Dazzle Me! | SunSun

211 35 0
                                    

Song recommend

- DAZZLE DAZZLE by Weki Meki

•°•°•°•°•°•°•°•

Sunghoon တစ်ယောက် မနက်ကတည်းက ဘူနေတာအမှန်ပင်။ဘာကိုဘူလို့ဘူမှန်းမသိ ဘူနေတာမို့လို့ ခေါင်းကလည်းသိပ်မကြည်။ကျောင်းမတက်ချင်ဘူးဆိုပေမဲ့ ဘာလို့ကျောင်းလာနေမိမှန်းလည်းမသိ။။

ကျောင်းကိုရောက်တော့ သူ့ကိုနှုတ်ဆက်တတ်တဲ့ကျောင်းစောင့်ဦးလေးကြီးကိုလည်း ပြန်မနှုတ်ဆက်မိ။အတန်းဖော်တွေလှမ်းပြောတာကိုလည်း ပြန်မပြောမိ။ဝိဉာဉ်မရှိတဲ့သူလိုမျိုးသာ အခန်းထဲထိလျှောက်လာခဲ့သည်။

ထိုင်ခုံမှာဝင်ထိုင်တဲ့ထိ သူ့မှာအသိစိတ်မကပ်သေးပေ။

"ဟေ့ကောင် Park Sunghoon ငြူငြူငိုင်ငိုင်နဲ့ဘာလုပ်နေတာလဲ Sunoo ရော"

Sim Jaeyun ရဲ့အောင်မြင်လှတဲ့အသံကြားမှ အသိဝင်လာ၏။Sunoo က သူ့ချစ်သူလေးလေ။

အထက်တန်းပထမနှစ်ကတည်းကတွဲတာ အခုဆိုအထက်တန်းတတိယနှစ်တောင်ရှိပြီ။Sunoo က တစ်ခုခုဆိုအရမ်းစိတ်ကောက်တတ်ပြီး သဝန်တိုတတ်တယ်။

သူဘာလို့အသိမဝင်တာလဲဆိုတဲ့အဖြေကို သူသိပြီ။ဒီနေ့ ‌အသိအမတစ်ယောက်နဲ့စကားပြောတာကို Sunoo မြင်သွားတယ်လေ။အရင်ကဆို ပြဿနာရှာတယ်ဆိုပေမဲ့ ဒီနေ့ကျတော့ ဘာတခွန်းမှမပြောဘဲ ကျောင်းကိုအရင်ထွက်သွားသည်။

မျက်စောင်းတစ်ချက်တောင်မထိုးသွားဘူး။

"မဟုတ်မှ Sunoo နဲ့ရန်ဖြစ်ထားတာလေ ခုနက Sunoo ငိုနေတာတွေ့လိုက်တယ်"

"ဘာ Sunoo ငိုနေတယ်ဟုတ်လား"

"အေးလေ မင်းမသိဘူးလား basketball ဆော့နေတဲ့ Heeseung hyung ကို‌ေဆာ့‌ေနတာရပ်ခိုင်းပြီးငိုရင်း ကိုကိုက ကျွန်တော့်ကိုမချစ်တော့ဘူးဆိုပြီး ငိုနေတာလေ"

"မင်းဘယ်လိုသိတာလဲ"

"ငါက မင်းအကိုဝမ်းကွဲကိုသွားပိုးပန်းနေတဲ့သူဆိုတာ မေ့သွားတာလား"

Sumghoon ဝုန်းခနဲမြည်အောင် ထလိုက်ပြီး Sunoo ရှိရာဆီသုတ်ခြေတင်တော့သည်။Sunoo ကငဂျစ်လေး သူ့ကိုသာပြဿနာမရှာတာ သူ့အကိုဝမ်းကွဲကိုတော့ ရအောင်သွားတိုင်သေးသည်။

𝖤𝖭𝖧𝖸𝖯𝖤𝖭 𝖮𝗇𝖾𝖲𝗁𝗈𝗍 𝖢𝗈𝗅𝗅𝖾𝖼𝗍𝗂𝗈𝗇Where stories live. Discover now