月の雰囲気 | HeeJay

312 25 0
                                    

လမင်းရဲ့အငွေ့အသက်က အေးချမ်းတယ် ငြိမ်ဆိတ်တယ် လွမ်းမောဖွယ်ကောင်းတယ်

ပြောရရင် သူ့မှာ လမင်းအငွေ့အသက်နဲ့တူတဲ့ လူတစ်ယောက်ရှိတယ်။အခြားသူမဟုတ်ပါဘူး ဂျုံဆောင်းကိုယ်တိုင်ရဲ့ချစ်သူပါဘဲ

စကားကိုလည်း လိုသာထက်ပိုမပြောလို့ သူတို့ချစ်သူသက်တမ်း ၄ နှစ်မှာ ရန်ဖြစ်ရတာ အခေါက်ပေါင်းမနည်း

အရမ်းတိတ်ဆိတ်ပြီး ပန်းချီနဲ့ဂီတ ကလွဲလို့ဘာမှစိတ်မဝင်စားတဲ့ရည်စားကိုတော်ထားရတာ ဂျုံဆောင်းအတွက် ဝမ်းနည်းခြင်းလား ဝမ်းသာခြင်းလားမသိ

အခုလည်း anni day မို့ဂျုံဆောင်းမှာ ကုမ္ပဏီက စောစောပြန်လာပြီး ပြင်ဆင်ပေမဲ့ သူ့ချစ်သူ လမင်းအငွေ့အသက်တူတဲ့ အီဟီဆွန်းဟာ သူ့ရဲ့အလုပ်စားပွဲကနေ မထဘဲပန်းချီကိုသာ စိတ်နှစ်ပြီး ဆွဲနေလေရဲ့။

"ကိုကို...ကျွန်တော်ပြန်ရောက်နေပြီနော်"

ဂျုံဆောင်း နှုတ်ခမ်းကိုတစ်တောင်လောက်ဆူကာ ချစ်စဖွယ် ခြေဆောင့်ပြောနေပေမယ့်လည်း အီဟီဆွန်းကတော့ လှည့်ကိုမကြည့်လာဘဲ *အင်း*လို့သာ အသံပြုကာ ပန်းချီကိုသာစိတ်ဝင်စားဖွယ် ဆွဲနေသည်။

ဂျုံဆောင်းဆက်ပြောလည်း "အင်း"သာထွက်လာမှာသိသဖြင့် ဘာမှဆက်မပြောဘဲ လုပ်စရာရှိတာသာ လုပ်တော့သည်။

Anni day မို့လို့ မပါမဖြစ်က ကိတ်မုန့်နဲ့ဝိုင်ဘဲ အီဟီဆွန်း အကြိုက်ဆုံး ဘလူးဘယ်ရီဝိုင်ပုလင်းကို သွားယူပြီး စားပွဲပေါ်တင်ကာ ဟီဆွန်းရှိရာ အလုပ်စားပွဲသို့ထွက်လာခဲ့သည်။

"ကိုကို ကျွန်တော်တို့အဆင်သင့်..."

"ကိုကို!"

သူရောက်သွားတော့ အီဟီဆွန်းကမရှိတော့ ဂျုံဆောင်း အိမ်ပေါ်အိမ်အောက်နှံ့အောင်ရှာတာလည်း မတွေ့

အခန်းထဲသွားပြီ ဘီရိုဖွင့်ကြည့်တော့ ကိုကို့ရဲ့အဝတ်အစားတွေက တစ်ခုမှပုံမပျက်

ရဲစခန်းသွားတိုင်ဖို့ကျ ၂၄ နာရီပြည့်ဖို့နေနေသာသာ ငါးမိနစ်တောင် မပြည့်သေး။

"ကိုကို ဘယ်ရောက်သွားတာလဲ"

"ကိုကိုရေ ကျွန်တော့်ကိုမစပါနဲ့တော့နော်"

"ကိုကို ထွက်လာခဲ့ပါတော့"

"ကိုကိုရေ!"

သေချာပြီ ကိုကိုသူ့ကိုထားခဲ့ပြီ..။

ကိုကို သူ့ကိုမုန်းသွားပြီထင်တယ် နေရာတကာ လိုက်ချုပ်ချယ်တတ်တဲ့သူ့ကို အချက်မပေးဘဲတောင် ထွက်သွားပြီ...။

လမင်းရဲ့အေးစက်ခြင်းလိုမျိုး ကိုကိုက အေးစက်စွာ သူ့ကိုထားခဲ့ပြီ..။

"ကိုကို ကျွန်တော် ဘာများလုပ်မိလို့ ကျွန်တော့်ကိုထားသွားရတာလဲ"

"ကိုကို့ကို ဘာများစိတ်ဆိုးခဲ့လို့ မုန်းသွားရတာလဲ"

"ကျွန်တော် မချုပ်ချယ်တော့မှာမို့လို့ ကိုကိုပြန်လာခဲ့ပါနော်.."

"ကိုကို"

"ဂျုံငယ်.."

"ဟင်..ကိုကို!"

"ဘာလို့ ငိုနေရတာလဲ အာပေတူးလေး ကိုကိုပျောက်သွားလို့လား ဒါဆိုတောင်းပန်ပါတယ်နော် ကိုကိုက ဂျုံငယ်ကြိုက်တဲ့ ပြောင်းဖူးပြုတ်သည်ဖြတ်သွားတာတွေ့လို့ ဂျုံငယ့်ကိုမပြောမိဘဲ သွားဝယ်တာ.."

"ဟင့်...ကိုကိုရာ ကျွန်တော်က တကယ်ထွက်သွားပြီထင်တာ"

"ကိုကိုက ပြောင်းဖူးကြိုက်တဲ့ဂျုံငယ့်ကို ဘာလို့ထားသွားရမှာလဲ ပြီးတော့ ကိုကိုကတောင်းပန်ပါတယ်နော် အရေးကြီးဆုံးပန်းချီမို့လို့ ဂျုံငယ့်ကိုတောင် စကားမပြောဘဲပစ်ထားမိတာ ပြီးတော့ Happy 4 years anniversary ပါ ကိုကို့ပြောင်းဖူးလေး ရော့ ပြောင်းဖူး"

"ကျွန်တော်လည်းတူတူပါဘဲ ကိုကိုရာ"

လမင်း၏အေးစက်ခြင်းနဲ့တူ‌သည့် အေးမျှခြင်းမျိုး ကိုကို့မှာရှိသည်။ကိုကိုသာအနားရှိရင် သူ့စိတ်တွေက အေးမျှကြည်လင်သည်။

လမင်း၏အငွေ့အသက်နဲ့များစွာတူသည့် ကိုကိုဟီဆွန်းအား ဂျုံဆောင်း အသက်ထက်ဆုံးချစ်ပါသည်။

-----------------月の雰囲気

HEEJAY DONE!!

月の雰囲気 က လမင်း၏အငွေ့အသက်လို့ အဓိပ္ပာယ်ရပါတယ်ဗျ

#ဝီလိုကင်မ်

𝖤𝖭𝖧𝖸𝖯𝖤𝖭 𝖮𝗇𝖾𝖲𝗁𝗈𝗍 𝖢𝗈𝗅𝗅𝖾𝖼𝗍𝗂𝗈𝗇Where stories live. Discover now