ဒေစီပန်းများ သက်သေတည်ရာ | SunKi

386 19 0
                                    

မြို့ငယ်လေးကို ဒေစီပန်းခင်းများကဝန်းရံထားသည်မှာ တစ်နှစ်ရှိရောပေါ့။
ဘယ်သွားသွားသယ်သွားတဲ့ ဒေစီစေ့လေးတွေကိုကြည့်ရင်း နီခီပြုံးမိသည်။သူက အနုပညာလိုက်စားတဲ့လူငယ်တစ်ဦး။
ဒီမြို့ငယ်လေးကို အဖွားနေမကောင်းလို့လာလည်ရင်း သဘောကျမိကာ အဖေတို့ပြန်တော့မလိုက်ဘဲ အဖွားနဲ့နေခဲ့ခြင်း။

"နီခီ မြေးလေး နေပြင်းတယ် ဦးထုပ်ဆောင်းသွား"

"ဟုတ် ဖွားဖွား"

အိမ်အောက်ကဆင်ဝင်မှာချိတ်ထားတဲ့ ဝါးခမောက်လေးကိုဆောင်းပြီး နီခီ သူ့စိုက်ပျိုးထားတဲ့ဒေစီပန်းတွေကို လိုက်ကြည့်ဖို့ပြင်သည်။

ဒီမြို့လေးကို ဒေစီပန်းတွေဝိုင်းအောင် သူကိုယ်တိုင် အဖေ့ကိုမြေကွက်တွေဝယ်ခိုင်းပြီး ခုလိုစိုက်ခဲ့တာ။

အခုတော့ သူ့ကြိုးစားမှုအရာထင်ကာ ဒေစီပန်းများဝေဆာနေပြီဖြစ်သည်။ပျော်လိုက်တာ

အခုဆို ဒီမြို့ငယ်လေးမှာဘယ်ချိန်ကြည့်ကြည့် သူစိုက်ထားတဲ့ဒေစီပန်းတွေကို အရင်မြင်ရလိမ့်မည်။

အိမ်တံခါးဖွင့်ဖွင့်ချင်း မြင်ရမှာက သူစိုက်ခဲ့တဲ့ဒေစီပန်း

တွေ့ရာနေရာမှာ ပန်းစိုက်ထားခဲ့တော့ တစ်မြို့လုံးဒေစီပန်းများဝေဆာနေသည်။

ဘယ်သွားသွား ဒေစီစေ့ဆောင်ထားတတ်တဲ့အကျင့်ကိုဖျောက်လို့မရတော့တာ တစ်နှစ်ရှိပြီဖြစ်သည်။အဲ့အကျင့်ဘယ်ကရလဲဆိုတော့

သူတို့အိမ်ဘေးကခြံမှာ နေတဲ့ ဆောလ်နူ ဆိုတဲ့အကိုကြီးကြောင့်။ ဆောလ်နူက ဒေစီပန်းအရမ်းကြိုက်တာ

ဒေစီပန်းရှိတဲ့နေရာတိုင်း ဆောလ်နူကိုတွေ့ရတတ်သည်။

တစ်နည်းပြောရရင် ဆောလ်နူက သူ့အချစ်ဦး။အချစ်ဦးတို့ထုံးစံ သူဖွင့်ပြောတော့မယ့်အချိန်မှာ ဆောလ်နူ သူ့ရှေ့ကနေ ထွက်သွားသည်။

သူ ဆောလ်နူကိုလိုက်ရှာရင်း ဖွားဖွားရှိတဲ့နေရာမှာခြေချမိတာ။‌ဒေစီပန်းစိုက်ရတာကလည်း ဆောလ်နူကိုတွေ့ရမလားလို့ပါ

ပြောခဲ့တယ်လေ ဆောလ်နူရှိတဲ့ဒေစီရှိသလို ဒေစီရှိတဲ့နေရာ ဆောလ်နူရှိတယ်။

ရောက်လေရာတိုင်း ကျွန်တော်က ဒေစီတွေစိုက်အုံးမှာမို့ ဆောလ်နူလည်း ပြန်လာခဲ့တော့နော်

အရမ်းချစ်တယ် ဆောလ်နူ

•••••••

SUNKI DONE!!

သိပ်မကြာခင် ဒေစီပန်းများသက်သေတည်ရာ အရှည်ကိုရေးမှာပါ
အရှည်လို့သာပြောတာ Os ပါဘဲ ဒီထပ်နည်းနည်းပိုရှည်သွားယုံပါ

#ဝီလိုကင်မ်

𝖤𝖭𝖧𝖸𝖯𝖤𝖭 𝖮𝗇𝖾𝖲𝗁𝗈𝗍 𝖢𝗈𝗅𝗅𝖾𝖼𝗍𝗂𝗈𝗇Where stories live. Discover now