QUITE | HeeSun

271 19 0
                                    


သူက တိတ်ဆိတ်တာကိုကြိုက်တဲ့သူ။

အဲ့လိုဘဲ သူ‌ေပါင်းခဲ့တဲ့သူငယ်ချင်းတွေကလည်း တိတ်ဆိတ်တဲ့သူတွေချည်းဘဲ။

ဒါပေမဲ့ အခုတလော သူ့ကိုမတိတ်ဆိတ်အောင် လုပ်နေတဲ့ကောင်လေးတစ်ယောက်ရှိတယ်။

အဲ့ကောင်လေးနာမည်က ကင်မ်ဆောနူတဲ့..။

အမြဲတမ်းပြုံးပြီး ရယ်မောနေတဲ့ကောင်လေးပေါ့၊သူ့နားရှိနေရင် အလိုလိုပြုံးလာတဲ့စကားက သူ့လိုတိတ်ဆိတ်တဲ့သူနဲ့ကျမဟုတ်လို့ အဲ့ကောင်လေးက သူ့ကိုစိတ်ကောက်ရတာအမော။

ပြီးရင် အဲ့ကောင်လေးကသူ့ဘာသူပြန်ချော့ပြီး သူ့ကိုလာစကားပြောသည်။သူကတော့ ဘယ်တုန်းကမှ သွားမချော့ခဲ့ပါဘူး ချော့ဖို့ကလည်း ရည်းစားလည်းမဟုတ် ဒီအတိုင်း အသိဂျူနီယာလေးလေ။

ဆောနူဘက်ကတော့ သူ့ကိုစီနီယာထက်ပိုနေတာလည်း သူသိသည်။ဒါကြောင့်မို့ သူကိုယ်တိုင်ဘဲစည်းတွေတားပြီး ဆောနူကို ဆက်ဆံခဲ့တာ။

အဲ့ကောင်လေးလို ပျော်ပျော်နေတတ်တဲ့သူက သူ့လိုတိတ်ဆိတ်ပြီး တစ်နာရီနေမှစကားတစ်ခွန်းပြောတဲ့သူကို အချိန်အကြာကြီးကြည်ဖြူပါ့မလား။

"စီနီယာ နည်းနည်းလောက်ဖြစ်ဖြစ် ကျွန်တော့်ကိုစကားလေးပြန်ပြောပါလား"

"..."

သူတို့အခု POCO ဆိုတဲ့ cafe လေးမှာထိုင်နေကြတာ။သူ့အတွက်ကတော့ ဒီတိုင်းဂျူနီယာလေးနဲ့တိုက်ဆိုင်ပြီးဆုံတယ်လို့တွေးခဲ့ပေမဲ့ ဆောနူအတွက်တော့ ဒိတ်မမည်တဲ့ဒိတ်လေးတစ်ခုပေါ့။

POCO ဆိုတဲ့ဆိုင်လေးက နာမည်ကလည်းဆန်းသလို ဆိုင်ကလည်းဆန်းပြားစွာ လှပသည်။သူ့လို introvert တွေအတွက်လည်း စာကြည့်တိုက်လေးလည်း ဆိုင်အတွင်းရှိသည်။

"အစ်ကို ကျွန်တော့်ကိုတကယ် သဘောမကျဘူးလားဟင်"

"..."

"ကျွန်တော်က စကားတွေအများကြီးပြောလို့ အစ်ကိုသဘောမကျတာလား ဒါမှမဟုတ် အမြဲတမ်းပြုံးနေလို့လား"

"..."

"တစ်ခုခုပြောပါ အစ်ကို အဲ့ဒါမှကျွန်တော် အစ်ကို့အကြိုက်တွေအဖြစ် ပြင်လို့ရမှာ"

𝖤𝖭𝖧𝖸𝖯𝖤𝖭 𝖮𝗇𝖾𝖲𝗁𝗈𝗍 𝖢𝗈𝗅𝗅𝖾𝖼𝗍𝗂𝗈𝗇Where stories live. Discover now