OCEAN Eyes On Me | JungSun

235 20 0
                                    

Song recommend

- "OCEAN EYES" By Billie Eillish

°°°°°°°

ပင်လယ်ပြာလိုမျက်လုံးရောင်...

ထိုမျက်လုံးထဲမှာ ကျရှုံးခဲ့တဲ့သူ့ပုံရိပ်..

ပင်လယ်ပြာကိုချစ်မိသွားခဲ့တဲ့သူ...

သူ့ရဲ့အရာအားလုံးဟာ ပင်လယ်ပြာထံ..

ပင်လယ်ပြာမျက်လုံးပိုင်ရှင်က သူ့ကိုဆိုစိမ်းစိမ်းဝါးဝါးမဟုတ်ရင်တောင် သိတောင်မသိပါ။သူကသာ ထိုသူ့ကိုတစ်ဖက်သတ်ချစ်မိနေတဲ့သူ။

"Yang Jungwon တို့တော့ ရူးသွားရှာပြီ"

"Hyung မှမချစ်ဖူးတာ Jay hyung ရာ"

"ငါကမချစ်ဖူးပေမဲ့ မင်းကရောအချစ်ခံဖူးလို့လား Kim Sunoo ကမင်းကိုသိတောင်မသိဘဲ"

"ကျွန်တော်က သူ့ကိုအဝေးကနေဘဲ ချစ်နေမှာလေ"

"အေးပါ ကျန်ရစ်ကြီးရယ်"

ပင်လယ်ပြာလေးနာမည်က Kim Sunoo တဲ့ အထက်တန်း တတိယနှစ်က နာမည်ကြီးစီနီယာတစ်ယောက်ပေါ့ဗျာ။သူကတော့ မမြင်ရတဲ့နေရာကနေ ပင်လယ်ပြာကိုချစ်နေတဲ့လူသားတစ်ယောက်။

ပင်လယ်ပြာကြိုက်တဲ့ mint choco ice cream ကိုဝယ်ရင်း ကျောင်းသို့ထွက်လာခဲ့သည်။ပင်လယ်ပြာထက် ဦးအောင်ရောက်ပြီး ရေခဲမုန့်ပေးရမယ်လေ။

အော် မေ့လို့ ပင်လယ်ပြာမှာ ချစ်ရသူရှိတယ်လို့ သတင်းတွေကြားရတယ်။အဲ့နေ့ကဆို သူငိုပါငိုမိသေးတယ်။Yang Jungwon ကသန်မာတယ်ဆိုပေမဲ့ ပင်လယ်ပြာနဲ့ပတ်သက်ရင် သူ့မှာအမြဲပျော့ညံ့ရပြန်သည်။

ဒီနေ့တော့ ပင်လယ်ပြာကိုရေခဲမုန့်ပေးလို့မရဘူးထင်ပါတယ်။ဘာလို့လဲဆိုတော့ ပင်လယ်ပြာက သူ့ထက်အရင်စောရောက်နေလို့ အရင်ကဆိုပင်လယ်ပြာက ကျောင်းတက်ခံနီး ဆယ်မိနစ်လောက်အလိုမှ ကျောင်းလာတက်တဲ့သူလေ။

စောစောစီးစီးရောက်နေတာမို့ အခန်းထဲမှာပင်လယ်ပြာတစ်ယောက်တည်း။ပြောရမယ်ဆို ကျောင်းဝန်းထဲမှာ သူရယ် ပင်လယ်ပြာရယ် ကျောင်းစောင့်ဦးလေးကြီးရယ် သုံးယောက်တည်းရှိတယ်။

အခန်းထဲဝင်မယ့်ခြေလှမ်းကိုပြန်ရုတ်ရင်း ဘယ်သူမှသိပ်မလာတတ်တဲ့ ကျောင်းကြက်တောင်ရိုက်ကွင်းကိုသာ ထွက်လာခဲ့တော့သည်။ရေခဲမုန့်ပျော်သွားလည်း နေ့လည်ကျမှ နောက်တစ်ခုထပ်ဝယ်ပြီး ပေးလိုက်မယ်။

အခုတော့ သူပင်လယ်ပြာဆီစိတ်လွင့်လိုက်အုံးမယ်။စိတ်လွင့်မယ်ဆိုပေမဲ့ ကြားလိုက်ရတဲ့ခြေသံကြောင့် အတွေးကပြတ်တောက်သွားသည်။မနက်ဆို ကြက်တောင်ရိုက်ကွင်းက လူမလာပါဘူး။နေ့လည်း PE ချိန်လောက်သာ တချို့မိန်းကလေးတွေ ကြက်တောင်လာရိုက်တာဘဲရှိတယ်။

ခြေသံက သူ့နားမှာရပ်သွားတာမို့ မော့ကြည့်မိလိုက်သည်။နေရောင်ကြောင့်မျက်လုံးကိုစူးသွားတာမို့ လက်နှင့်ကာပြီးကြည့်လိုက်သည်။

တွေ့လိုက်ရတဲ့မျက်နှာကြောင့် အသက်ရှုဖို့တောင်မေ့သွားသလို ကျောက်ရုပ်ကြီးသဖွယ်ဖြစ်သွားသည်။ပင်လယ်ပြာ ပင်လယ်ပြာကသူ့နားမှာရပ်ပြီး သူ့ကိုငုံ့ကြည့်နေတာ။

ပင်လယ်ပြာရဲ့ပင်လယ်ရောင်မျက်လုံးတွေက သူ့ဆီမှာ..။အိမ်မက်များမက်နေတာလား Jungwon ကိုယ့်ဘာကိုဆွဲဆိတ်ကြည့်တယ်။အသားနာသွားတာမို့လို့ အိမ်မက်မဟုတ်မှန်းသိပေမဲ့လည်း ထပ်ပြီးဆွဲဆိတ်ကြည့်တယ်။

ပင်လယ်ပြာကသူ့နားဝင်ထိုင်ကာ ဆွဲဆိတ်နေတဲ့သူ့လက်ကို လှမ်းဆွဲသည်။

"ဘာလို့ ဆွဲဆိတ်နေတာလဲ"

"..."

"ဟိုဘက်က ရေခဲမုန့်ကငါ့အတွက်လား ပေးလေ"

"..."

"ဟော အရိပ်တင်မဟုတ်ဘဲအကောင်လိုက်ကြီးပြတာတောင် ဘာလို့ဒီလောက်တောင် တုံးရတာလဲ Yang Jungwon ရဲ့"

ပင်လယ်ပြာက သူ့နာမည်ကိုသိတယ်။ဒီလောက်ဆို သေလို့ရပြီ။

"ငါလည်း မင်းကိုချစ်တာမို့လို့ ထပ်ပြီးပုန်းမနေနဲ့တော့"

ပင်လယ်ပြာရဲ့စကားကြောင့် သူ့မှာပိုပြီးသတိလွတ်သွားတယ်။ပင်လယ်ပြာက သူ့ကိုချစ်တယ်တဲ့လား။နောက်ဆုံးတော့ ပင်လယ်ရောင်မျက်လုံးတွေက သူ့ဆီကျရောက်လာခဲ့ပြီ။

ဘယ်လိုမြှားနတ်မောင်ကများ ပင်လယ်ကိုသူ့ဆီလွှတ်လိုက်တာလဲ။လွှတ်လိုက်တဲ့မြှားနတ်မောင်ကို ကျေးဇူးတင်လိုက်တာ။

မြှားနတ်မောင်တဖြစ်လဲ Yang Jungwon ရဲ့အစ်ကိုဝမ်းကွဲ Jay ကတော့ သူတို့ကိုအကွယ်က‌ေန ပြောင်းဖူးစားရင်းချောင်းကြည့်နေတာ ဘယ်သူမှမသိကြ။

•°•°•°•°•°•°•

YANGSUN DONE!!

ဝီလို့ရဲ့ YangSun Otp ပထမဆုံးရေးခြင်းမို့ အရေးအသားလိုသွားရင် ခွင့်လွှတ်ပြီးဖတ်သွားကြပါလို့

Next - SunSun ပါ

#ဝီလိုကင်မ်

𝖤𝖭𝖧𝖸𝖯𝖤𝖭 𝖮𝗇𝖾𝖲𝗁𝗈𝗍 𝖢𝗈𝗅𝗅𝖾𝖼𝗍𝗂𝗈𝗇Where stories live. Discover now