Raining
မိုးတွေရွာနေပြန်ပြီ ကျွန်မရဲ့ချိုမြိန်ခြင်းလေးရယ်.......!!
အဲ့ဒီစကားကိုကြားရင် သူမပြန်ပြောမယ့်စကားကို ကျွန်မကြိုတွေးပြီးပြုံးမိရပြန်တယ်။
'ချိုမြိန်ခြင်းလေးရေ.....မိုးတွေရွာနေတယ်..........အဲ့ဒါကိုယ့်ကလေးလေးပြောနေကျစကားလုံးလေးမဟုတ်လား။မင်းလေးဟာစကားတစ်လုံးကိုတူညီနေအောင်ထပ်ခါထပ်ခါပြောတတ်တဲ့ ကလေးလေးလေ' ဆိုပြီး ရှင်ကျွန်မကိုပြောတော့မှာ မြင်ယောင်သေးတယ်။
ဒီနေ့ကျွန်မကောင်မလေးနှစ်သက်တတ်တဲ့မိုးရေစက်တွေသည်းသည်းမည်းမည်းရွာချနေတာကိုမြင်တွေ့နေရပြန်ပြီ။သူတို့က အငြိုးတကြီးကိုရွာချနေတာ။
ပုံမှန်ဆိုရင်မိုးရွာတာကိုစိတ်ထဲအရမ်းကြီးမခံစားရပေမယ့် ဒီနေ့ခံစားနေရတယ်။ဘာလို့လည်းဆိုတော့ ဒီနေ့ကျွန်မကောင်မလေးက သူမရဲ့အလုပ်ကိစ္စတွေကြောင့်ကျွန်မဘေးနားမှာရှိမနေခဲ့ဘူး။
ညနေအလုပ်ပြီးရင်အိမ်ပြန်လာမှာသိပေမယ့် အခုလောလောဆယ်တော့လွမ်းနေမိတယ်။အရမ်းလွမ်းတယ်ကောင်မလေးရယ်။ဘာလို့ဒီနေ့မှ အရင်နေ့တွေကထက်ပိုလွမ်းနေတာလဲဆိုတော့ အားလပ်ရက်တစ်ချို့ယူပြီးကျွန်မဘေးနားမှာအချိန်အကြာကြီးအတူတူရှိပြီးမှ ရှင်ကအလုပ်လုပ်ဖို့ထွက်သွားတာဆိုတော့ ပိုလွမ်းနေရတာပါ။
ကျောင်းတက်နေတဲ့ကလေးလေးတစ်ယောက်ကျောင်းရက်ရှည်ပိတ်ပြီးတဲ့အခါ ကျောင်းပြန်မတက်ချင်လို့ငိုချင်နေသလိုမျိုးခံစားရတယ်။အကြာကြီးရရှိပိုင်ဆိုင်ထားတဲ့အားလပ်ချိန်ကုန်ဆုံးသွားတဲ့ကျောင်းသားတစ်ယောက်လိုမျိုး အားလပ်ရက်တွေကိုနှမြောနေမိတယ်။ကလေးသေးသေးလေးလိုအော်ငိုပစ်ချင်တာသိလား ကောင်မလေး။
ဒါပေမယ့် အခု ညနေရောက်နေပြီ။ကျွန်မရဲ့ချိုမြိန်ခြင်းလေးအိမ်ပြန်လာတော့မှာပဲ။ရှင်ကြိုက်တတ်တဲ့ကော်ဖီခါးခါးလေးတစ်ခွက်ကိုဖျော်ရင်းရှင်ပြန်လာတာကိုမျှော်နေမိတာပေါ့။
ရှင်ပြန်လာရင် အပြေးဆီးကြိုရင်းရှင့်နှုတ်ခမ်းကို ရှင်ကြီးအမောပြေစေဖို့အနမ်းလေးတွေခြွေမယ်။ပြီးရင် ကော်ဖီသောက်နေတဲ့ ကျွန်မရဲ့ကောင်မလေးကိုတဝကြီးငေးကြည့်နေမယ်။ရှင်ကကျွန်မကိုရယ်မောနေတော့မှာပဲ။ရှင့်ရဲ့နောက်ပြောင်ကြည်စယ်ခြင်းကိုခံယူပြီး အရှက်တွေသည်းရဦးမှာပဲနော်။
ဟာ....ဘာဖြစ်ဖြစ်မသိဘူးကွာ....။'မိုးရွာနေတယ်ချိုမြိန်ခြင်းလေး....ရှင့်ကိုကျွန်မလွမ်းတယ်'အခုကျွန်မသိတာအဲ့ဒီလွမ်းဆွတ်ခြင်းတွေပဲ.....။
Avery Yint Han
YOU ARE READING
To My Girlfriend
Romanceဒီမှာရှိနေမယ့်စာမျက်နှာလေးတွေမှာကောင်မလေးတစ်ယောက်က သူရရှိပိုင်ဆိုင်ထားတဲ့ချိုမြိန်ခြင်းလေးနဲ့ပတ်သက်ပြီး နေ့ရက်တိုင်းမှာခံစားနေရတဲ့ခံစားချက်တစ်ချို့ကိုစာသားတွေအဖြစ်ချရေးထားမှာဖြစ်ပြီးသူမရဲ့ခံစားချက်တွေကို စာမျက်နှာပေါင်းများစွာရေးသားဖို့ပြင်ဆင်ထားတာပ...