愛の兆候 | HeeKi

210 20 2
                                    

အချစ်ဆိုတာကဘာလဲလို့မေးရင် နီခီ့အတွက်ကတော့ ခေါင်းရှုပ်စရာလို့ခေါင်းစဉ်တပ်ရမည့် လက္ခဏာ။

လူတိုင်းက ဘာလို့အချစ်ကိုယုံကြည်ကြတာလဲ?
ကိုးကွယ်ကြတာလဲ.

ပြီးရင် သူတို့ဘဲ ရင်ကွဲ ငိုယို အချစ်ကသစ္စာမရှိဘူးလို့ဘဲပြောကြတာမလား။ဒါဆို ဘာလို့များချစ်နေကြသေးလဲ စိတ်ရှုပ်ဖို့ကောင်းအောင်

အချစ်က စိတ်ရှုပ်ဖို့ကောင်းတယ်လို့ပြောလိုက်ရင် သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ ရေခဲတုံးပတ်ခ်ဆောင်းဟွန်းဆီက တွေ့ရာနဲ့ကောက်ပေါက်ခံရသေးတယ်။သူ့ဘဝက ပြောချင်တာတောင် လွတ်လွတ်လပ်လပ်ပြောလို့မရတဲ့ဘဝ။

ရေခဲတုံးက ရေသာခဲတာ သူ့ရည်းစား ကင်မ်ဆောနူနဲ့တွေ့ရင် ပျော်ကျသွားတာများ အငွေ့တောင်ရှာလို့မရတော့။ချက်ချင်းကိုပျော်ကျသွားတာများ အမြင်ကတ်စရာကောင်းလိုက်တာ

ဟုတ်တယ် နီခီက အများပြောကြတဲ့ anti-romantic တစ်ယောက်။သူ့ကိုချစ်ကြောင်း လာဖွင့်ပြောရင် သူပြန်ဖွင့်ပြမှာက TXT ရဲ့ Anti-Romantic သီချင်းဘဲ။

ဒီနေ့ကျောင်းကို စောစောထွက်လာခဲ့မိတယ်။ဘာလို့လဲဆိုတော့ အိမ်က မာမီနဲ့ရန်ဖြစ်ခဲ့မိလို့ပါ။သားဖြစ်သူက အချစ်ကိုစိတ်မဝင်စားသလောက် အမေဖြစ်သူကအချစ်ကိုစိတ်ဝင်စားသည်။နီခီ့ကိုဆို ကောင်မလေးအိမ်မခေါ်လာဘူးလား လက်မထပ်ချင်ဘူးလား အမြဲမေးသည်။သူ့သားကဖြင့် အသက်မပြည့်သေးတာကို

အခုလည်း ကိုရီးယားအချစ်ကားကြည့်ပြီး မနက်စာလုပ်ဖို့မေ့နေလို့တဲ့ အဲ့ကိစ္စကြောင့်ဘဲရန်ဖြစ်ကာ ဘာမှမစားရသေးဘဲ ကျောင်းကိုအစောကြီးထွက်လာမိတာ။

ကျောင်းရောက်တော့ ကိုယ်တစ်ယောက်တည်း။စာတော်တဲ့စာဂျပိုးတွေတောင် မရောက်ကြသေးဘူး။တစ်ယောက်တည်း ယောင်ချာချာနဲ့ကျောင်းဝန်းခုံပုလေးမှာထိုင်နေတုန်း လက်ကိုရုတ်တရက်ကြီးလာကိုင်တဲ့လူတစ်ယောက်ကြောင့် မကြည်နေတဲ့စိတ်လေးက ပိုမကြည်ကာ ပြန်ပြောရန် အပေါ်သို့အမော့ တွေ့လိုက်ရတဲ့မျက်နှာချောချောကြောင့် ပြောမယ့်စကားတွေအကုန်မေ့ကုန်သည်။

"ဟေ့ ဒီမှာ အထက်တန်းတတိယနှစ်(A) ခန်းက ဘယ်နားမှာလဲ မသိဘူး"

"..."

ထို့သူ့အသံကြားမှ နီခီအသိပြန်ဝင်မိတယ်။ဘယ်လို သောက်ရှက်ကွဲမှုကြီးလဲ လူတစ်ယောက်ကို အဲ့လောက်မငေးဖူးတာကို

"ဒီမှာ"

"အော် အထက်တန်းတတိယနှစ်(A)ခန်းလို့ပြောလိုက်တာနော် ကျွန်တော်နဲ့အခန်းတူတူဘဲ လိုက်ခဲ့ပါ"

အတန်းထဲသွားတဲ့တလျှောက်လုံး နီခီရဲ့နှလုံးသားလေးဟာ ငြိမ်ငြိမ်ကိုမနေပါ။ခုန်လွန်းလို့ ပေါက်ထွက်သွားတော့မယ်လို့တောင် ထင်မိသည်။ဒါက အရူးကောင်ပတ်ခ်ဆောင်းဟွန်းပြောတဲ့ ချစ်မိသွားရင်ပေါ်လာတတ်တဲ့ အချစ်လက္ခဏာတွေလား။

အရမ်းကိုလှပတဲ့အပြာနုရောင် ကျောင်းဆောင်ကိုနီခီဝင်တော့ အနောက်ကသူကလည်း လိုက်ဝင်လာသည်။ခြောက်ထပ်လောက်ရှိတာမို့ အထက်တန်းတတိယနှစ်(A)ခန်းသည် လေးထပ်မြောက်။

လှေကားတွေကို နီခီကျော်ခွပြီးတက်သလောက် အနောက်ကသူက ဖြေးဖြေးချင်းတစ်လှမ်းစီ လှမ်းတက်လာသည်။

ကျောင်းက ဘယ်သူမှမရှိတာမို့လို့ နီခီ သူ့နှလုံးခုန်သံကို ကြားသွားမှာဆိုးလို့ အတင်းဖုံးဖိနေရသည်။သိပ်မကြာ အတန်းရှေ့ကိုရောက်လာသည်။

"ရောက်ပြီ ဒီအခန်းဘဲ"

"အို့ ကျေးဇူးပါ ကျောင်းသားလေး ကိုယ့်နာမည် အီဟီဆွန်းပါ ဒီ(A)တန်းရဲ့အတန်းပိုင်ဆရာအဖြစ် လာရောက်လုပ်ကိုင်တာပါ"

တဆိတ် လောကကြီးရပ်တန့်သွားတယ်လို့ထင်လား။နီခီခဗျာ ခုန်နေတဲ့သူ့နှလုံးသံတွေတောင် ရပ်ပြီးတုန်တက်သွားတယ်လို့ ခံစားမိ၏။

ဆရာတစ်ယောက်နဲ့ကျောင်းသားတစ်ယောက်ချစ်ကြိုက်တယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ပုစ္ဆာတစ်ပုဒ်ဘဲ။ချစ်ကြိုက်မိသွားတဲ့သူတွေရှိကြပေမဲ့ သူတို့အားလုံးဟာ ပတ်ဝန်းကျင်ရဲ့လက်ညိုးထိုးလှောင်စရာဇာတ်လမ်းတစ်ခုဖြစ်ခဲ့တယ်။

ထိုလူ..အင်း ဆရာအီဟီဆွန်းကို အတန်းထဲလိုက်ပို့ပြီးတာနဲ့ နီခီ ကျောင်းပြင်ကိုသာခြေလှမ်းခဲ့မိ၏။

သူ့ပထမဆုံးရင်ခုန်သံသည် ဇာတ်လမ်းမစသေးခင်ကတည်းက ပြီးဆုံးသွားခဲ့လေပြီ...။

••••

HEEKI DONE !!

ဒီတစ်ခါတော့ ဝီလိုပျင်းပျင်းနဲ့ရေးခဲ့တာပါ။
愛の兆候 က အချစ်လက္ခဏာ တဲ့
သဲလေးတို့ရော အဲ့လိုပေါ်ပေါက်ဖူးကြလား?

#ဝီလိုကင်မ်

𝖤𝖭𝖧𝖸𝖯𝖤𝖭 𝖮𝗇𝖾𝖲𝗁𝗈𝗍 𝖢𝗈𝗅𝗅𝖾𝖼𝗍𝗂𝗈𝗇Where stories live. Discover now