CARNATION | JayHoon

247 17 0
                                    

"မင်းရဲ့ carnation ပန်းလေးဖြစ်ခွင့်ရမလား Jay"

"..."

"ကိုယ်က မင်းအကြိုက်နှစ်သက်ဆုံးပန်းနဲ့ မင်းကိုလက်ထပ်ခွင့်တောင်းမှာမို့ ကိုယ့်ကိုစောင့်ပေးနိုင်မလား Jay"

"..."

•••••

သုံးနှစ်..။သူထွက်သွားတာ သုံးနှစ်ပြည့်ပြီ။ကိုယ့်ကိုစောင့်ပေးပါလို့ပြောပြီးထွက်သွားတာ။

အခုဆို တခြားနေရာမှာချစ်ရသူအသစ်တွေ့နေပြီလား။လက်ထပ်သွားပြီလား သူမသိ။သူသိတာတစ်ခုတည်း သူပြောသလိုစောင့်နေရုံသာ။

"မင်း အခုဆိုဘာလုပ်နေလောက်မလဲ?"

"ငါ့ကိုများ လွမ်းနေလောက်မလား?"

ဟက် Jay ရာမဖြစ်နိုင်တာတွေမျှော်လင့်နေတာဘဲ။Sunghoon ကမင်းကို ဘယ်လိုလုပ်လွမ်းနေနိုင်မှာလဲ။ဩစီမှာနေပြီး ချစ်ရသူတွေ့ရင်တောင်တွေ့နေလောက်မှာ။

"Jay ငါအပြင်သွားမို့လိုက်ခဲ့ပါအုံး"

"မလိုက်တော့ဘူး Heeseung မင်းဘာ့မင်းသွားလိုက်တော့"

"ဟာ မရဘူးလေ လိုက်ခဲ့ပါလို့ နော်နော်"

"မင်းကောင်လေးမဟုတ်ဘူး လာချွဲမနေနဲ့ Lee Heeseung "

"ဘာဖြစ်လဲ"

Lee Heeseung ကအမှန်တော့ Jay သူငယ်ချင်းမဟုတ်ဘူး။Sunghoon သူငယ်ချင်း။ ချစ်ရသူထွက်သွားတော့မှ သူနဲ့ခင်သွားတယ်လို့ပြောရမှာပေါ့။

အခုလည်း သူ့ကောင်လေးမအားလို့ မုန့်သွားစားဖို့အတွက် Jay ကိုအဖော်ခေါ်နေမှန်းသိသာသည်။မလိုက်ရင် Lee Heeseung ရဲ့ချွဲပလဲနေတဲ့အသံနဲ့ သူ့ရည်စားဆီမှာ တိုင်ပြောခံရမယ်။

အကျီလဲပြီး Lee Heeseung ခေါ်တဲ့နောက်လိုက်သွားတော့ နာမည်ကြီးနေတဲ့စားသောက်ဆိုင်တစ်ခု။အရှေ့ကခပ်တည်တည်နဲ့ဝင်သွားတော့ Jay လည်းကြောင်တောင်တောင်နဲ့လိုက်ဝင်သွားရ၏။

ကောင်တာကဝန်ထမ်းမလေးကို သွားတွေဖြဲပြပြီး နာမည်တစ်ခုပြောပြန်သည်။ဟိုဝန်ထမ်းမလေးကလည်း မကျတဲ့ဆံပင်တွေသပ်နေတာ စိတ်လေစရာ။

အခန်းတစ်ခုဆီရောက်တော့ Lee Heeseung ဆိုတဲ့သကောင့်သားက သန့်စင်ခန်းသွားချင်နေပြီ မင်းအရင်ဝင်သွားလိုက်လို့ဆိုပြီး ပြေးထွက်သွားရော ဖမ်းလို့တောင်မမှီလိုက်ဘူး။

မြို့ပြရှုခင်းတွေကိုကြည့်နေတဲ့ သူ့ကိုနောက်ကျောပေးထားတဲ့ လူတစ်ယောက်ကြောင့် အခန်းများမှားဝင်သလားဆိုပြီး အခန်းနံပါတ်ပြေးကြည့်ရသေးသည်။

ကျောပေးထားတဲ့နောက်ကျောပိုင်ရှင်က တဖြည်းဖြည်းနဲ့သူ့ဆီလှည့်လာသည်။တွေ့လိုက်ရတဲ့မျက်နှာပိုင်ရှင်ကြောင့် Jay မှာစိတ်ဝိဉာဉ်လွင့်သွားသလား ခံစားလိုက်ရသည်။

"Sunghoon?"

"Jay ကိုယ်ပြန်လာပြီ"

"ငါ ငါ မင်းကိုမတွေ့ရတော့ဘူးတောင်ထင်ထားတာ"

"ကိုယ့်အမှားပါ ကိုယ်မင်းဆီပြန်လာပြီး မင်းရဲ့ carnation ပန်းလေးဖြစ်ဖို့အတွက် အလုပ်ကြိုးစားနေတာကြာသွားလို့ပါ"

"မင်း ထပ်မထွက်သွားရတော့ဘူးနော်"

"မင်းအလိုကျပါ Jay"

•••••••

JAYHOON Done!!

ကဲ ဝီလိုစာသွားလုပ်ပြီနော် တာ့တာ

#ဝီလိုကင်မ်

𝖤𝖭𝖧𝖸𝖯𝖤𝖭 𝖮𝗇𝖾𝖲𝗁𝗈𝗍 𝖢𝗈𝗅𝗅𝖾𝖼𝗍𝗂𝗈𝗇Where stories live. Discover now