုဖြီးပြလိုက်သည်။ပြံုးလိုက်ရင် ခွေးပေါက်လေးနဲ့တူလွန်းတဲ့လူကြောင့် Jay ခဗျာ ကွန်ပျူတာထဲခေါင်းဝင်လွန်းမတတ် စိုက်ကြည့်မိ၏။

"ကဲ ရွှေစိတ်တော်မကောက်ပါနဲ့ JayJay ရာ အဆာလွန်မယ် လာစားတော့ ပြီးမှအလုပ်ပြန်လုပ်"

"မစားသေးဘူး ဒါအရင်လုပ်အုံးမယ်"

"ဒါဆို ကိုယ်ခွံ့ကျွေးရမလား"

မျက်စောင်းထိုးပြီးတားပေမဲ့ Sim Jaeyun ဆိုသည့်အတိုင်း ပါးစပ်ထဲမုန့်ခွံ့ထည့်သည်။ပြောလို့မရအောင် အတင်းထိုးထည့်နေသည်မို့ Jay ၏ပါးမှာမုန့်တွေနဲ့ဖောင်းတက်ပြီး မနင်အောင် Sim Jaeyun ကိုမျက်စောင်းထိုးရသေးသည်။

မုန့်ကုန်သွားပြီမို့ ကော်ဖီကို Jay ကိုယ့်ဘာကိုမော့သောက်လိုက်သည်။ဟင် ကော်ဖီကခါးလည်းမခါးဘဲ ချိုနေသည်။Sim Jaeyun တို့သကြားဘယ်နှဇွန်းထည့်လိုက်သလဲမသိဘူး ဆီးချိုရှိတဲ့သူဆို ချက်ချင်းဂန့်နိုင်သည်။

မုန့်စားပြီးသည်အထိ Sim Jaeyun တို့အခုထိမပြန်သေးပါ။Jay ကသူ့လိုအလုပ်မရှိအကိုင်မရှိမဟုတ်လို့ စားပြီးတာနဲ့ ကွန်ပျူတာထဲခေါင်းစိုက်ရပြန်သည်။

"JayJay"

"Hmm?"

"ကိုယ်တို့ဘယ်ချိန်လောက် လက်ထပ်ကြမလဲ"

ကွန်ပျူတာရိုက်နေတဲ့လက်များ ချက်ခြင်းရပ်တန့်သွားကာ သူ့နားလာနေသော Sim Jaeyun ကို Jay မျက်မှောင်ကြုံ့ကြည့်လိုက်၏။

"ကိုယ်တို့တွေ ချစ်သူဖြစ်တာ ခြောက်လရှိပြီ ကိုယ် JayJay ကိုလက်ထပ်ခွင့်တောင်းထားတာကိုလည်း JayJay ကအဖြေပြန်မပေးသေးဘူး"

"ခြောက်လဘဲရှိသေးတာကို မမြန်လွန်းဘူးလား"

"ဟင့်အင်း နှေးတောင်နှေးနေသေးတယ် ကိုယ်က အမြန်ဆုံးနည်းနဲ့ JayJay ရဲ့နှလုံးသားအတွင်းရေးမှူးဖြစ်ချင်နေပြီ"

"အင်း ငါလည်း Sim Jaeyun ရဲ့နှလုံးသား CEO လေးဖြစ်ချင်နေပြီ"

◈◈◈◈◈◈◈

JAYKE DONE!!

ကျယ်မတို့ပျားရည်လုံးလေးမှာ ချစ်ရသူရှိတယ်
ရှင်တို့မှာ ရှိလား?

#ဝီလိုကင်မ်



𝖤𝖭𝖧𝖸𝖯𝖤𝖭 𝖮𝗇𝖾𝖲𝗁𝗈𝗍 𝖢𝗈𝗅𝗅𝖾𝖼𝗍𝗂𝗈𝗇Where stories live. Discover now