Do You Think " I'm OMEGA " | JungSeung

460 23 0
                                    

Mature On!!!

•°•°•°•°•°•°•°•°•

K မြို့တော်ရဲ့အထင်ကရ ကလပ်တစ်ခုဖြစ်တဲ့ X-King ကလပ်မှာ သူအပီအပြင်သောက်နေတာ။

သူ့နာမည် အီဟီဆွန်း Alpha တစ်ယောက်။ Alpha သာဆိုတာ သူ့ pheromones နံ့က ဘယ် alpha မှာမှမရှိတဲ့ နှင်းဆီပန်းနံ့။အမေက သူ့ကိုဘယ်လိုမွေးခဲ့လဲမသိဘူး သူ့မှာတော့ သူ့ pheromones ကိုဖုံးကွယ်ပြီးနေရသည်။

ဒီ alpha ကနှင်းဆီပန်းနံ့ရှိတယ်ဆိုပြီးပြောရင် alpha သိက္ခာကျတယ်။ဘယ် omega နဲ့မှလည်းမအိပ် တစ်ကိုယ်တည်းနေတာမို့လို့သာ သူ့အနံ့ကိုမသိကြတာ။

ကျောင်းတက်တုန်းကဆိုရင်လည်း pheromones အနံ့ဖျောက်ဆေးသုံးပြီး ကျောင်းတက်ခဲ့ရသည်။အဖေက သူ့ pheromones ကြောင့် "ငါ့ဂုဏ်သိက္ခာကိုကျအောင်မလုပ်နဲ့"လို့ဘဲအမြဲပြောပြီး အနံ့ပျောက်ဆေးတွေ သုံးခိုင်းသည်။

ဟူး သူ့အကြောင်းတွေပြောရရင် သုံးရက်သုံးညတောင်ပြီးမှာမဟုတ်ဘူး။

Dj နဲ့ဒွန့်နေကြတဲ့လူတွေကြားမှာ သူတစ်ယောက်ထဲထီးထီးကြီးထိုင်သောက်နေတာ။ပြောရရင် အိမ်ကဘဲကြီးနဲ့ရန်ဖြစ်လာပြီး ညစ်လို့လာသောက်တာ။

ကဖို့လည်းစိတ်မဝင်စားပါ။ထိုင်သောက်ပြီး မှောက်သွားဖို့သာ အာရုံထားတော့သည်။

"ဟေ့"

သူ့ကိုလှမ်းခေါ်တဲ့သံကြောင့် လှည့်ကြည့်တော့ အရင်မြင်လိုက်ရတာက ထင်းတောက်နေတဲ့ပါးချိုင့်နှစ်ဖက်၊သူ့ထက်ငယ်မယ့် ကောင်လေးတစ်ယောက်က သူ့ကို ဟေ့လို့ခေါ်လိုက်တာမို့ မျက်ခုံးကျုံ့မိသည်။ဘာလား ဒီကောင်လေးက

"ကိုယ်ခေါ်တာကြားရလား"

ကိုယ် ဝါးဟားဟား ရယ်ချင်စရာကြီး သူတောင်ကိုယ်လို့ တစ်ခါမှမသုံးဖူးသလို ပြောတောင်မပြောဖူး။သူ့ထက်ငယ်တဲ့ကောင်လေးက ကိုယ်လို့ပြောတော့ ရယ်ချင်လိုက်တာမှတအားဘဲ

"ကြားတယ်လေ wae?"

"ကြားရင် ဘာလို့ကိုယ့်ကိုပြန်မဖြေရတာလဲ"

"ခဏ တကိုယ်ကိုယ်နဲ့ အသက်ကဘယ်လောက်မို့လို့လဲ ငါက ၂၆ နော်"

သူ့အသက်ကိုကြားကြားချင်း ထိုကောင်လေးမှာမျက်ဝန်းများပြူးကျယ်ကုန်သည်။ထိုမျက်ဝန်းတွေက ကြယ်တာရာတွေအကုန်စုထည့်ထားသလိုမျိုး ကြည်တောက်တောက်။ အေးလေ အံ့ဩမှာပေါ့ သူကလည်း နုလွန်းတာကိုး။

𝖤𝖭𝖧𝖸𝖯𝖤𝖭 𝖮𝗇𝖾𝖲𝗁𝗈𝗍 𝖢𝗈𝗅𝗅𝖾𝖼𝗍𝗂𝗈𝗇Where stories live. Discover now