맥몬 나무의 천사 | JayWon

227 21 0
                                    

-unicode only-

နတ်သူငယ်တွေရှိတယ်ဆိုတာ ယုံလား?။

၂၁ ရာစုမှာ နတ်သူငယ်ရှိတယ်လို့သွားပြောလိုက်ရင် ရူးနေတယ်လို့အရင်ထင်ခံရမှာပါ။ဒါပေမဲ့ နတ်သူငယ်တွေတကယ်ရှိ မရှိဆိုတာကိုတော့ ဘယ်သူမှမသိကြဘူးပေါ့။

ယုံ မယုံတော့ မသိပေမဲ့ Jay ကတော့နတ်သူငယ်တစ်ပါးနဲ့တွေ့ဖူးသည်။

အဲ့နေ့ ကျောင်းကလေ့လာရေးခရီးတစ်ခုထွက်တာမို့ အပျော်အပါးဆိုတက်ကြွလွန်းတဲ့ Jay ကထိပ်ဆုံးကပါဝင်ခဲ့၏။နာမည်ကြီးတောင်တစ်ခုကို သွားရောက်လေ့လာရတာမို့ ခရီးဝေးဖြစ်သည်။တစ်တောင်ပေါ်တစ်တောင်တက် မြစ်ချောင်းတွေဖြတ် ချောက်ကမ်းပါးတွေကျော် ကျောင်းသားတွေတစ်သီတစ်တန်းကြီးနဲ့ အလွန်ပျော်စရာကောင်းခဲ့ပါသည်။

တောင်ကိုရောက်တော့ သူတို့ကိုလိုက်ပို့တဲ့နယ်ခံက အပင်တစ်ပင်ကိုညွှန်ပြကာ သူတို့ကိုရှင်းပြသည်။

"ဒီအပင်က လွန်ခဲ့တဲ့နှစ်ပေါင်း တစ်‌ေထာင်ကတည်းက ရှင်သန်ခဲ့တဲ့ မက်မွန်ပင်ပါ"

"နှစ်ပေါင်းတစ်ထောင် ဒါကဖြစ်နိုင်လို့လား"

"အေးလေ တမင်သက်သက်နာမည်ကြီးချင်လို့ လျှောက်ပြောနေတာကြီးကို"

ကျောင်းသူနှစ်ယောက်ရဲ့အပြစ်သံစကားများကိုကြားတဲ့ နယ်ခံဦးလေးကြီးကထိတ်လန့်သွားပုံရပြီး မက်မွန်ပင်ကြီးဘက်ကိုလှည့်ကြည့်သည်။အတော်ကြာစိုက်ကြည့်ပြီးမှ သူတို့ဘက်ပြန်လှည့်ကာ ခုနကအပြစ်ပြောသူ ကျောင်းသူနှစ်ယောက်အား ပြောပြလာသည်။

"ဒီမက်မွန်ပင်က ဘာလို့နှစ်ပေါင်းများစွာ မသေမကြေမပျက်စီးရတာလဲဆိုတာက ဒီမက်မွန်ပင်မှာနေထိုင်တဲ့ နတ်သူငယ်တစ်ပါးရှိလို့"

"နတ်သူငယ်?"

"တကယ်ကြီးလား"

"ငါလည်း နတ်သူငယ်ကိုတွေ့ချင်တယ်"

ကျောင်းသားတွေရဲ့တီးတိုးတီးတိုးအသံများကို နားထောင်ရင်း Jay လည်း နယ်ခံဦးလေးကြီးပြောတဲ့နတ်သူငယ်လေးကို တွေ့ချင်စိတ်ဖြစ်ပေါ်လာ၏။

𝖤𝖭𝖧𝖸𝖯𝖤𝖭 𝖮𝗇𝖾𝖲𝗁𝗈𝗍 𝖢𝗈𝗅𝗅𝖾𝖼𝗍𝗂𝗈𝗇Where stories live. Discover now