満月のブルームーン | YunKi

448 28 0
                                    

-unicode only-

ဒီနေ့လည်း အပြာရောင်လပြည့်ပြန်ပြီ....။

အပြာရောင်လက နှစ်သုံးဆယ်မှ တစ်ခါပွင့်တဲ့ လ...။

ရှေးလူကြီးတွေပြောကြတာတော့ အပြာရောင်လပြည့်ရင် လနတ်သားလေးက လူ့ပြည်ကိုဆင်းလာပြီး လာကစားတတ်တယ်တဲ့။ထို့အတူ ဂျယ်ယွန်းနှလုံးသားလေးက လနတ်သားလေးဆီမှာ ကစားခံလိုက်ရပြီ...။

ထိုလနတ်သားလေးက ဂျယ်ယွန်းနှလုံးသားလေးကို ဘယ်လိုအရည်ဖျော်ရမှန်းသိခဲ့ပုံရသည်။

ဂျယ်ယွန်းနှလုံးသားလေးက ထိုလနတ်သားလေးဆီကို ပါသွားသည်မှာ လွန်ခဲ့တဲ့အနှစ်သုံးဆယ် သူ့အသက် ၂၀ ကတည်းက။

အခုသူ့အသက် ၅၀ ပင်ပြည့်တော့မည်။ထိုလနတ်သားလေးကို မတွေ့ရသည်မှာလည်း နှစ် ၃၀ တောင်ရှိရောပေါ့

ထိုနတ်သားလေးကကော ဘာတွေများလုပ်နေမလဲ။ သူ့ကိုကတိပေးခဲ့သလို ပြန်တော့လာမယ်မလားဟင်။

သူ့နတ်သားလေးမှာ ကိုယ်ပိုင်နာမည်ရှိတယ်တဲ့။သူတို့ရဲ့ကိုယ်ပိုင်နာမည်ကို မြတ်နိုးသူထံဘဲဖွင့်ပြောကြတယ်တဲ့။

သူ့လမင်းပြာနာမည်က "နီခီ"တဲ့...။

ကျောလယ်လောက်ရှိမယ့် ငွေမင်ရောင်ဆံနွယ်တွေကို ဖဲကြိုးပြာနဲ့ခပ်မြင့်မြင့်စီးနှောင်ထားပြီး အဖြူရောင် နန်းတွင်းဝတ်စုံကိုဝတ်ဆင်ထားကာ ထိုပုံစံမျိုးနဲ့ သူ့လမင်းငယ်ကို ဂျယ်ယွန်းစဆုံခဲ့သည်။

ဆုံတွေ့ပြီး နှစ်လလောက်ကြာတော့ ဂျယ်ယွန်းတို့ ချစ်မိကြသည်။ပြီးတော့ ဂျယ်ယွန်းတို့ကို ကောင်းကင်ကလူတွေက ခွဲခွာခဲ့ကြသည်။

"လူသားတစ်ဦးနဲ့လမင်းကို စောင့်ရှောက်ရတဲ့သင်လို လနတ်သားနဲ့က ပေါင်းဖက်လို့မရဘူး"

"ပြီးတော့ လက သင်မရှိရင် ဆက်မထွန်းလင်းနိုင်တာကို သတိရပါ လနတ်သား!"

လို့ပြောပြီး သူတို့ကိုကောင်းကင်နတ်မင်းကြီးက မယုံကြည်နိုင်စွာ ခွဲခွာခဲ့သည်။

သူနဲ့လမင်းပြာ မခွဲခင်တုန်းက လမင်းပြာက သူ့ဆီက ကတိတစ်ခုတောင်းခဲ့သည်။

"ကျွန်တော်ပြန်လာခဲ့မှာမို့ ကျွန်တော်ပြန်လာသည့်အချိန်ထိ ကျွန်တော့်ကိုစောင့်နိုင်မလား ဂျယ်ယွန်း"

"အင်း ကိုယ်စောင့်ပေးနိုင်တယ် မင်းသာပြန်လာခဲ့ပေး"

"ချစ်တယ် ဂျယ်ယွန်း"

"ကိုယ်က ပိုတာပေါ့ လမင်းပြာ..."

ကတိတစ်ခု..။

ထိုကတိကို ဂျယ်ယွန်းတည်ခဲ့သည်။လက်ထပ်ဖို့ကမ်းလှမ်းသမျှကို ဂျယ်ယွန်းငြင်းဆန်ခဲ့ပြီး လမင်းပြာကိုသာစောင့်ခဲ့သည်။

အခုထိလည်း ဆက်စောင့်ဆဲ..။

"ကိုယ့်နတ်သားလေးရယ် မင်းပြန်လာမလားကိုစောင့်နေရတာ ကိုယ်အိုရချည့်ရဲ့"

"ပြန်လာပါတော့ ကိုယ့်လမင်းလေးရယ်"

"ကိုယ်ကိုကတိတောင်းခဲ့သလို ကိုယ်အသက်ထက်ဆုံး စောင့်မျှော်‌ေနဆဲပါ လမင်းပြာရယ်..."

"ဂျယ်ယွန်း!!"

အသက် ၅၀ အရွယ်အဖိုးကြီးတစ်ဖြစ်လဲ ဂျယ်ယွန်းတစ်ယောက် ရင်းနှီးတဲ့အသံလေးကိုကြားလိုက်ရတာမို့လို့ နောက်ကိုလှည့်ကြည့်လိုက်တော့ တွေ့လိုက်ရတဲ့သူကြောင့် ဂျယ်ယွန်းခဗျာ မျက်ဝန်းထဲမှ အရည်များပြည့်လျှံလာသလိုခံစားရသည်။

"လမင်းပြာ..."

"အင်း...ခင်ဗျားရဲ့လမင်းပြာ ပြန်လာပါပြီ ဂျယ်ယွန်း.."

°°°°°°°°°°°°°°°満月のブルームーン

YUNKI  DONE!!

満月のブルームーン က (လမင်းပြာ)လို့အဓိပ္ပာယ်ရပါတယ်ဗျ

#ခိုင်

𝖤𝖭𝖧𝖸𝖯𝖤𝖭 𝖮𝗇𝖾𝖲𝗁𝗈𝗍 𝖢𝗈𝗅𝗅𝖾𝖼𝗍𝗂𝗈𝗇Where stories live. Discover now